နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖရန်ကီ ဒီယောင်ကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ ဗန်ဒါဗတ် | လာလီဂါ

နယ်သာလန် ကွင်းလယ်လူဟောင်း ရာဖေးလ် ဗန်ဒါဗတ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ် ကြယ်ပွင့် ဖရန်ကီ ဒီယောင်ကို အသင်းပြောင်းကစားဖို့ တိုက်တွန်းလာခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖရန်ကီ ဒီယောင်ဟာ လာလီဂါ ကလပ်မှာ ဒဏ်ရာ ပြဿနာတွေနဲ့ မကြာခဏ ကြုံတွေ့နေရသူ ဖြစ်ပါတယ်။ 

ဖရန်ကီ ဒီယောင်ဟာ ဘာစီလိုနာ အတွက် ၆ ရာသီ အတွင်း လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ပွဲ ပေါင်း ၂၂၀ ကစားပေးထားပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း နှစ်တွေ မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီယောင်ရဲ့ စီနီယာ ကစားသမားဟောင်း ရာဖေးလ် ဗန်ဒါဗတ်က “ဟန်ဂေရီနဲ့ ပွဲမှာ ဒီယောင် ကစားတာ အရမ်းပဲ ကောင်းပါတယ်။ သူ့အနေနဲ့ အခုထက် ပိုကောင်းအောင် ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုအချိန်မှာ ဒီယောင် လိုအပ်နေတာက ကြံ့ခိုင်မှု အပြည့်နဲ့ ကစားနိုင်ဖို့ပါပဲ။ သူဟာ ခြေချင်းဝတ် ထိခိုက်ထားပြီး ဒါကို ဂရုစိုက်နိုင်ဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာက အဲဒါကို ဂရုမစိုက်ပေးနိုင်ပါဘူး။ ဒီယောင် အနေနဲ့ ကစားသမားဘဝ ရှေ့ဆက်ချင်တယ် ဆိုရင်တော့ အေဂျက်စ်ကို ပြန်လည် ပြောင်းရွှေ့ကစားသင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာရဲ့ လက်ရှိ လုပ်ခ လစာ အများဆုံး ကစားသမား တစ်ဦး အဖြစ် ရပ်တည်နေတဲ့ ဒီယောင် ကိုတော့ လာလီဂါ ကလပ် ဘက်ကတော့ ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီယောင်ဟာ ဇာဗီ လက်ထက်မှာ ဘာစီလိုနာရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရရှိနေတာကြောင့် အသင်း အတွက် သက်ရောက်မှု နည်းလာသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အေဂျက်စ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ဒီယောင်ဟာ ကတ်တာလန် ကလပ် အတွက် ပွဲဦးထွက် ရာသီမှာ တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ အနည်းဆုံး ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီယောင်က ပြီးခဲ့တဲ့ ရာသီ မှာတော့ ပွဲပေါင်း ၃၀ သာ ကစားနိုင်ခဲ့သလို ဒီရာသီ မှာလည်း ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ဖရန်ကီ ဒီယောင်ကို ပြီးခဲ့တဲ့ ရာသီတွေထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် ကလည်း ဒီယောင်ကို ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ အသည်းအသန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်သည်။ အဲဒီ အချိန်တုန်းက ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ဖရန်ကီ ဒီယောင်ရဲ့ အပြောင်းအရွှေ့ ပုံပြင်ဟာ တစ်ထောင့်တစ်ညထက် ရှည်လျားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ကစားသမား ဘက်က ငြင်းဆန် ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်