မန်ချက်စတာယူနိုက်တက် ၂ – ၄ လစ်ဗာပူးလ်
အခုတစ်ပတ် စူပါဆန်းဒေးမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ရှိနေပါတယ်။ ခြေစွမ်းကျဆင်းနေတဲ့ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ အကောင်းဆုံးပုံစံ ရနေတဲ့ မန်ချက်စတာယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အသာရဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ ထုံးစံအတိုင်း ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့သလို လစ်ဗာပူးလ် ကလည်း ၄-၄-၂ ကစားကွက်ကိုပဲ အသုံးပြုခဲ့ကြပါတယ်။ ယူနိုက်တက် ဘက်မှာ ဂိုးသမား အဖြစ် ဒင်းန်ဟန်ဒါဆင်၊ နောက်တန်းမှာ မက်ဂွိုင်းယား ဒဏ်ရာရနေလို့ ဘိုင်ယီနဲ့ လင်ဒီလော့ဖ်ကို တွဲပေးပြီး ဝမ်ဘစ်ဆာခါ၊ လုခ်ရှော၊ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မက်တော်မီနေး၊ ဘရူနိုဖာနန်ဒက်စ်၊ တောင်ပံနှစ်ဖက်မှာ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဘာ၊ အထောင် တိုက်စစ်နေရာမှာတော့ အက်ဒင်ဆန် ကာဗာနီပဲ ပွဲထွက်လာခဲ့ပါတယ်။ ကလော့ပ် အနေနဲ့ ဒီနေ့ပွဲမှာ မာနေးကို အနားပေးခဲ့ပြီး တိုက်စစ်မှာ ဂျိုတာ၊ မိုဆာလာ၊ ဖေမီနို၊ ကွင်းလယ်မှာ ဝစ်ဂျ်နယ်ဒမ်၊ ဖာဘင်ဟို၊ အဲလ်ကန်တာရာ၊ နောက်တန်းမှာ ရော်ဘတ်ဆန်၊ ရိုင်းဝီလီယမ်စ်၊ နေသန်နီရယ် ဖီးလစ်၊ ထရန့်အာနိုးလ်နဲ့ ဂိုးမှာတော့ အလီဆွန် ဘေကာပဲ ပွဲထွက်လာပါတယ်။ အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တာနဲ့အညီ ပွဲအစကတည်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပြီး ပွဲအစ ၁၀ မိနစ်မှာတင် ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရသွားပါတယ်။ ဖာနန်ဒက်စ်ရဲ့ အဝေးကန်ချက်ဟာ လစ်ဗာပူးလ် နောက်ခံလူ နေသန်နီရယ် ဖီးလစ်နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားတာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ချေပဂိုးရဖို့ ကစားအား ထပ်တင်လာခဲ့တဲ့ လစ်ဗာပူးလ် တို့ အချိန်အဆက် ပိုမိလာပြီး ပွဲချိန် ၃၄ မိနစ်မှာ နေသန်နီရယ် ဖီးလစ် ဂိုးထဲလှမ်းကန်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဒီယိုဂို ဂျိုတာက နောက်ပေါက်လေးနဲ့ လမ်းကြောင်း ပြောင်းပေးပြီး သွင်းယူသွားခဲ့လို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ တစ်ဂိုးစီ သရေကျနေပြီး နောက်မှာလည်း ဧည့်သည် လစ်ဗာပူးလ်တို့ကပဲ ဂျိုတာ၊ ဖေမီနို၊ မိုဆာလာ၊ သီယာဂိုတို့ရဲ့ တွဲလုံးတွေနဲ့ ယူနိုက်တက် ဂိုးပေါက်ကို အကြိမ်ကြိမ် ထိုးဖောက်ခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ် မှာတော့ အာနိုးလ် ရဲ့ အလွတ်တည်ကန်ဘော ကနေ ဖေမီနိုက ပြေးဝင် ခေါင်းတိုက် သွင်းယူပေးခဲ့လို့ လစ်ဗာပူးလ်တို့ ပထမပိုင်းအပြီးမှာ ၁-၂ နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း အထနှေးနေတဲ့ ယူနိုက်တက်ကို လစ်ဗာပူးလ်တို့ အခွင့်ကောင်းယူနိုင်ခဲ့ပြီး အာနိုးလ်ရဲ့ ကန်ချက်ကို ဂိုးသမား ဒင်းန်ဟန်ဒါဆင် ပုတ်ထုတ်ခဲ့ပေမယ့် ဖေမီနိုက ထပ်မံ ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၁-၃ နဲ့ ရှုံးနိမ့်နေတဲ့ နောက်မှာတော့ ဆိုးလ်ရှား အနေနဲ့ ကစားကွက် အပြောင်းအလဲ ပြုလုပ်ပါတယ်။ ဒီနေ့ပွဲမှာ ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့ ဖရက်ဒ် အစား မေဆင်ဂရင်းဝုဒ် ကိုထည့်ပြီး ပေါ့ဘာကို ကွင်းလယ်မှာ ဆင်းကစားစေခဲ့ပါတယ်။ ဂရင်းဝုဒ် ဝင်လာပြီးတဲ့နောက် ယူနိုက်တက်တို့ ကစားပုံ တိုးတက်လာခဲ့ပြီး ၆၈ မိနှစ်မှာ ဒုတိယချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ကာဗာနီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးပြီး ထောင့်ဖြတ်အနေအထား ကနေ မြေလှိမ့်ဘောနဲ့ အဆုံးသတ်သွားတာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ ချေပဂိုး ထပ်ရဖို့အတွက် ယူနိုက်တက်တို့ တစ်သင်းလုံး တက်ပြီး ဖိထားရာ ကနေ နာကျင်အချိန်ပို ၂ မိနစ် မှာတော့ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် မိုဟာမက်ဆာလာက တဟုန်ထိုး ဆွဲပြေးပြီး ဟန်ဒါဆင်ရဲ့ ညာဘက်ကို ဝေ့ဝိုက် ကန်သွင်းယူပေးခဲ့လို့ လစ်ဗာပူးလ်တို့ အနိုင် သေချာသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီနေ့ပွဲမှာ ယူနိုက်တက် အတွက် အဓိက ပြောစရာ တစ်ချက်ပဲ ရှိပါတယ်။ ခံစစ်ပြသနာပါပဲ။ ဟယ်ရီမက်ဂွိုင်းယား ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဘိုင်ယီ ဝင်ကစားပေမယ့် လင်ဒီလော့ဖ်နဲ့ ဘယ်လိုမှ အတွဲအဖက် မမိခဲ့လို့ ခံစစ်က ဂိုးတွေ တောက်လျောက် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ခံစစ်က ဘယ်လောက်အထိ ဆိုးရွားခဲ့သလဲဆိုရင် နောက်ဆုံး ၁၅ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးနေခဲ့တဲ့ ရော်ဘတ်တို ဖေမီနိုတောင် ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယီဟာ တစ်ချိန်ဟာ ယူနိုက်တက် ခံစစ်မှာ ပုံစံကောင်းတစ်ခုနဲ့အတူ အမြဲမြင်တွေ့ခဲ့ရပေမယ် ဒဏ်ရာပြသနာတွေ မကြာခဏ ကြုံခဲ့ရချိန်မှာတော့ အားကိုးလို့မရတော့တဲ့ ခံစစ်မှူးတစ်ဦး ဖြစ်သွားခဲ့ပါတယ်။ ကွင်းလယ်က ဖရက်ဒ်နဲ့ မက်တော်မီနေး တို့လည်း ဒီနေ့ပွဲမှာ လစ်ဗာပူးလ် တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သလို တိုက်စစ်အတွက် ချိတ်ဆက်မှု အပိုင်းမှာလည်း အားနည်းခဲ့ပါတယ်။ ယူနိုက်တက်တို့ ပွဲအစပိုင်းနဲ့ ဂရင်းဝုဒ် ဝင်လာတဲ့ အချိန်မှာ ပုံစံကောင်းရခဲ့ပေမယ့် ကျန်ပွဲချိန် တော်တော်များများ လစ်ဗာပူးလ်ရဲ့ ကစားကွက် အောက်မှာပဲ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲဟာ ဆိုးလ်ရှားနဲ့ ယူနိုက်တက် အတွက် ဂုဏ်သိက္ခာနဲ့ အစဉ်အလာအရသာ အရေးပါခဲ့ပေမယ့် လစ်ဗာပူးလ် အတွက်ကတော့ နည်းပြ ဂျာဂျင်ကလော့ပ် အတွက် သာမက အသင်းရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အရေးပါခဲ့ပါတယ်။ ဂျာဂျင်ကလော့ပ် အနေနဲ့ လစ်ဗာပူးလ်ကို စတင်ကိုင်တွယ်ချိန်ကစလို့ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ကွင်း အိုးထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပြီး လက်စတာစီးတီးကို ၄ မှတ်အထိ ဖြတ်ထားနိုင်တာ တွေ့ရပါတယ်။ လစ်ဗာပူးလ် ကတော့ အခုနိုင်ပွဲကြောင့် ရမှတ် ၆၀ ရရှိထားပြီး ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ၄ မှတ်သာ ကွာဟပါတော့တယ်။
လာမယ့်ပွဲစဉ်များ
မန်ချက်စတာယူနိုက်တက်တို့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ဖူလ်ဟမ်နဲ့ ကစားဖို့ ရှိပြီး လစ်ဗာပူးလ်ကတော့ ဝက်စ်ဘရွန်းနဲ့ မေလ ၁၆ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.