ဘာစီလိုနာ – အယ်လ်မီးရီးယား
ဇာဗီရဲ့ ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် (၁၈) အဖြစ် အယ်လ်မီးရီးယားကို ကြာဿပတေးနဲ့ မနက် အစောပိုင်း နူးကမ့်ပ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဘာစီလိုနာဟာ ၂၀၂၃ ခုနှစ်ကို အနိုင်ရလဒ်နဲ့ အဆုံးသတ်ချင်နေမှာ သေချာပါတယ်။ ဘာစီလိုနာဟာ အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရခဲ့ပြီးနောက် ပြည်တွင်းမှာရော ဥရောပမှာပါ နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ဗလင်စီယာနဲ့ ပွဲမှာ ၁-၁ သရေကျခဲ့ပါတယ်။ ဒါကြောင့် လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ဂီရိုနာနဲ့ ၉ မှတ် အထိ ကွာဟသွားခဲ့ပြီး အမှီ ပြန်လိုက်နိုင်ဖို့ အားစိုက်ရမှာပါ။
အယ်လ်မီးရီးယား ကလည်း လာလီဂါ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ မရခဲ့ပဲ ၁၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၅ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယား အောက်မှာ ကြမ်းတိုက်နေရတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘာစီလိုနာ – ပီနာ၊ ကန်ဆယ်လို၊ အာရာအူဟို၊ ကွန်ဒေ၊ ဘာလ်ဒီ၊ ဂန်ဒိုဂန်၊ ရိုမီအူ၊ ပီဒရီ၊ ရာဖင်ညာ၊ ဖဲလစ်၊ လီဝမ်ဒေါစကီး
အယ်လ်မီးရီးယား – မက်ဆီမီယာနို၊ မွန်တက်စ်၊ ဂွန်ဇာလက်ဇ်၊ ချူမီ၊ ပိုဇို၊ လိုပီ၊ ဘာဘာ၊ အကီမီ၊ အာရီဘက်စ်၊ အမ်ဘာဘာ၊ ဘက်ပ်တစ္စတာအို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၁၀ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘာစီလိုနာက ၉ ကြိမ် နိုင် အယ်လ်မီးရီးယားက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဘာစီလိုနာက ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲ ရှုံးခဲ့ပြီး အယ်လ်မီးရီးယားက ၂ ပွဲ သရေ ၃ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာတော့ ဘာစီလိုနာ နိုင်ရင် ၁.၁၄ ဆ၊ အယ်လ်မီးရီးယား နိုင်ရင် ၁၂.၀၀ ဆနဲ့ သရေဆိုရင် ၇.၆၀ ဆပါ။ Handicap မှာ ဘာစီလိုနာက ၂ လုံး အရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး အရှုံးပါ။ ဘာစီလိုနာဟာ စိတ်ပျက်ဖွယ် ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဗုဒ္ဓဟူးနေ့ ပွဲစဉ် မှာတော့ နိုင်ပွဲ မရသေးတဲ့ အယ်လ်မီးရီးယားကို အနိုင်ယူပြီး ယုံကြည်မှုတွေ ပြန်လည် ရယူသွားမှာ ဖြစ်ပါတယ်။ ဇာဗီရဲ့ အသင်းဟာ အယ်လ်မီးရီးယားနဲ့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၇ ပွဲစလုံးမှာ အနိုင်ရခဲ့ပြီး ၂၀၂၃ ခုနှစ်ကို သက်တောင့်သက်သာ နိုင်ပွဲနဲ့ အဆုံးသတ်သွားနိုင်ဖို့တော့ ရှိနေပါတယ်။
ခန့်မှန်းရလဒ်
ဘာစီလိုနာ ၄-၀ အယ်လ်မီးရီးယား
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.