နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဖီးလ်မှာ အက်စတွန်ဗီလာကို ရှုံးကြွေးပြန်ဆပ်မယ့် လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လစ်ဗာပူးလ် – အက်စတွန်ဗီလာ

အခုတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ ရှိနေပြီး လစ်ဗာပူးလ်တို့ အက်စတွန်ဗီလာကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမ အကျော့ ဗီလာပါ့ခ်မှာ ၇-၂ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ရှုံးကြွေးကို ပြန်ဆပ်ရမယ့် အပြင် ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး အမှားခံလို့ မရတဲ့ အခြေအနေမို့လို့ လစ်ဗာပူးလ်တို့ ကျိန်းသေပေါက် အားထည့်ကစားလာမှာပါ။

လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် မှာ တောက်လျောက် ရလဒ်ဆိုးနေခဲ့တာကို ဝုဗ်နဲ့ ပွဲမှာ အနိုင်ယူပြီး ရုန်းထွက်ပြခဲ့သလို အာဆင်နယ် ကိုလည်း အဝေးကွင်းမှာ ၃ ဂိုးပြတ်သွင်းပြီး ပုံစံကောင်းတစ်ခု ပြန်ရနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရီးရဲယ်မက်ဒရစ်ကို ၃-၁နဲ့ ရှုံးနိမ့်ထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် လစ်ဗာပူးလ်တို့ အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၃ မှတ်သာ ကွာဟနေလို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က ရှင်သန်နေတုန်းပါပဲ။ အဓိက အားနည်းချက် ကတော့ ရာသီအစ ဗန်ဒိုက်ချ် ဒဏ်ရာရပြီး ကတည်းက ပေါက်ပြဲသွားတဲ့ ခံစစ်ပိုင်း ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကာဘက်နဲ့ ဖီးလစ် ဗဟိုခံစစ် အတွဲက မမှားသင့်တဲ့ အမှားတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထရန့်အာနိုးလ်၊ ရော်ဘတ်ဆန် တို့လို ကစားသမားတွေကပါ တချို့ပွဲတွေမှာ မကြာခဏ အမှားတွေ လုပ်နေတာ တွေ့ရလို့ ကလော့ပ် အတွက်ကတော့ စိတ်ပျက်စရာ အခြေအနေ တစ်ခု ဖြစ်နေပါလိမ့်မယ်။ အခုပွဲမှာလည်း တိုက်စစ်က ဖေမီနိုနေရာမှာ လူငယ်ကြယ်ပွင့် ဒီယိုဂို ဂျော့တာကိုပဲ ပွဲထွက်ကစားစေမယ့် သဘောရှိပြီး မာနေး၊ ဆာလာတို့နဲ့ တွဲဖက်ကစားခိုင်းဖို့ များပါတယ်။ လစ်ဗားပူးလ်တို့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲ ၆ ပွဲအထိ ရှိထားပြီး ၇ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ဖူလ်ဟမ် တစ်သင်းတည်းကို အနိုင်ရထားပြီး ကျန်ပွဲတွေ မှာတော့ သရေနဲ့ အရှုံးပဲ ရှိခဲ့ပါတယ်။
ဖူလ်ဟမ်ကို အနိုင်ကစားပြီး ၄ ပွဲဆက် နိုင်ပွဲမရတဲ့ ရလဒ်ဆိုး အောက်ကနေ ရုန်းထွက်ခဲ့တဲ့ အက်စတွန်ဗီလာ

နည်းပြ ဒင်းန်စမစ်ရဲ့ အက်စတွန်ဗီလာ တို့ကတော့ ရာသီအစပိုင်းက ဟုတ်မလို ရှိခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ပွဲ တစ်ပွဲရဖို့တောင် ခက်ခက်ခဲခဲ ကစားနေရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ဖူလ်ဟမ် တစ်သင်းတည်းကို အနိုင်ရထားပြီး ကျန်ပွဲတွေ မှာတော့ သရေနဲ့ အရှုံးပဲ ရှိခဲ့ပါတယ်။ ဂျက်ဂရီးလစ်ရှ် ဒဏ်ရာရရှိချိန် ကတည်းက ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာတို့ အခုပွဲမှာလည်း အင်္ဂလန် လက်ရွေးစင်အနေနဲ့ ပါဝင်လာနိုင်ဦးမှာ မဟုတ်လို့ ခက်ခဲနေဦးမှာပါ။ အက်စတွန်ဗီလာရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည် ကတော့ ၇ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ရှုံးပွဲ ၅ ပွဲ ရှိထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်နဲ့ အက်စတွန်ဗီလာတို့ ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခု အတွင်း ၁၈ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လစ်ဗာပူးလ်က ၁၀ ကြိမ်နိုင်၊ အက်စတွန်ဗီလာက ၆ ကြိမ် နိုင်နဲ့ သရေကတော့ ၂ ကြိမ် ကျထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ မှာတော့ ဗီလာတို့ ၇-၂ နဲ့ အနိုင်ရခဲ့ပေမယ့် အက်ဖ်အေဖလားမှာတော့ လစ်ဗာပူးလ်က ၁-၄ နဲ့ ပြန်ပြီး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လီဗာပူးလ် vs အက်စတန် ဗီလာ 1X2 လီဗာပူးလ်း @ 1.53
ဧပြီလ ၁၀ ရက်, ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၅၅ ဆ နဲ့ ဧည့်သည် အသင်းအတွက် ၆.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပထမအကျော့က ရလဒ်ကို မေ့ထားလိုက်ပါ။ အက်စတွန်ဗီလာ မှာလည်း ရာသီအစတုန်းကလို စွမ်းဆောင်ရည်မျိုး မရှိတော့ပါဘူး။ လစ်ဗာပူးလ်တို့ အကောင်းဆုံး ပုံစံ ပြန်မရသေးပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဘယ်လိုနည်းနဲ့မှ အတိမ်းအစောင်း ခံမှာ မဟုတ်ပါဘူး။ နောက်ပြီး လစ်ဗာပူးလ်နဲ့ ဗီလာ တွေ့ဆုံမှု တော်တော်များများမှာ သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့လို့ အခုပွဲမှာလည်း အိမ်ရှင် ဘက်ကရပ်တည်ရင် ဂိုးပေါင်း အပေါ်လေးပါ ကံစမ်းသင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်