နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ်မှာ နိုင်ပွဲပြန်ရှာမယ့် လိဒ်စ်ယူနိုက်တက်ကို သဘောကျပါတယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

လိဒ်စ်ယူနိုက်တက် vs နယူးကာဆယ်

အခုတစ်ခါမှာတော့ ဒီဇင်ဘာလ ပွဲကြပ်ကာလမှာ ကစားမယ့် ပွဲကောင်းတွေထဲက လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ လိဒ်စ်ယူနိုက်တက်တို့ အနေနဲ့ ခြေစွမ်းမာကျောတဲ့ နယူးကာဆယ်လို အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခက်ခဲဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် နိုင်ပွဲတစ်ပွဲပဲ ရထားပြီး ၁ ပွဲသရေကျပြီး ၃ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ အဲဗာတန် ဆီကနေ ၃ မှတ်အပြည့် ယူထားပြီး ချဲလ်ဆီး၊ ဝက်စ်ဟမ်း အသင်းတွေကိုတော့ ရှုံးနိမ့်ထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၂ ပွဲကစား၊ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၆ ပွဲရှုံး ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ လိဒ်စ်တို့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားလို့ အားရစရာတော့ မရှိပါဘူး။ ရာသီအစမှာ နာမည်ကျော်နည်းပြ မာဆယ်လို ဘီရာဆာ ရဲ့ အသင်းက မထင်မှတ်ထားတာတွေ လုပ်ပြခဲ့ပေမယ့် လက်ရှိမှာ အသင်းက တော်တော်လေး ယို့ယွင်းလာတာ တွေ့ရပါတယ်။ အဓိက အကြောင်းအရာကတော့ ဒါးလက်စ်၊ လုခ်အေးလင်း၊ အေလီရိုးစကီးတို့လို့ ခံစစ်ကစားသမားတွေ တိုက်စစ်ကို အလွန်အကျွံလိုက်ပါ ကစားနေတာကြောင့် ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေပါတယ်။ တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်ကို တားဆီးဖို့ အတွက် လီယမ်ကူးပါး တစ်ဦးတည်း ကျန်ရှိတဲ့ ခံစစ်က ဘယ်လိုမှ မစွမ်းဆောင်နိုင်ပဲ လျင်လျင်မြန်မြန် ကစားတတ်တဲ့ အသင်းတွေနဲ့ဆိုရင် ရုန်းကန်နေခဲ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်ဘက်မှာ စောင့်ကြည့်ရ မယ့် ကစားသမားက ပက်ထရစ်ဘမ်းဖို့ဒ် ဖြစ်ပြီး ၁၂ ပွဲကစား၊ ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

နယူးကာဆယ်တို့ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ပွဲရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်

နယူးကာဆယ်တို့ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ပွဲရှုံးထားပါတယ်။ အဲဗာတန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဘရွန်းတို့ဆီက ရမှတ်အပြည့် ရယူထားနိုင်ပေမယ့် ချဲလ်ဆီး ဆောက်သမ်တန်တို့လို့ အသင်းတွေ နဲ့ တွေ့ဆုံချိန်မှာတော့ ရမှတ်တွေ ဆုံးရှုံးထားပါတယ်။ နယူးကာဆယ်တို့ ဒီရာသီ ခြေစွမ်းပိုင်း မဆိုးဘူးလို့ ပြောနိုင်ပါ တယ်။ တစ်သင်းလုံး ကစားအားက ဟန်ချက်ညီနေပြီး တိုက်စစ်က သွင်းဂိုးတွေ ရနေသလို ခံစစ်က ပေးဂိုးတွေ နည်းလာပါတယ်။ ကစားပုံကလည်း မာကျောနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားပါ တယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ၁၁ ပွဲကစား၊ ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးထားပါတယ်။ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းလည်း မဆိုးဘူးလို့ ပြောနိုင်ပြီး ၅ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ နယူးကာဆယ်ရဲ့ စောင့်ကြည့်ရမယ့် ကစားသမားကတော့ ကော်လမ်ဝီလ်ဆင် ဖြစ်ပြီး ၁၀ ပွဲကစား ၇ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာအရ ကြည့်မယ်ဆိုရင် လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဘယ်အသင်း ကမှ ပိုပြီး အသာမရခဲ့တာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု  ၉၄ ကြိမ်မှာ နယူးကာဆယ်က ၃၉ ကြိမ် အနိုင်ရပြီး လိဒ်စ်ယူနိုက်တက်က ၃၇ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ၁၈ ပွဲကတော့ သရေ ရလဒ်နဲ့ ပွဲပြီးဆုံးထားခဲ့ပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်မှာတော့ နယူးကာဆယ်က ၂ ကြိမ် အနိုင်ရပြီး ၁ ပွဲသရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လိဒ်စ်ယူနိုက်တက် vs နယူးကာဆယ် ယူနိုက်တက် 1X2 လိဒ်စ်ယူနိုက်တက် @ 1.78
ဒီဇင်ဘာလ ၁၇ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက်   ၁.၇၈ ဆ၊ သရေအတွက် ၃.၅၀ဆနဲ့ ဧည့်သည်အသင်း အတွက် ၄.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ တကယ်တမ်း ခြေစွမ်းပိုင်းကြည့်မယ်ဆိုရင် လိဒ်စ်ယူနိုက်တက် တို့ ပုံစံကောင်းမှာ ရှိနေပါတယ်။ ဘီရာဆာရဲ့ အမြဲတမ်းလွဲချော်နေတဲ့ အချက်တစ်ချက်က လိုတာထက်ပိုပြီး နက်နက်နဲနဲ တွေးလွန်းတာ ကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ပုံစံကောင်းရနေတဲ့ နယူးကာဆယ်တို့ ဒီပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးစားလာနိုင်ပေမယ့် အဲလန်ရုတ်ဒ်မှာ ပေါက်ကြေးအရ ပိုသာနေတဲ့ လိဒ်စ်ယူနိုက်တက် ဘက်မှာ ရပ်တည်တာဟာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်