နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

နယူးကာဆယ်ယူနိုက်တက် ၁ – ၂ လိဒ်စ်ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရဲ့ ပွဲတစ်ပွဲ ဖြစ်တဲ့ နယူးကာဆယ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ တွေ့ဆုံမှုမှာတော့ ဧည့်သည် လိဒ်စ်တို့က ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၅ ပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ နယူးကာဆယ် ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ အဝေးကွင်းမှာ လာကစားတဲ့ လိဒ်စ်ယူနိုက်တက်ထက် ခြေစွမ်းမနိမ့်ကျခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

စတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်ယူနိုက်တက်တို့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ အတွက် တတ်နိုင်သမျှ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ကော်လမ်ဝီလ်ဆင်၊ ဟန်းဒရစ်ခ်၊ ရှလ်ဗီ၊ ဖရေဆာ၊ လက်ဆဲလက်စ်၊ ရှား၊ လီဝစ်၊ ဒါလိုးတို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ မာဆယ်လို ဘီရာဆာကတော့ ထုံးစံအတိုင်း ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ပက်ထရစ်ဘမ်းဖို့ဒ်၊ ဂျက်ဟာရစ်ဆင်၊ ရာဖင်ညာ၊ ရိုဒရီဂို၊ ဒါးလက်စ်၊ ကယ်ဗင်ဖီးလစ်၊ အယ်လီရိုစကီး၊ လီယမ်ကူပါး၊ လော်ရန်းတေး၊ လုခ်အေးလင်း၊ မက်စ်လိုင်ယာ တို့ကိုပဲ အသုံးပြုခဲ့ပါတယ်။ ပွဲစတာနဲ့ ဧည့်သည်အသင်း ကတော့ သူတို့ရဲ့ ကစားဟန်အတိုင်း တစ်ဖက်အသင်းကို အချိန်ပြည့်ဖိအားပေးကစားနေခဲ့ပြီး ၁၇ မိနစ်မှာတင် ရိုဒရီဂိုရဲ့ ပံ့ပိုးပေးမှုကတစ်ဆင့် ရာဖင်ဟာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ အိမ်ရှင်တို့ ချေပဂိုး ရဖို့အတွက် အားထုတ်လာခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ ကော်လမ်ဝီလ်ဆင်ရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် မီဂွယ်အလ်မီရွန်က ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ရဲ့ အပျော်တွေ သိပ်မကြာခဲ့ပဲ ပွဲချိန် ၆၁ မိနစ်မှာတော့ ကွင်းလယ်က ရာဖင်ညာ ကန်တင်ပေးပို့တဲ့ ဘောလုံးကို ဂျက်ဟာရစ်ဆင်က တစ်ချက်ထိန်းပြီး အပြင်းကန်သွင်း ယူခဲ့လို့ လိဒ်စ်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နယူးကာဆယ်တို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

အခုပွဲရလဒ်ကြောင့်လိဒ်စ်ယူနိုက်တက်တို့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၂နေရာကိုပြန်လည်တက်လှမ်းနိုင်ခဲ့ပြီးနယူးကာဆယ်ကတော့အဆင့်၁၆နေရာမှာဆက်လက်ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ နယူးကာဆယ်

 

ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက်တို့အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် မှာ နယူးကာဆယ်ကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း နိုင်ပွဲ ၃၉ ပွဲစီ တူညီသွားခဲ့ပါတယ်။ တစ်ချက်ရှိတာက လိဒ်စ်ယူနိုက်တက်တို့ ကစားသမားတွေ အနားရထားတဲ့ အချိန်မှာဆိုရင် ခြေစွမ်းပြနိုင်ပြီး ပွဲကြပ်ကစားရတဲ့ အချိန်မှာ ပွဲပန်းတဲ့ဒဏ်ကို မခံနိုင်တာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာတော့ နည်းပြ မာဆယ်လို ဘီရာဆာ အနေနဲ့ စဉ်းစားထားဖို့တော့ လိုအပ်နေပါပြီ။ စတိဗ်ဘရုစ်ရဲ့ အသင်းကတော့ ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတာကြောင့် တောက်လျောက် ရှုံးပွဲတွေ ဆက်နေပြီး ဒီပုံအတိုင်း ဆက်သွားရင် ရာသီအကုန်မှာ တန်းမဆင်းရရေးတောင် ရုန်းကန်ရမယ့် သဘောရှိနေပါတယ်။ အခုပွဲရလဒ်ကြောင့် လိဒ်စ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး နယူးကာဆယ်ကတော့ အဆင့် ၁၆ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

နယူးကာဆယ်တို့ လာမယ့် ပွဲစဉ်မှာတော့ အဲဗာတန်ရဲ့ အိမ်ကွင်း ဂူဒီဆင်ပါ့ခ် ကို သွားရောက်ကစားဖို့ရှိပြီး လိဒ်စ်ယူနိုက်တက်ကတော့ လက်စတာစီးတီးကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်