ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ် ကတော့ သူတို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ မေဆန် ဂရင်းဝုဒ်ကို အနည်းဆုံး ပေါင်သန်း ၆၀ လောက် ရရှိမှာ ရောင်းထုတ်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအင်္ဂလန်သားက ပြီးခဲ့တဲ့ နွေရာသီ ကမှ မန်ချက်စတာယူနိုက်တက် ကနေ မာဆေးလ်ကို ပြောင်းရွှေ့ခဲ့ပြီး ပြင်သစ်မြေမှာ တော်တော်လေး ခြေစွမ်းပြနေတာကြောင့် ဥရောပထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လီဂူးဝမ်း ကလပ်က ဂရင်းဝုဒ်ကို အလိုရှိရင် သူတို့ ခေါ်ယူခဲ့တုန်းက ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် နှစ်ဆရမှ ရောင်းချသွားဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ဂရင်းဝုဒ်ဟာ မာဆေးလ်ရဲ့ တိုက်စစ်မှာ အဓိကကျတဲ့ ကစားသမား ဖြစ်နေပြီး အသင်း ကိုလည်း အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေအောင် စွမ်းဆောင်ပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ဒီလို ဂရင်းဝုဒ်ရဲ့ တကျော့ပြန် တောက်ပလာတဲ့ ခြေစွမ်းကောင်းတွေကြောင့် လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့အပြင် ဂျူဗင်တပ်စ် ကလည်း ခေါ်ယူချင်နေကြပါတယ်။ ဂျူဗင်တပ်စ်ဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပြီး လီဂူးဝမ်း ကလပ်က လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ်ဟာ အသင်း အတွက် အရေးပါဆုံး ကစားသမား ဖြစ်နေတဲ့ ဂရင်းဝုဒ်ကို ပြန်လည် ရောင်းထုတ်လိုခြင်း မရှိဘူးလို့ သိရပြီး အကယ်၍ မဖြစ်မနေ ရောင်းထုတ်ရမယ် ဆိုရင်တော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှ လက်လွှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
မေဆန် ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ အချိန်တိုတွင်း ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် ပုံမှန် ပွဲထွက်ခွင့်ရခဲ့သူပါ။ ဒါပေမယ့်လည်း ဂရင်းဝုဒ်က အတူနေ ချစ်သူ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ပြဿနာတွေကြောင့် တရားရင်ဆိုင်ခဲ့ရပါတယ်။ အင်္ဂလန်သား အနေနဲ့ အမှု ကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ချိန် ယူနိုက်တက် အတွက် ပြန်လည် ကစားခွင့်ရဖို့ အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပုံရိပ်ပျက်စီးသွားတာကြောင့် ယူနိုက်တက် ဘက်က အသင်းမှာ ဆက်မထားချင်တာကြောင့် ဂရင်းဝုဒ် တစ်ယောက် အသင်း ပြောင်းခဲ့ရပါတယ်။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂီတာဖေးမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ကာ ပတ္တမြားမှန်လို့ နွံမနစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်ကို မာဆေးလ်က လက်ရှိ နွေရာသီမှာ လက်ဦးမှု ရယူကာ ခေါ်ယူခဲ့ပါတယ်။ လက်ရှိ မှာတော့ ကစားသမားက မာဆေးလ် အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားရာမှာ ၁၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားသလို ဒီရာသီ လီဂူးဝမ်း ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်လျက် ရှိပါတယ်။ သတင်းတွေ အရ ဆိုရင် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် သောမတ်စ် တူချယ် ကလည်း ဂရင်းဝုဒ်ကို ပြန်လည် ရွေးချယ်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဂရင်းဝုဒ် ကတော့ အင်္ဂလန် အတွက် ပြန်လည် ကစားပေးလိုခြင်း မရှိပုံ ရပြီး ဂျမေကာ ကိုယ်စားပြု အဖြစ် ပြောင်းလဲ ကစားသွားဖို့သာ စိတ်အားထက်သန်နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ သူ့ရဲ့ ပရိသတ်တွေ ကတော့ မာဆေးလ်ထက် တစ်ဆင့်မြင့်တဲ့ အသင်းကြီး တစ်သင်းမှာ ပြောင်းရွှေ့ ကစားစေလိုနေကြတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.