နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုယ်ဝန် ပျက်ကျ ဆုံးရှုံးခဲ့တဲ့ ကလေးကို စော်ကား ပြောဆိုတဲ့ ဘယ်နာကို ထိုးကြိတ်ခဲ့တဲ့ ဗယ်လ်ဗာဒီ၊ အကောင်းဆုံး ပြန်လာခဲ့မယ် ဆိုတဲ့ အန်ဆယ်လော့တီ (လာလီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

ကိုယ်ဝန် ပျက်ကျ ဆုံးရှုံးခဲ့တဲ့ ကလေးကို စော်ကား ပြောဆိုတဲ့ ဘယ်နာကို ထိုးကြိတ်ခဲ့တဲ့ ဗယ်လ်ဗာဒီ၊ အကောင်းဆုံး ပြန်လာခဲ့မယ် ဆိုတဲ့ အန်ဆယ်လော့တီ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ ညနေခင်းရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုယ်ဝန် ပျက်ကျ ဆုံးရှုံးခဲ့တဲ့ ကလေးကို စော်ကား ပြောဆိုတဲ့ ဘေနာကို ထိုးကြိတ်ခဲ့တဲ့ ဗယ်လ်ဗာဒီ

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဗီလာရီးရဲလ် တို့ရဲ့ လာလီဂါ ပွဲစဉ် ကတော့ နှစ်ဖက် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ဗီလာရီးရဲလ်က အဝေးကွင်းမှာ ၂-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ရီးရဲလ်မက်ဒရစ် ကစားသမား ဖက်ဒရစ်ကို ဗယ်လ်ဗာဒီက ဗီလာရီးရဲလ် ကစားသမား အဲလက်စ် ဘေနာကို ကားပါကင်မှာ သွားစောင့်ကာ ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အေစီမီလန်
နာပိုလီ
1X2 အေစီမီလန် @ 2.76
နာပိုလီ ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.25 @ 2.61
ဂိုးပေါ် 2.50 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ ကိုပါဒယ်ရေး ပွဲမှာလည်း ဘေနာက “မွေးမှာ မဟုတ်တော့တဲ့ မင်းကလေး အကြောင်း တွေပြီး ငိုနေလိုက်တော့” ဆိုပြီး ဗယ်ဗာဒီကို ပြောဆို တိုက်ခိုက်ခဲ့သလို မနေ့ည ကလည်း ထပ်မံ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗယ်လ်ဗာဒီက ကားပါကင်မှာ သွားစောင့်နေခဲ့ပြီး “ ကွင်းထဲမှာ မင်းပြောခဲ့တဲ့ ငါ့သား အကြောင်း ထပ်ပြောစမ်း”လို့ ဆိုကာ ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ဘေနာ ကလည်း ပြန်ထိုးခဲ့ပေမယ့်လည်း သူပဲ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒီဖြစ်ရပ်ကို စပိန် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပြီလို့ သိရပါတယ်။ The Athletic သတင်းဌာနက ရီးရဲလ်မက်ဒရစ် အသင်းကို ဆက်သွယ် မေးမြန်းမှုတွေ လုပ်ခဲပေမယ့်လည်း မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဘေနာရဲ့ အေးဂျင့် ကလည်း အဖြစ်အပျက်ကို သူမသိဘူး ဆိုပြီး တုန့်ပြန်ထားပါတယ်။


ချဲလ်ဆီးနဲ့ ပွဲမှာ အကောင်းဆုံး ပြန်လာမယ် ဆိုတဲ့ အန်ဆယ်လော့တီ

လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၃နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက ချဲလ်ဆီးနဲ့ ပွဲမှာ သူ့ အသင်း အနေနဲ့ ပြန်လည် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ရီးရဲလ်ဟာ ဘာစီလိုနာကို ကိုပါဒယ်ရေးမှာ အနိုင်ရခဲ့ပေမယ့် ဗီလာရီးရဲလ်ကို အရေးနိမ့်ခဲ့ပြီး အဆင့် ၂ နေရာ အတွက်ပါ စိုးရိမ်စရာတွေ ရှိသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အန်ဆယ်လော့တီက ‘စိတ်ပိုင်းဆိုင်ရာမှာ ရာနှုန်းပြည့် ဖြစ်ဖို့ အတွက် ခက်ခဲ့ပါတယ်၊ အဲဒီလို မဖြစ်ဘူး ဆိုရင် ကွင်းထဲမှာ ပိုကောင်းအောင် လုပ်ရမှာပါ၊ ဒါပေမယ့် ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး၊ ဗုဒ္ဓဟူးနေ့ (ချဲလ်ဆီးနဲ့ပွဲ) က တခြား ဇာတ်လမ်း တစ်ခုပါ၊ ကျနော်တို့ အကောင်းဆုံး ပြန်လာမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လာလီဂါ အိမ်ကွင်း ပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၂-၃နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက ချဲလ်ဆီးနဲ့ ပွဲမှာ သူ့ အသင်း အနေနဲ့ ပြန်လည် ရုန်းထွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
လာလီဂါ အဆင့် ၃ နေရာ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်

မနေ့က ပွဲမှာတော့ ရီးရဲလ်ဟာ ဝါရင့်ကစားသမားတွေ ဖြစ်တဲ့ တိုနီ ခရူးစ်၊ လူကာ မိုဒရစ် တို့ကို အနားပေးခဲ့ပြီး ဘန်ဇီမာ ကိုလည်း လူစားလဲလှယ်ခဲ့ပါတယ်။ ဒုတိယပိုင်း မှသာ မိုဒရစ်၊ ကာမာဗင်ဂါ၊ မီလီတောင်၊ ဗယ်လ်ဗာဒီ တို့လို အဓိက ကစားသမားတွေ လူစားလဲ ဝင်ရောက်ခဲ့ကြပြီး ချဲလ်ဆီးနဲ့ ပွဲကို ပိုပြီး အာရုံစိုက်ခဲ့တယ် ဆိုတာ ထင်ရှားခဲ့ပါတယ်။


ရော်နယ်ဒိုကို တစ်ဂိုး အသာနဲ့ အနိုင်ယူလိုက်ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ မနေ့ညက ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ နိုက်စ် ဘက်ကို ၁ ဂိုး သွင်းပြီး ခြေစွမ်းပြခဲ့ပါတယ်။ ပီအက်စ်ဂျီက ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ မက်ဆီက ၁ ဂိုး သွင်းခဲ့သလို အသင်းဖော် ဆာဂျီယို ရာမို့စ်ရဲ့ ဂိုး အတွက်လည်း ဖန်တီးပေးခဲ့ကာ ဂိုးပေါက်ပျောက်၊ ဂိုးဖန်တီးမှု မလုပ်နိုင်တာတွေ ကိုပါ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ဥရောပမှာ ကလပ် သွင်းဂိုးပေါင်း ၇၀၂ ဂိုး အထိ ရရှိခဲ့ပြီ ဖြစ်ကာ သူ့ရဲ့ အစဉ်အလာ ပြိုင်ဘက် ရော်နယ်ဒိုထက် ၁ ဂိုး အသာရရှိသွားပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ ၇၀၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပြီး မက်ဆီက နှာတစ်ဖျား အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် လီဂူးဝမ်း မှာတော့ ပီအက်စ်ဂျီက ဒုတိယနေရာက လန်းစ်ကို ၆ မှတ် ဖြတ်ကာ ဦးဆောင်နေပါတယ်။ လက်ကျန် ၈ ပွဲသာ ကျန်ရှိတော့လို့ ဆုဖလား အတွက် ပီအက်စ်ဂျီတို့ ခြေချော်လို့ ရမှာ မဟုတ်တော့ပါဘူး။ ဒီရာသီမှာ လန်းစ်က ရှုံးပွဲ ၃ ပွဲတည်းသာ ရှိထားပြီး ဒါဟာ ပီအက်စ်ဂျီ ထက်တောင်မှ ၂ ပွဲလျော့နည်းနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်