နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းနဲ့ စာချုပ်သစ် မချုပ်ခင် လာလီဂါ ဖလား အရင် သိမ်းပိုက်ထားချင်တဲ့ ဇာဗီ၊ ရီးရဲလ်မက်ဒရစ်ကို မြန်မြန်ပြောင်းတော့လို့ အမ်ဘာပေးကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ (လာလီဂါ နောက်ဆုံးရ သတင်းများ)

အသင်းနဲ့ စာချုပ်သစ် မချုပ်ခင် လာလီဂါ ဖလား အရင် သိမ်းပိုက်ထားချင်တဲ့ ဇာဗီ၊ ရီးရဲလ်မက်ဒရစ်ကို မြန်မြန်ပြောင်းတော့လို့ အမ်ဘာပေးကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ စတဲ့ သတင်းတွေ အပါအဝင် မတ် ၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာမှာ မကြုံဖူးတာတွေ ပီအက်စ်ဂျီမှာ ကြုံနေရတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ ကစားသမား ဘ၀မှာ ဘယ်တုန်းကမှ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ၂ နှစ် ဆက်တိုက် မလွဲချော်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ ပီအက်စ်ဂျီကို ရောက်ရှိပြီး ၂ နှစ်စလုံးမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခြင်း မရှိဘဲ ၁၆ သင်း အဆင့် ကနေ လှည့်ပြန်နေခဲ့ရပါတယ်။

လာလီဂါ
ရီးယဲလ်မက်ဒရစ်
အက်စ်ပန်ညို
1X2 ရီးယဲလ်မက်ဒရစ် 1.25
ရီးယဲလ်မက်ဒရစ် အာရှ ဟန်းဒီးကပ် -1.75 @ 2.04
ဂိုးပေါ် 3.00 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မနေ့ညက ဘေယန်မြူးနစ်နဲ့ ပွဲမှာလည်း ပီအက်စ်ဂျီတို့ ၂-၀နဲ့ အရေးနိမ့်ပြီးနောက် နှစ်ကျော့ပေါင်း ရလဒ် ၃-၀ ဖြစ်ပြီး ချန်ပီယံလိဂ်ကို နှုတ်ဆက်သွားခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီ အတွက်လည်း ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်နဲ့ ဆိုရင် စောစောစီးစီးပဲ ရေစက်ကုန်တဲ့ အလေ့အထကို ရင်ဆိုင်သွားရပါတယ်။

ဘာစီလိုနာတို့ အခက်ကြုံတိုင်းမှာ ကယ်တင်ပေးနိုင်ခဲ့တဲ့ မက်ဆီ တစ်ယောက် ပီအက်စ်ဂျီ မှာတော့ ချန်ပီယံလိဂ် ဆိုရင် ဘာမှကို မလုပ်ပြနိုင်တော့ပါဘူး။ ချန်ပီယံလိဂ် ဖလားကို ပစ်မှတ်ထားပြီး နာမည်ကျော် ကစားသမားတွေကို ခေါ်ယူကာ ကြိုးစားနေခဲ့ပေမယ့် ပီအက်စ်ဂျီလည်း အခုထိ ဆုဖလားနဲ့ ဝေးကွားနေဆဲ ဖြစ်ပါတယ်။


အသင်းနဲ့စာချုပ်သစ် မချုပ်ခင် လာလီဂါ ဖလား အရင်သိမ်းပိုက်ထားချင်တဲ့ ဇာဗီ

စပိန် လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဇာဗီက အသင်းနဲ့ စာချုပ်သစ်မချုပ်ခင်မှာ အမှတ်ပေးဖလားကို ရယူထားချင်နေပါတယ်။ သူ့ကို စာချုပ်သစ်ချုပ်ဖို့ အသင်း ဥက္ကဌ လာပေါ်တာက ပြောဆိုခဲ့ပြီးနောက်မှာ ဇာဗီက အမှတ်ပေးဖလားကို ရယူဖို့အတွက်သာ ပိုမို ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

“ ဥက္ကဌရဲ့ ပြောဆိုခဲ့မှုက ကျနော့်ကို အံ့အားသင့်စေပါတယ်၊ သူက ကျနော်နဲ့ သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်၊ သူ့လို ဥက္ကဌမျိုး ရှိတာ ဘာဆာ အတွက် ကံကောင်းပါတယ်၊ ကျနော် ကတော့ စာချုပ်သစ်ထက် ရလဒ်ကို အရင်ဆုံး လိုချင်ပါတယ်၊ ဒါက ငွေကြေး အတွက်၊ နှစ်ရှည် စာချုပ် အတွက် မဟုတ်ပါဘူး”

“ အသင်း အတွက် ကျနော် ကောင်းကောင်း လုပ်ပေးချင်တာပါ၊ ကစားသမားတွေကို မယုံကြည်ဘူးလို့ ကျနော် ခံစားရတဲ့နေ့မှာ အိမ်ပြန်မှာပါ” လို့ ဇာဗီက ပြောခဲ့ပါတယ်။ ဇာဗီ ကတော့ လာလီဂါ ဖလားကို နည်းပြဘ၀နဲ့ ပထမဆုံး အကြိမ်ရယူနိင်ဖို့ အခြေအနေ ကောင်းနေပြီး ဆုဖလား ရပြီးမှ စာချုပ်သစ် အကြောင်း စဉ်းစားမယ်လို့ ပြောဆိုခဲ့တာပါ။


ရီးရဲလ်မက်ဒရစ်ကို မြန်မြန်ပြောင်းတော့လို့ အမ်ဘာပေးကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ

လာလီဂါ ကလပ် ရီးရဲလ် ကလည်း အမ်ဘာပေး ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီကုန်က ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ရာသီကုန်က အမ်ဘာပေးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်

ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ ဂျင်မီ ကာရေဂါက ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရပြီးနောက် ကီလီယန် အမ်ဘာပေးကို ရီးရဲလ်မက်ဒရစ်ဆီ အမြန်ဆုံး ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ အမ်ဘာပေးက ပီအက်စ်ဂျီနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ၁၆ သင်း အဆင့်ကနေ ထွက်ခွာခဲ့ရပြန်ပြီ ဖြစ်ပါတယ်။

မနေ့ညက ဘေယန်မြူးနစ်ကို ပီအက်စ်ဂျီတို့ အရေးနိမ့် အပြီးမှာ ကာရေဂါက “ အမ်ဘာပေး အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို အမြန်ဆုံး ပြောင်းနိုင်သလောက် ပြောင်းသင့်ပါတယ်၊ ဒါက သူ့အတွက် ပိုကောင်းပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီကို စွန့်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ် ကလည်း အမ်ဘာပေး ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရာသီကုန်က ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက အမ်ဘာပေးကို များပြားလှတဲ့ ငွေကြေးတွေ ပေးချေကာ စာချုပ်သစ် ချုပ်ဆိုခဲ့တာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်