နယူးကာဆယ် – မန်ချက်စတာစီးတီး
ခရာဘောင်ဖလား ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ ပွဲစဉ် တစ်ပွဲ အဖြစ် နယူးကာဆယ်က မန်ချက်စတာစီးတီးကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မန်စီးတီးနဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အပြန်အလှန် ကစားနိုင်ခဲ့တဲ့ နယူးကာဆယ် အနေနဲ့ ဒီတစ်ကြိမ် စိန့်ဂျိမ်းစ်ပါ့ခ်မှာ အိမ်ကွင်း အားသာချက်ကို အသုံးချပြီး အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်ဒီဟောင်းဝ်ရဲ့ နယူးကာဆယ်က ခရာဘောင်ဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် အသင်း ဖြစ်ပြီး မန်စီးတီးနဲ့ တွေ့ဆုံနေလို့ သေချာပေါက် ခက်ခဲဦးမှာပါ။ လက်ရှိမှာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ ငှက်ကြားတွေက ခြေစွမ်းပိုင်း အနည်းငယ် ပြန်လည် တည်ငြိမ်လာတာ တွေ့ရပါတယ်။ နောက်ပြီး နယူးကာဆယ်က အိမ်ကွင်းမှာ ဆိုရင် သူတို့ရဲ့ မာကျောတဲ့ ကစားဟန်ကို ပြသပြီး ရလဒ်ကောင်းတွေ ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိက ကစားသမား တချို့ ဒဏ်ရာရနေခြင်း နည်းပြ အက်ဒီဟောင်းဝ်ကို ရွေးချယ်စရာ နည်းပါးနေစေပြီး လုပ်ရကိုင်ရလည်း ခက်ခဲနေစေဖို့တော့ ရှိပါတယ်။

မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် သရေကျခဲ့မှုကို ပြီးခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ အိတ်စ်တာစီးတီးကို ၁၀ ဂိုးသွင်းပြီး ပေါက်ကွဲပြထားပါတယ်။ ၂၀၁၄ ကနေ ၂၀၂၁ ခုနှစ် အထိ ၈ နှစ်တာ အတွင်း ခရာဘောင်ဖလားမှာ ချန်ပီယံ ၆ ကြိမ် အထိ ဖြစ်ခဲ့တဲ့ မန်စီးတီးက ဒီဖလားနဲ့ ဝေးကွာနေတာ ၄ နှစ် ရှိပါပြီ။ ခရာဘောင်ဖလားဟာ အသင်းကြီးတွေ အတွက် second priority ပြိုင်ပွဲ ဖြစ်ပေမယ့် နောက်ပိုင်း နှစ်တွေ မှာတော့ ဆုဖလား ၁ လုံး အတွက် အားစိုက်လာကြတာ တွေ့ရပါတယ်။ အခုလည်း ဒီအဆင့်မှာ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ နယူးကာဆယ် တို့လို ထိပ်သီး ၄ သင်းပဲ ကျန်ရှိတော့ပြီး ပပ် ဂွါဒီယိုလာရဲ့ အသင်း အနေနဲ့ ကလည်း ဝေးကွာနေတဲ့ ခရာဘောင်ဖလား အောင်မြင်မှုကို ပြန်လည် ရယူချင်နေမှာ သေချာပါတယ်။ ခြေစွမ်းအရတော့ မန်စီးတီးက လက်ရှိအချိန်မှာ ပြီးပြည့်စုံနေခြင်း မရှိပေမယ့် ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲ ကိုတော့ နယူးကာဆယ် ဘက်က အီလန်ဂါ ပါဝင်ကစားဖို့ မသေချာသေးပဲ ဒန်ဘန်း၊ ခရက်ဖ်၊ ရှား၊ လက်ဆဲလ်လက်စ်၊ လစ်ဗရာမန်တို၊ အိုဆူလာတို့ ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီး ဘက်မှာတော့ ဂျွန်စတုန်းစ်၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဘော့ဘ်၊ ဒီးရာ့စ်၊ ဆာဗင်ညို တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ရမ်းစ်ဒေးလ်၊ မိုင်လီ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ တိုနာလီ၊ ဂီမာရေးစ်၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်၊ ဘန်းစ်၊ ဝစ်ဆာ
မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ နူနက်စ်၊ ကူဆာနော့ဗ်၊ အလေနီ၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ချာကီ၊ ဖိုဒန်၊ ရိုင်းဒါးစ်၊ ဒိုကု၊ ဟာလန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၃၄ ကြိမ်မှာ နယူးကာဆယ်က ၄ ကြိမ်သာ အနိုင်ရခဲ့ပြီး မန်စီးတီးက ၂၆ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ နယူးကာဆယ်က ၂ ကြိမ်နိုင်ထားပြီး မန်စီးတီး ကတော့ ၁ ကြိမ် အနိုင်ရထားပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ နယူးကာဆယ်က ၂ ကြိမ်နိုင်၊ မန်စီးတီးက ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၈၅ ဆ နီးပါး ရမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး နိုင်ရင်တော့ ၂.၁၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ မန်စီးတီး ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဒီပွဲက ကြေးဖွင့်မှုအရ အနည်းငယ် အန္တရာယ်များတဲ့ ပွဲလို့ ပြောလို့ ရပါတယ်။ နယူးကာဆယ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာဆိုရင် အထင်ကြီးလောက်စရာ ခြေစွမ်းမျိုးတွေ ပြသနေပြီး မန်စီးတီး ကတော့ ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိတာ ကြာပြီ ဖြစ်လို့ နှစ်သင်းစလုံး အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပြီး ဂိုးပေါ်လည်း ကြိုက်နေမိပါတယ်။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၂-၂ မန်ချက်စတာစီးတီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


