နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အခက်တွေ့စေဦးမယ့် လိဒ်စ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

မန်ချက်စတာယူနိုက်တက် vs လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် တနဂ်နွေနေ့ညမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီးတော့ အစဉ်အလာအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိလာဦးမှာပါ။ လက်ရှိ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နည်းစနစ်ကောင်းပြီး အသင်းကြီးတွေကို ဒုက္ခပေးလေ့ရှိတဲ့ လိဒ်စ်ယူနိုက်တက်ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင် လာမလဲ ဆိုတာတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် တို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာခဲ့ရပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းပြနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသလို ၅ ပွဲနိုင်ပြီး ၁ ပွဲပဲ သရေကျထားပါတယ်။ သရေကျခဲ့တဲ့ ပွဲစဉ်ကလည်း ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ မန်ချက်စတာစီးတီး အသင်းကို ဖြစ်လို့ ယူနိုက်တက်တို့ရဲ့ လက်ရှိ လိဂ်ပြိုင်ပွဲ ခြေစွမ်းက အကောင်းဆုံးမှာ ရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးတွေ ခြေစွမ်းပြခဲ့ပြီး တစ်ကိုယ်ကောင်းမဆန်ခဲ့ဘူးဆိုရင် ၃ ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့မှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၂ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးပြီး ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး ၁ ပွဲသရေ ကျထားပါတယ်။ ယူနိုက်တက်တို့ ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင်ရည် တော်တော်လေး ကောင်းနေပေမယ့် အိမ်ကွင်း စွမ်းဆောင်ရည်ကတော့ တော်တော်လေး ညံ့နေတယ်လို့ ပြောလို့ရပြီး ၆ ပွဲကစားရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး၊ ၃ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အတွက် ၁၂ ပွဲကစားပြီး ၇ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးပေးထားတဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို အဓိကထား စောင့်ကြည့်ရပါမယ်။

မန်ချက်စတာယူနိုက်တက် တို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာခဲ့ရပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းပြနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသလို ၅ ပွဲနိုင်ပြီး ၁ ပွဲပဲ သရေကျထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်

လိဒ်စ်ယူနိုက်တက်တို့ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြပြီး နယူးကာဆယ်ကို အိမ်ကွင်းမှာ ၅-၂ နဲ့ ဂိုးပြတ်အနိုင်ရခဲ့လို့ ကစားသမားတွေ စိတ်ဓာတ်တက်ကြွနေပါလိမ့်မယ်။ မာဆယ်လို ဘီရာဆာရဲ့ အသင်းက အစောပိုင်း မှာ ပြောခဲ့သလိုပဲ ကစားသမားကောင်းတွေ တော်တော်များများ ပိုင်ဆိုင်ထားခဲ့ပေမယ့် ခံစစ် ပြသနာကြောင့် ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဓိကက ခံစစ်ကစားသမားတွေ တိုက်စစ်ကို အလွန်အကြူး လိုက်ပါကစားနေတာကြောင့် တိုက်စစ်က ဂိုးတွေရပေမယ့် ခံစစ်ဂိုးတွေ ပြန်ပေးနေရတာပါ။ လိဒ်စ်ယူနိုက်တက်တို့ လက်ရှိ ပရီးမီးယားလိဂ် မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ၁၃ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၆ ပွဲရှုံးကာ ရမှတ် ၁၇ မှတ်ရရှိထားပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။ အခုပွဲမှာတော့ တိုက်စစ်က ပက်ထရစ် ဘမ်းဖို့ဒ်ကို စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့မှု ၁၀၇ ကြိမ်မှာ မန်ချက်စတာယူနိုက်တက် က ၄၆ ကြိမ်အနိုင်ရပြီး လိဒ်စ်ယူနိုက်တက်က ၂၆ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၃၅ ပွဲအထိ ရှိထားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ လိဒ်စ်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်က လိဂ်ဖလား ပြိုင်ပွဲမှာ နောက်ဆုံး တွေ့ဆုံခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ၃ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်