စပိန် တိုက်စစ် ကြယ်ပွင့် လမင်း ယာမယ် ကတော့ သူ့ အနေနဲ့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့သာ စာချုပ် သက်တမ်းတိုးမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။ ယာမယ်ဟာ အသက် ၁၇ နှစ် အရွယ်သာ ရှိနေသေးပေမယ့်လည်း ဘာစီလိုနာ အတွက်ရော၊ စပိန် လက်ရွေးစင် အသင်း အတွက်ပါ အကောင်းဆုံး ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
ယာမယ်က လာမယ့် ၂၀၂၆ ခုနှစ်မှာ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ ဘက်က သူတို့ရဲ့ မဖြစ်မဖြစ် ကစားသမားလေးကို လက်လွှတ်ရမှာကို စိုးရိမ်နေတာပါ။ ဒီအချိန်မှာ ယာမယ်က သူ့ အနေနဲ့ ဘာစီလိုနာ နဲ့ပဲ စာချုပ် သက်တမ်းတိုးမှာ ဖြစ်ကြောင်း အခုလိုပဲ ကတိပေး စကား ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ယာမယ်က “ဘာစီလိုနာနဲ့ ဘယ်တော့ စာချုပ် လက်မှတ်ထိုးရမလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သိပ်တော့ မကြာဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာစီလိုနာက ကျွန်တော့်ရဲ့ ဘဝ ဖြစ်ပြီးတော့ အသင်းနဲ့ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာစီလိုနာ အတွက်ပဲ ကျွန်တော် ကစားပေးချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒီမတိုင်ခင်က ယာမယ်ဟာ သူ့ရဲ့ ၂၀၂၅ ရည်မှန်းချက်နဲ့ ပတ်သတ် ပြီးတော့ သူ့ အနေနဲ့ ဂိုးတွေ ပိုသွင်းနိုင်ဖို လိုအပ်ကြောင်း၊ ပြီးတော့ ဂိုးဖန်တီးမှု အပိုင်း မှာလည်း အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ဒါတွေက သူ့ အတွက် စိန်ခေါ်မှုတွေ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့ အသင်း ဘာစီလိုနာက ဆုဖလားတွေနဲ့ လွဲချော်ခဲ့ရကြောင်း၊ ၂၀၂၅ မှာ လာလီဂါ ချန်ပီယံဆု၊ ချန်ပီယံလိဂ် ဖလားနဲ့ အခြား ဆုဖလားတွေ ရယူချင်ကြောင်း၊ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်း မှာလည်း ချန်ပီယံ ဖြစ်ချင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
ယာမယ်ဟာ ဘာစီလိုနာ ဂန္တဝင် လီယွန်နယ် မက်ဆီနဲ့လည်း မကြာခဏ ဆိုသလို ခိုင်းနှိုင်း ချီးကျူးခံနေရသူလည်း ဖြစ်ပါတယ်။ လမိုင်း ယာမယ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၇၂ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားခဲ့ပြီးတော့ ဒီရာသီမှာတော့ ၁၆ ပွဲ ကစားကာ ၅ ဂိုး သွင်းပြီး ၉ ဂိုး ဖန်တီးပေးထားပါတယ်။ လက်ရှိ စျေးကွက် တန်ကြေး အရ ဆိုရင်တော့ ယာမယ်က ယူရို ၁၈၀.၃ သန်း တန်ကြေး ရှိနေပြီး ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကစားသမား စာရင်းမှာ စတုတ္ထနေရာမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.