လာလီဂါ ကလပ် ဘာစီလိုနာ ကြယ်ပွင့်လေး လမိုင်း ယာမယ် ကတော့ သူ့ကို GOAT တစ်ဦး ဖြစ်တဲ့ မက်ဆီနဲ့ ခိုင်းနှိုင်း ပြောဆိုနေတာကို သဘောမကျကြောင်း ပြောကြားလာခဲ့ပါတယ်။ ယာမယ်ဟာ မက်ဆီ လိုပဲ အသက်အရွယ် ငယ်ငယ်လေးနဲ့ ဘာစီလိုနာနဲ့ စပိန် အတွက် ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် ဘောလုံး အသိုင်းအဝိုင်းက မက်ဆီနဲ့ ခိုင်းနှိုင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ယာမယ်က “လီယွန်နယ် မက်ဆီနဲ့ နှိင်းယှဉ်ခံရတာက တကယ့်ကို ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းကို ကိုယ်တိုင် ရေးသွားချင်သူပါ။ မက်ဆီဟာ ဘောလုံး သမိုင်းမှာ အကောင်းဆုံးပါ။ ကျွန်တော့် အနေနဲ့ အခုမှ ပထမဦးဆုံး ခြေလှမ်းကို စတင် လှမ်းနေတုန်းပဲ ရှိပါသေးတယ်။ မက်ဆီနဲ့ နှိင်းယှဉ်နေတာတွေက တစ်ခါတလေမှာ ကျွန်တော့် အတွက် အကူအညီ မဖြစ်စေပါဘူး။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးသုံးသပ်သူတွေဟာ ယာမယ်က နောက်ပိုင်း နှစ်တွေ အတွင်းမှာ ဘာစီလိုနာရဲ့ နာမည်ကျော် အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ ကနေ ထွက်တဲ့ အကြီးကျယ် ခမ်းနားဆုံးသော ပါရမီရှင် ကစားသမား ဖြစ်လာဖို့ ရှိနေကြောင်း သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယာမယ်နဲ့ မက်ဆီကို ခိုင်းနှိုင်း ပြောဆိုမှုတွေ မကြာခဏ ဆိုသလို ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ယာမယ်က အသက် အရွယ် အားဖြင့် ၁၇ နှစ်သာ ရှိနေသေးပေမယ့်လည်း ယူရို ၂၀၂၄ ချန်ပီယံ စပိန် လက်ရွေးစင် အသင်းမှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့သလို၊ ဘာစီလိုနာနဲ့ အတူ လာလီဂါ ချန်ပီယံဆု ကိုလည်း ရယူထားနိုင်တာ ဖြစ်ပါတယ်။ ယာမယ်က လာလီဂါ ကလပ် အတွက် အရေးအပါဆုံး ကစားသမား အဖြစ် ခြေစွမ်းပြနေပြီး သူမကစားနိုင်ချိန် မှာတော့ ဘာစီလိုနာက ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
ယမားလ် အနေနဲ့ အချိန်တို အတွင်းမှာ အောင်မြင်မှုတွေ ရရှိနေတာ ဖြစ်ပြီး ဒီလို အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကစားသမားလေးကို မက်ဆီနဲ့ မခိုင်းနှိုင်းဖို့နဲ့ လူငယ်ကစားသမား အတွက် ဖိအား ဖြစ်စေကြောင်း သုံးသပ်ခဲ့ပါတယ်။ ပူယိုးလ်က “ယာမယ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းနေတာက သူ့ အတွက် ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေပါတယ်။ မက်ဆီ လုပ်ခဲ့တာတွေနဲ့ အခု လက်ရှိ လုပ်နေပြတာတွေက အရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းပြီးတော့ မယုံကြည်နိုင်စရာပါ။ ကျွန်တော်တို့ အနေနဲ့ မက်ဆီလို ကစားသမားမျိုး နောက်ထပ် တစ်ကြိမ် တွေ့မြင်ရဖို့ ဆိုတာ တကယ်ကို့ မလွယ်ကူတော့ပါဘူး။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ လမိုင်း ယာမယ် ကိုယ်တိုင်က မက်ဆီနဲ့ နှိင်းယှဉ်ခံရတဲ့ အတွက် ဂုဏ်ယူပေမယ့်လည်း သူ့အတွက် အကူအညီ မဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယာမယ်က လက်ရှိ ရာသီ မှာလည်း လာလီဂါ ဘာစီလိုနာ အတွက် ခြေစွမ်းပြ ကစားနေပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၆ ဂိုး သွင်းကာ ဂိုး ဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.