နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီပေးရဲ့ ခြေစွမ်းပြမှုနဲ့ နိုင်ပွဲ ဆက်ခဲ့တဲ့ ဇာဗီရဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဗီလာရီးရဲယ် ၁ – ၃ ဘာစီလိုနာ

နည်းပြ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပုံစံကောင်းနဲ့ အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဘာစီလိုနာ အတွက် အချိုမြိန်ဆုံး လာလီဂါ နိုင်ပွဲ ဖြစ်ခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ဗီလာရီးရဲယ် အနေနဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပေမယ့် နည်းဗျူဟာပိုင်းအရ မယှဉ်နိုင်ခဲ့လို့ အိမ်ကွင်းမှာ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

လာလီဂါ အမှတ်ပေးဇယား အလယ်အလတ်မှာ ရှိနေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဂါဗီယာ၊ ဒီပေးလ်၊ ဘက်စကွက်၊ ဒီဂျောင်၊ ပီကေးလ်၊ ဂျော်ဒီအယ်လ်ဘာ တို့နဲ့အတူ ဘာစီလိုနာတို့ လူစုံခဲ့ပါတယ်။ ၄-၄-၂ အခြေခံလာတဲ့ ဗီလာရီးရဲယ်မှာတော့ ကာပိုအီ၊ ပါရီဂျို၊ ပီနို၊ ဂိုမက်ဇ်၊ အယ်လ်ဘီယိုတို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစ ကတည်းက အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ အတူ ပရိသတ် အကြိုက် ပွဲဖြစ်ခဲ့ပါတယ်။ အားသန်တဲ့ တောင်ပံ တိုက်စစ် ကနေ ဘာစီလိုနာတို့ ဂိုးရဖို့ အားစိုက်ခဲ့ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ နဲ့အတူ နှစ်ဖက် ခံစစ်မှူးတွေ အလုပ်ရှုပ်ခဲ့ကြပါတယ်။ ဒုတိယပိုင်း ပြန်အစ မှာတော့ ဘာစီလိုနာတို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၄၈ မိနစ်မှာ ဒီဂျောင်က ဦးဆောင်ဂိုး အဖြစ် ရယူပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲချိန် ၇၆ မိနစ်မှာ ချူကွမ်ဇီက ချေပဂိုးအဖြစ် ပြန်ယူပေးခဲ့လို့ ဗီလာရီးရဲယ်တို့ သရေ တစ်မှတ် ရဖို့ နီးစပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းလုံး ခံစစ် ဦးစားပေး ကစားခဲ့ပြီး အမှားစောင့် ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်စေမယ့် ဂိုးကို ဒီပေးလ်က ပွဲချိန် ၈၈ မိနစ်မှာ ရယူ ပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ဂိုးပေးလိုက်ရတဲ့ အတွက် ဗီလာရီးရဲယ်တို့ ဖိအားများခဲ့ပြီး အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ရနိုင်တဲ့ အခြေအနေကြောင့် အမှားများလာခဲ့ပါတယ်။ ပွဲချိန် ၉၀+၄ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကော့တင်ဟိုက အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ပွဲအပြီးမှာ ဘာစီလိုနာတို့ အဝေးကွင်း နိုင်ပွဲ တစ်ပွဲကို အရ ယူသွားနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက

ချန်ပီယံလိဂ် ရှုံးပွဲကြုံခဲ့တဲ့ ဗီလာရီးရဲယ် ကတော့ လာလီဂါ မှာပါ ထပ်ရှုံးခဲ့လို့ အိမ်ကွင်း ၂ ပွဲဆက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရပြီ လို့ပဲ ဆိုရမှာပါ။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ဗီလာရီးရဲယ်

ကစားသမား အင်အားပိုင်း ကွာဟမှု မရှိပေမယ့် ကံကြမ္မာရဲ့ မျက်နှာပေးမှု အရ ဘာစီလိုနာတို့ အသာရခဲ့ပါတယ်။ နည်းပြသစ် လက်ထက် ရုန်းကန်နေရဆဲ ဆိုပေမယ့် လိုချင်တဲ့ ရလဒ်ကိုတော့ ဘာစီလိုနာတို့ ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ ချန်ပီယံလိဂ် ရှုံးပွဲကြုံခဲ့တဲ့ ဗီလာရီးရဲယ် ကတော့ လာလီဂါ မှာပါ ထပ်ရှုံးခဲ့လို့ အိမ်ကွင်း ၂ ပွဲဆက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရပြီ လို့ပဲ ဆိုရမှာပါ။ နည်းပြ နှစ်ဦးရဲ့ အားလုံးနီးပါး ထပ်တူညီကျခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင်မှုတွေ နဲ့အတူ ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား အင်အားပိုင်း အရ ဘာစီလိုနာတို့ အသာရခဲ့တယ် ဆိုတာ ကိုတော့ ငြင်းလို့ မရပါဘူး။ မားဖစ် ဒီပေး၊ ကော့တင်ဟို၊ ဒီဂျောင်တို့ရဲ့ သွင်းဂိုးတွေက ဘာစီလိုနာ အသင်းကို နိုင်ပွဲ ရဖို့ လုံလောက်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဗီလာရီးရဲယ် အနေနဲ့ လာမယ့် စပိန် လာလီဂါ ပွဲစဉ်မှာ ဆီဗီလာ အသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဘာစီလိုနာ ကတော့ ရီးရဲယ်ဘက်တစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်