နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကင်းပါဝါမှာ လက်စတာကိုပဲ အပြည့်အဝ ယုံကြည်ရမယ် (လက်စတာစီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်) | ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လက်စတာစီးတီး – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်

အခုတစ်ခါ မှာတော့ လက်စတာစီးတီးနဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်တို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၁) နဲ့ ပတ်သတ်တဲ့ ပွဲကြိုသုံးသပ်ချက် တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းကို အပိုင်သိမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီးတို့ ခြေစွမ်း မတည်ငြိမ်သေးတဲ့ ဝုဗ်ဆီက အနိုင် ၃ မှတ် အပြည့် ရအောင် ယူနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

၂၀၁၆ ခုနှစ်မှာ အမှတ်ပေးချန်ပီယံဆု၊ ၂၀၂၁ ခုနှစ်မှာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ရရှိခဲ့တဲ့ လက်စတာစီးတီး ကိုတော့ နောက်ဆုံး ၅ နှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ အတိုးတက်ဆုံး အသင်းလို့ပဲ ဆိုရမှာပါ။ ကြီး ၆ ကြီး စာရင်း ဝင်လာတဲ့ စပါးတောင် လက်စတာစီးတီးလို ချန်ပီယံဆု ကိုင်မြှောက်နိုင်ခြင်း မရှိသေးပါဘူး။ ရာသီအစ ကနေ အဆုံးထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ခဲ့သလို နှစ်စဉ် ဥရောပဝင်ခွင့် ပုံမှန် ရရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်စတာစီးတီးရဲ့ အဓိက ပြသနာက ရာသီကုန်ခါနီးတိုင်း သိသိသာသာ ခြေစွမ်း ယိမ်းယိုင် သွားတတ်ပြီး နောက်ဆုံးမှာ ယူရိုပါလိဂ် ဝင်ခွင့် နဲ့ပဲ ကျေနပ်နေရတာ ဖြစ်ပါတယ်။ လက်စတာတို့ လက်ရှိ အပြောင်းအရွှေ့ ကာလ မှာတော့ ဆဲလ်ဘတ် တိုက်စစ်မှူး ဒါကာ၊ လိုင်လီ ကွင်းလယ်က ဘူဘာကာရီ ဆူမာရေး၊ နောက်တန်း အတွက် ဘာထရန်နဲ့ ဗတ်စတာဂတ် တို့ကို ခေါ်ယူ အားဖြည့်ထားပါတယ်။ ဒီလူစာရင်းနဲ့ ဆိုရင် လက်စတာတို့ အမြင့်ဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကစားရတဲ့ ပွဲများလာတာနဲ့ အမျှ အဓိက ကစားသမားတွေ ဒဏ်ရာ မရစေဖို့နဲ့ အသင်းရဲ့ ဟန်ချက် ပျက်မသွားအောင် ထိန်းထားနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ လောလောဆယ် ဘယ်နောက်ခံလူ ဂျက်စတင် ဒဏ်ရာက မသက်သာသေးသလို ခြေစမ်းပွဲမှာ ဒဏ်ရာရသွားတဲ့ ဖိုဖာနာ အပြင် တောင်ပံက ကတ်စတန်ညာ ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
 

 
နည်းပြ နူနိူ အက်စ်ပီရီတို ဆန်တို နေရာမှာ ဘရူနို လေ့ဂျ်နဲ့ အစားထိုးခဲ့တဲ့ ဝုဗ်တို့ရဲ့ ခြေစွမ်းက မှန်းဆရ ခက်နေဆဲပါ။ ဝုဗ်တို့ ရာသီကြို ခြေစမ်းပွဲ ၅ ပွဲ ကစားထားပြီး စပိန် ကလပ်တွေ ဖြစ်တဲ့ ဘက်တစ်ကို အနိုင်ရပြီး လက်စ်ပါးလ်မက်စ်နဲ့ ဆဲလ်တာဗီဂိုကို ရှုံးနိမ့်ထားပါတယ်။ ချန်ပီယံရှစ်က စတုတ်စီးတီးနဲ့ သရေကျခဲ့ပြီး ကိုဗင်ထရီကို အနိုင်ရထားခဲ့တဲ့ ဝုဗ်ရဲ့ လက်ရှိ ခြေစွမ်းက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ထွက်ခွာသွားတဲ့ ရူအီ ပက်ထရီဆီယိုရဲ့ နေရာမှာ အိုလံပီယာကော့စ် ဂိုးသမား ဂျိုဆေးဆားနဲ့ ခေါ်ယူ အားဖြည့်ခဲ့ပြီး ထရင်ကာအို၊ ရာယန်နူရီ တို့လည်း ထပ်မံ ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် အဓိက ကစားသမား ရာအူးလ် ဂျင်မီနက်ဇ် ပြန်လည် ကစားနိုင်ပြီ ဖြစ်လို့ ထရင်ကာအို၊ ထရာအိုရေး တို့ပါ ရှိနေတဲ့ ဝုဗ် တိုက်စစ်ကို လျှော့တွက်လို့တော့ မရပါဘူး။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် မှာ တော်တော်လေး ရုန်းကန်ခဲ့ရတဲ့ ဝုဗ်တို့ ရာသီသစ်မှာ နည်းပြသစ်၊ ကစားသမားသစ်တွေနဲ့ ဘယ်အခြေအနေထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။ လက်တလော ဒဏ်ရာရ ကစားသမား စာရင်းမှာ ပါဝင်နေတဲ့ ပိုဒန့်စ်၊ နီတို၊ ဘိုလီ၊ အော့တာဆိုဝီ တို့ကတော့ အခုလာမယ့် အဖွင့်ပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လက်ရှိမှာ ခြေစွမ်းပိုင်းအရ လက်စတာစီးတီးတို့ ပိုကောင်းနေတယ် ဆိုပေမယ့် အစဉ်အလာ မှာတော့ ဝုဗ်တို့ အသာရနေတာ တွေ့ရပါတယ်။ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၁၁၇ ကြိမ်မှာ ဝုဗ်တို့ ၄၃ ကြိမ် နိုင်ပြီး လက်စတာစီးတီး ကတော့ ၃၉ ကြိမ် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပထမအကျော့မှာ ဗာဒီရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ လက်စတာစီးတီး အနိုင်ရခဲ့ပြီး ဒုတိယအကျော့ ဝုဗ် အိမ်ကွင်း မှာတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
 

လက်စတာစီးတီး – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်

??
လက်စတာစီးတီး – ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၆၆ဆ
ဩဂုတ်လ ၁၄ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၆၆ ဆနဲ့ ဧည့်သည်အသင်းအတွက် ၅.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တစ်ဦးချင်းရော အသင်းလိုက်မှာပါ ပုံစံကောင်း ရနေတဲ့ လက်စတာစီးတီးတို့ နိုင်ပွဲ ရဖို့ မခက်ပါဘူး။ ပေါက်ကြေးအရလည်း လက်စတာစီးတီး ဘက်မှာ ရပ်တည်တာ စိတ်အချရဆုံး ဖြစ်ပါလိမ့်မယ်။ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ် နှစ်သင်းပေါင်း သွင်းဂိုး ၁ ဂိုးသာ ရှိခဲ့လို့ ဂိုးအနည်းကိုပဲ ရွေးချယ်သင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်