နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ်မှာ လိဒ်စ်ယူနိုက်တက်တို့ အိမ်ကွင်းနိုင်ပွဲ ပြန်ရှာပါလိမ့်မယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

လိဒ်စ်ယူနိုက်တက် vs ဝက်စ်ဟမ်း

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို SBOTOP ပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်း သုံးသပ်ပေးချင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ နှစ်သင်းစလုံး ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားလို့ နိုင်ပွဲ ပြန်ရဖို့ အတွက် မဖြစ်မနေ အားထုတ်လာမှာ ဖြစ်လို့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။

မာဆယ်လို ဘီရာဆာရဲ့ လိဒ်စ်ယူနိုက်တက်တို့ ချန်ပီယံရှစ်ကနေ တန်းပြန်တက်လာပြီးနောက် ပရိသတ်အားလုံးရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် တကျော့ပြန် ခရီး အစမှာတင် မထင်မှတ်ထားတာတွေ တောက်လျောက် လုပ်ပြနေခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ မထင်မှတ်ပဲ ခြေစွမ်းပိုင်း ယိမ်းယိုင်လာခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲကစား၊ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အဲဗာတန် တစ်သင်းတည်းကို အနိုင်ရထားပြီး အာဆင်နယ်နဲ့ သရေ၊ လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ကို ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် ရာသီရဲ့ ခံစစ်က ပေးဂိုး အများဆုံး အသင်းတွေထဲမှာ တစ်သင်း အပါအဝင် ဖြစ်နေပြီး ပေးဂိုး ၂၀ ရှိထားပါတယ်။ လိဒ်စ်တို့ နောက်ဆုံး ၅ ပွဲမှာ ရဂိုး ၄ ဂိုးပဲ ရှိခဲ့ပေမယ့် ပေးဂိုးကတော့ ၁၁ ဂိုး အထိ ရှိထားပါတယ်။ ကစားသမား စုဖွဲ့မှု အပိုင်းကို ကြည့်မယ်ဆိုရင်လည်း တိုက်စစ်မှာ ပက်ထရစ် ဘမ်းဖို့ဒ်၊ ကွင်းလယ်မှာ ရာဖင်ဟာ၊ ရိုဒရီဂို၊ ကလစ်ချ်၊ ဟဲရစ်ဆင်၊ ကယ်ဗင်ဖီးလ်စ် တို့ ရှိနေပြီး စွမ်းဆောင်ရည် မဆိုးဘူးဆိုပေမယ့် ခံစစ်ကစားသမားတွေ ရဲ့ တိုက်စစ်ကို အလွန်အကျွံ လိုက်ပါကစားမှုကြောင့် တစ်ပွဲနဲ့တစ်ပွဲ ပေးဂိုးတွေ များနေခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်က ကယ်ဗင်ဖီးလစ်ရဲ့ ပံ့ပိုးပေးမှု၊ တောင်ပံက ဒါးလက်စ်၊ အဲလီယိုစကီးတို့ရဲ့ ဖန်တီးပေးပို့မှုတွေက အန္တရာယ်များတယ်ဆိုတာ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးလို အသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်တို့ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်အထိ ရှိတယ်ဆိုတာကိုတော့ အားလုံးလည်း သိပြီးကြပြီ ဖြစ်မှာပါ။

အရှေ့ပွဲစဉ်တွေမှာတုန်းက နိုင်ပွဲဆက်ထားလို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါ တယ်။
ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲအထိ အနိုင်ရထားတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းကတော့ နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၁-၃ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တယ်ဆိုပေမယ့် အရှေ့ပွဲစဉ်တွေမှာတုန်းက နိုင်ပွဲဆက်ထားလို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေခဲ့ပါ တယ်။ ဒေးဗစ်မိုရက်စ် ကိုင်တွယ်နေတဲ့ ဝက်စ်ဟမ်း အသင်းက ဒီရာသီမှာ ပရိသတ်တွေကို မထင်မှတ်ထားတာတွေ လုပ်ပြနေတဲ့ အသင်းတွေထဲက တစ်သင်း အပါအဝင် ဖြစ်ပြီး နိုင်ပွဲတော်တော်များများလည်း ရှာဖွေထားနိုင်ပါတယ်။ လက်ရှိမှာ ၁၁ ပွဲကစားပြီး ၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးထားတာကြောင့် ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အသင်းမှာ ဂျရော့ဒ် ဘိုဝင်၊ ဒီကလန်ရိုက်စ်၊ ဖေဘီယန် ဘယ်ဘူနာ၊ ခရက်စ်ဝဲလ်တို့ ခြေစွမ်းပြနေလို့ နိုင်ပွဲတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာတော့ တိုက်စစ်က တစ်ပွဲပျမ်းမျှ ၁ ဂိုးနှုန်း ရှိခဲ့တာတွေ့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာအရ ကြည့်မယ်ဆိုရင် ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ၁၀၅ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး လိဒ်စ်ယူနိုက်တက်က ၄၉ ကြိမ် အနိုင်ရပြီး ဝက်စ်ဟမ်းကတော့ ၂၇ ကြိမ် အနိုင်ရထားပါတယ်။ ၂၉ ကြိမ်ကတော့ သရေရလဒ်နဲ့ ပွဲပြီးဆုံးထားပါတယ်။ ၂၀၁၁ ခုနှစ်က ချန်ပီယံရှစ်မှာ နောက်ဆုံး ၂ ကြိမ်တွေ့ဆုံမှုမှာတော့ သရေပွဲတွေ ဖြစ်ထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်