နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါမှာ ဘာစီလိုနာကို ၁၀ စုနှစ်ကျော်အကြာ အနိုင်မရသေးတဲ့ ဗီလာရီးရဲလ်

countdown banner

ဘာစီလိုနာ  vs ဗီလာရီးရဲလ်

စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁နာရီ ၁၅ မိနစ်မှာတော့ စပိန်လာလီဂါ ပွဲစဉ် ၃ ရဲ့ နောက်ကျပွဲစဉ် အဖြစ် ဘာစီလိုနာတို့ ဗီလာရီးရဲလ် ကို အိမ်ကွင်းနူးကမ့် မှာ ဧည့်ခံကစားရဖို့ရှိနေပါတယ်။

ဘာစီလိုနာတို့ ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ တည်ဆောက်ပုံ ပျက်ယွင်းသွားခဲ့လို့ နည်းပြ ရော်နယ်ကိုးလ်မန်းကို အစားထိုး ခန့်အပ်ခဲ့ပြီး ရာသီမစတင်ခင်ကလည်း မက်ဆီအသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တာ အပါအဝင် အသင်းအုပ်ချုပ်သူ၊ နည်းပြနဲ့ အသင်းရဲ့အဓိကကစားသမားတချို့ အကြားပြသနာပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်။ နယ်သာလန်နာမည်ကြီး နည်းပြ ရော်နယ်ကိုးလ်မန်းကတော့ ပုံစံပျက်ယွင်းနေတဲ့ ဘာစီလိုနာအသင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပြီး ဆွာရက်ဇ်၊ ဗီဒယ်၊ ရာကီတစ်၊ အမ်တီတီ တို့လို ကစားသမားတွေကို အသင်းကအလိုမရှိတော့တဲ့ အကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့တဲ့အပြင် မက်ဆီကိုတောင် အခွင့်ထူးခံမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာလည်း အသင်းကနေ ဆွာရက်ဇ်၊ ဗီဒယ်၊ ရာကီတစ်တို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပြီး မက်ဆီ တစ်ဦးတည်းကို ပဲ အသင်းက မရမက ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ကစားသမားသစ်တွေ အနေနဲ့ကတော့ ပါလ်မီးရက်စ်က မားသီးယက်စ် ဖာနန်ဒက်စ်၊ လက်စ်ပါးမက်စ်က ပက်ဒရီ၊ ပီယာနစ်တို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဘာစီလိုနာမှာ ခေတ်သစ်ထူထောင်ဖို့ ရောက်ရှိလာတဲ့ ရော်နယ်ကိုးလ်မန်းရဲ့ လာလီဂါ အဖွင့်ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုပွဲမတိုင်ခင် ရာသီအကြို ပြင်ဆင်မှုအဖြစ် ဂျင်မ်နက်စတစ်၊ ဂျီရိုနာ တို့နဲ့ ခြေစွမ်းပွဲတွေကစားထားပြီး နောက်ဆုံးပွဲမှာတော့ အလ်ချီကို ဂရစ်ဇ်မန်းရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရပြီး ဂျိုအန်ကမ်ပါဖလားကို ရရှိထားပါတယ်။

 
ဗီလာရီးရဲကတော့  ဒီနှစ်လာလီဂါအတွက် အာဆင်နယ်နည်းပြဟောင်း အူနိုင်းအန်မေရီကို ခန့်အပ်ပြီး ပြောင်းလဲမှု တွေ တော်တော်များများပြုလုပ်ထားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ကစားရမယ့် ပွဲစဉ်ဟာ ဗီလာရီးရဲအတွက် တတိယမြောက်ပွဲစဉ် ဖြစ်ပြီး အဖွင့်ပွဲစဉ်မှာ တန်းတက်ဟျူးစကားနဲ့ သရေကျပြီး ဒုတိယပွဲမှာတော့ အီဘာကိုအနိုင်ရထားလို့ ရမှတ် ၄ မှတ်နဲ့ အဆင့် ၆ နေရာမှာရပ်တည်နေခဲ့ပါတယ်။ ပါကိုအဲလ်ကာဆာ၊ ဂျပန်မက်ဆီလို့ သိကြတဲ့ တာကာဖူဆာကူဘို၊ ကိုကွီလင်၊ ပါရီဂျို၊ ဂါရိုနီမို ရူလီ၊ ပါဗစ်အက်စ်တူပီနန်၊ ဂျော့ဂျ် ကူရန်ကာ တို့နဲ့ အင်အား ဖြည့်တင်းပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒီနှစ်လာလီဂါအတွက် အာဆင်နယ်နည်းပြဟောင်း အူနိုင်းအန်မေရီကို ခန့်အပ်ပြီး ပြောင်းလဲမှု တွေ တော်တော်များများပြုလုပ်ထားခဲ့ပါတယ်။
လာလီဂါရာသီအစ နှစ်ပွဲကစားပြီး ရမှတ် ၄မှတ်နဲ့ အဆင့် ၆ နေရာမှာရပ်တည်နေတဲ့ ဗီလာရီးရဲလ်

ဘာစီလိုနာအသင်းက ခြေစမ်းပွဲ သုံးပွဲကစားအပြီး သုံးပွဲ အနိုင်ရထားပြီး ဗီလာရီးရဲလ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ဘာစီလိုနာက အိမ်ကွင်းမှာ ဗီလာ ရီးရဲလ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲ ကစားအပြီး ၁၀ ပွဲ အနိုင်ရထားပါတယ်။ ဘာစီလိုနာတို့ ဗီလာရီးရဲလ်နဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူ ထားနိုင်ပါတယ်။ ဗီလာရီးရဲလ်က လာလီဂါ နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ ဘာစီလိုနာတို့ လာလီဂါ နောက်ဆုံး ၁၂ ပွဲ ကစားအပြီး ၁၁ ပွဲ ရှုံးပွဲ မရှိစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘာစီလိုနာ vs ဗီလာရီးရဲလ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၅၁ ဆ
စက်တင်ဘာလ ၂၈ ရက်, ညနေ ၁:၃၀ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရဆို အိမ်ရှင်အသင်းအတွက် ၁.၅၁ ဆကြေးပေါက်ပြီး သရေအတွက်ကတော့ ၄.၈၀ ဆနဲ့ ၅.၈၀ ဆပေါက်ကြေးရှိနေပါတယ်။ ဘာစီလိုနာတို့ အသင်းကို ပြန်လည်တည်ဆောက်ထားတယ်ဆိုပေမယ့် ဗီလာရီးရဲကတော့ အစဉ်အလာအရဆိုတော့ ငယ်နိုင်လိုဖြစ်နေပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်း ဘာစီလိုနာကို သရေကစားနိုင်တာဟာ ဗီလာရီးရဲလ် အတွက် အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့လို့ အခုတစ်ကြိမ်မှာလည်း ဘာစီလိုနာပဲ ကပ်ပြီး အနိုင်ရသွားမှာပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်