နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပီအက်စ်ဂျီ ဆီကနေ အကြွေးလိုချင်လို့ အလျှော့မပေးသေးတဲ့ အမ်ဘာပေး | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ အသင်းဟောင်း ပီအက်စ်ဂျီ ဆီကနေ လစာကြွေးကျန် လိုချင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေး အနေနဲ့ လစာ ကြွေးကျန် ကိစ္စ အငြင်းပွားမှု အဆုံးမသတ်နိုင်သေးပဲ ပြင်သစ် ဘောလုံးလိဂ် ဥပဒေရေးရာ ကော်မရှင်ထံက ဝင်ရောက် ဖြေရှင်းပေးဖို့ ကမ်းလှမ်းမှုကို လက်မခံပဲ ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကီလီယန် အမ်ဘာပေး အနေနဲ့ အသင်းဟောင်းထံ ကနေ ယူရို ၅၅ သန်း (အမေရိကန် ဒေါ်လာ သန်း ၆၀) မရသေးတာကြောင့် ဒီကိစ္စကို ကြားဝင် ဖြေရှင်းပေးဖို့ ပြင်သစ် ဘောလုံးလိဂ် ဥပဒေရေးရာ ကော်မရှင်ဆီ တောင်းဆိုထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပါရီမြို့မှာ ကီလီယန် အမ်ဘာပေးရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ အသင်း တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးစဉ် ကော်မရှင်ရဲ့ ဝင်ရောက် ဖျန်ဖြေပေးဖို့ ကမ်းလှမ်းမှုကို ကစားသမား ဘက်မှ လုံးဝ လက်မခံပဲ ငြင်းဆန် ပယ်ချခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အမ်ဘာပေးက လာလီဂါ မှာတော့ အဖွင့်ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်ဘက်တစ်နဲ့ ပွဲမှ ၂ ဂိုး စတင် သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ အဖွင့်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ အမ်ဘာပေး

ဒါကြောင့် ကစားသမားနဲ့ အသင်းဟောင်း အကြား ပြေလည်မှု မရရှိနိုင်သေးပဲ နောက်ဆုံး မှာတော့ တရားရုံးမှာ ရင်ဆိုင် ဖြေရှင်းရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ဘက်ကတော့ ၂၀၂၃/၂၀၂၄ ဘောလုံးရာသီ မစတင်ခင် အမ်ဘာပေးနဲ့ သဘောတူညီချက်အရ ကစားသမားကို ကြွေးကျန်ပေးရန် မရှိကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နွေရာသီမှာ ကီလီယန် အမ်ဘာပေး အနေနဲ့ စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ကစားသမားကို လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ ဒါ့အပြင် ပြန်လည် ကစားခွင့်ရဖို့ အပိုဆုကြေး ခံစားခွင့်တွေ မယူပဲ လက်လျှော့မယ့် သဘောတူညီမှု ပါဝင်တယ်လို့ မီဒီယာတွေက ဖော်ပြထားခဲ့ပါတယ်။

ကီလီယန် အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ ၇ ရာသီ အကြာ ပါဝင် ကစားခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၃၀၈ ပွဲ ကစားကာ ၂၅၆ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးဟာ ပီအက်စ်ဂျီရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးဟာ ပီအက်စ်ဂျီနဲ့ အတူ လီဂူးဝမ်း ချန်ပီယံဆု ၆ ကြိမ်၊ Coupe de France ၄ ကြိမ်၊ Coupe de la Ligue ၂ ကြိမ်၊ Trophée des Champions ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ဒုတိယ ၁ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့မှာတော့ အမ်ဘာပေးက လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲဦးထွက်မှာတော့ ယူအီးအက်ဖ်အေ စူပါဖလား ပြိုင်ပွဲမှာ ကိုယ်တိုင် တစ်ဂိုး သွင်းနိုင်ခဲ့သလို ချန်ပီယံဆုလည်း ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးက လာလီဂါ မှာတော့ အဖွင့်ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်ဘက်တစ်နဲ့ ပွဲမှ ၂ ဂိုး စတင် သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်