နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | လာလီဂါ

အခုတစ်ခါ မှာတော့ ဒီကနေ့ ညပိုင်း အထိ ရရှိထားသမျှ လာလီဂါ ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာသီသစ် မစခင် ကစားသမား ၈ ဦးကို ရှင်းထုတ်ချင်နေတဲ့ ရီးရဲယ်

လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အသင်း ကတော့ ရာသီသစ် မစတင်ခင် ကစားသမား ၈ ဦးကို တပြိုင်နက်ထဲ ရှင်းထုတ်နိုင်ဖို့ မျှော်လင့်နေကြောင်း Daily Mail အပါအဝင် သတင်းဌာန တချို့မှာ ဖော်ပြလျက် ရှိပါတယ်။

ရီးရဲယ်မက်ဒရစ်က အလိုမရှိတော့တဲ့ ကစားသမား ၈ ဦး စာရင်း မှာတော့ မာကို အဆန်စီရို၊ ဒန်နီ ဆယ်ဘာလော့စ်နဲ့ ဂျပန် မက်ဆီ တာကာဖူဆာ ကူဘိုတို့ ထိပ်ဆုံးက ပါဝင်နေပါတယ်။ အဲ့နောက် ဘရိုဟာ မာယိုရယ်၊ အဲလ်ဗာရိုး အိုဒရီယိုဇိုလာ၊ မာရီယာနို ဒီးရာ့ဇ်၊ ဂျီးဆပ်စ် ဗယ်လီဟိုနဲ့ ရိန်နီရာ ဂျီးဆပ်စ် တို့ကိုလည်း ရီးရဲယ်က တတ်နိုင်သမျှ ခပ်မြန်မြန် ရှင်းထုတ်ချင်နေတာ ဖြစ်တယ်။

ပြီးခဲ့တဲ့ ရာသီက နည်းပြဟောင်း အန်ဆယ်လော့တီရဲ့ လမ်းညွှန်မှုနဲ့ ချန်ပီယံလိဂ်မှာ ၁၄ ကြိမ်မြောက် စံချိန်တင် ချန်ပီယံ ဖြစ်ခဲ့သလို လာလီဂါ ဆုဖလားကို ၃၅ ကြိမ်မြောက် ရရှိခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ လက်ရှိ အပြောင်းအရွှေ့မှာ မာဆယ်လို၊ အစ္စကို၊ ဘေးလ်၊ လူကာ ယိုဗစ် တို့လို ကစားသမားတွေနဲ့ လမ်းခွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က အကျိုး သက်ရောက်မှု မရှိပဲ ပေးချေနေရတဲ့ လုပ်ခလစာ ပမာဏကို လျှော့ချလိုတာကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ ကစားသမားတွေ အနေနဲ့ အသင်းပြောင်းရဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။

Los Blancos တို့နဲ့ လမ်းခွဲရမယ့် ကစားသမား ၈ ဦးစလုံးကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်း အများအပြား ရှိနေပြီး ရီးရဲယ် အတွက် ပွဲပေါင်း ၂၃၅ ပွဲ ကစားပေးခဲ့တဲ့ အဆန်စီရို ကိုတော့ အစောပိုင်း ကတည်းက ဥရောပ ထိပ်သီး အသင်း အများစုက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အာဆင်နယ်ကို အငှားထွက် ကစားဖူးတဲ့ ဆယ်ဘာလော့စ် ကတော့ ငယ်ဘဝ ကလပ် ရီးရဲယ်ဘက်တစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေသလို ကူဘို ကတော့ ဆိုစီဒက်စ်နဲ့ သဘောတူညီမှု ရရှိပြီးသား ဖြစ်ပါတယ်။ မာယိုရယ် ကိုတော့ ဂီတာဖေးနဲ့ ဆဲလ်တာ တို့က ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
ရီးယဲလ်မက်ဒရစ်
1X2 ဆယ်တာဗီဂို @ 3.50
ရီးယဲလ်မက်ဒရစ် အာရှ အကျောပေး -0.75 @ 2.25
ဂိုး‌အောက် 2.75 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ခံလူ တစ်ဦး ထပ်မံ ခေါ်ယူဦးမယ့် ဘာစီလိုနာ

ဘာစီလိုနာ အသင်း အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခံစစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဥက္ကဌ ဂျိုအန် လာပေါ်တာက အတည်ပြု ပြောကြားလိုက်ပါတယ်။ လာလီဂါ ထိပ်သီးတို့ အစောပိုင်းမှာ အန်ဒရီရာ ခရစ္စတန်ဆန်ကို အလွတ် ပြောင်းရွှေ့နဲ့ ခေါ်ယူထားပေမယ့် ခံစစ်ပိုင်းကို အင်အား ထပ်ဖြည့်ချင်နေသေးတာ ဖြစ်ပါတယ်။

ကတ်တလန် ကလပ်ဟာ ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေ ရှိနေသလို လောလောဆယ် ယူရို ၁.၃၅ ဘီလျံ လောက် အကြွေးတင်နေပေမယ့် လာပေါ်တာ ဦးဆောင်တဲ့ ဘုတ်အဖွဲ့ ကတော့ ထိပ်တန်း ကစားသမားတွေ တစ်ဦးပြီး တစ်ဦး လက်မရွံ ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ဘာဆာတို့ လဆန်းပိုင်းက အေစီမီလန်က ဖရန့်ခ် ကတ်ဆေးနဲ့ ချဲလ်ဆီးက ခရစ္စတန်ဆန်ကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် လိဒ်စ် တောင်ပံ ကစားသမား ရာဖင်ညာ အတွက် ပေါင် ၄၉ သန်း၊ ရောဘတ် လီဝမ်ဒေါစကီး အတွက် ပေါင် ၃၈ သန်း ပေးချေထားရပါတယ်။ အပိုဆုကြေးတွေသာ ထပ်ပေါင်းရင်တော့ ပေါင်သန်း ၁၀၀ ပတ်လည် သုံးစွဲထားပြီး ဖြစ်ပေမယ့် ဘာစီလိုနာရဲ့ ကစားသမားသစ် ခေါ်ယူမှု ကတော့ ရပ်တန့်လို့ ရသေးပုံ မပေါ်ပါဘူး။

လာပေါ်တာက “အခုက ခံစစ်ပိုင်း အတွက် ပြင်ဆင်ရမယ့် အချိန်ရောက်ပါပြီ။ ဇာဗီက ကစားသမားတွေကို တောက်လျောက် အာရုံစိုက်နေပြီး ကတ်တာလန်မှာ နောက်ထပ် ပျော်ရွှင်မှု တချို့ ပြန်ရဖို့ မျှော်လင့်ပါတယ်။” လို့ TUDN နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး လာပေါ်တာက သူ့ရဲ့ အိမ်မက်ဟာ ဘာစီလိုနာကို ကမ္ဘာ့ပေါ်က စံနမူနာ ထားရတဲ့ အသင်း တစ်သင်း ပြန်ဖြစ်စေချင်ပြီး ဒါကြောင့်လည်း အလုပ် ကြိုုးစားနေတာ ဖြစ်ကြောင်း စီးပွားရေး ဦးပြန် မမော့လာရင်တော့ အရမ်းကို ခက်ခဲနိုင်ကြောင်း သူတို့ အနေနဲ့ အောင်မြင်မှုရဖို့ ကြိုးစားနေပေမယ့် ဒီထက် ပိုပြီး အလုပ်လုပ်ရဦးမှာ ဖြစ်ကြောင်း ဘောလုံးဟာ မစောင့်တတ်တာကြောင့် လုပ်စရာ ရှိတာ ချက်ချင်း ထလုပ်ရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာဟာ သူတို့ရဲ့ ကစားသမားကို ယူနိုက်တက်ထံ ပေါင် ၇၁ သန်းနဲ့ ရောင်းချဖို့ သဘောတူညီထားခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ ကစားဖို့ အမေရိကန် နိုင်ငံကို အပါခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ ဆီက လုပ်ခလစာ ကြွေးကျန် ပေါင် ၁၇ သန်း တောင်းဆိုထားတဲ့ ဖရန်ကီ ဒီယောင်

လက်ရှိမှာ ဘာစီလိုနာတို့ ဆီဗီလာ လူငယ် ကြယ်ပွင့် ဂျူးလ်စ် ကွန်ဒေး ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီး နောက်ခံလူတွေ ဖြစ်တဲ့ ဆီဇာ အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆိုတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ် ကလပ်နဲ့ ညှိနှိုင်းလို့ ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။


အမေရိကန်မှာ ပြုံးပြုံးရွှင်ရွှင် လေ့ကျင်ခန်း ဆင်းနေတဲ့ ဒီယောင်

ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖရန်ကီ ဒီယောင် ကတော့ အင်တာမိုင်ယာမီနဲ့ ခြေစမ်းပွဲ မတိုင်ခင် ဘာစီလိုနာ အသင်းဖော်တွေနဲ့ အတူ ပြုံးပြုံးရွှင်ရွှင်နဲ့ လေ့ကျင်းခန်း ဆင်းနေတယ်လို့ သိရပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ ဒီယောင်ကို ယူနိုက်တက် အသင်းထံ ပေါင် ၇၁ သန်းနဲ့ ရောင်းချဖို့ သဘောတူညီထားခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ ကစားဖို့ အမေရိကန် နိုင်ငံကို အပါခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီယောင်ကို လုပ်ခလစာ ကြွေးကျန် အဖြစ် ပေါင် ၁၇ သန်း ပေးချေဖို့ ကျန်ရှိနေပြီး ကစားသမား ကလည်း အကြွေးမရမချင်း နူးကမ့်ပ် ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ တချို့ သတင်းတွေ မှာတော့ ဒီယောင်ဟာ တန်ဟက်ဂ်နဲ့ တောက်လျောက် အဆက်အသွယ် ရှိပြီး ဆရာဟောင်း ရှိရာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဒီယောင်နဲ့ သူ့ရဲ့ အေးဂျင့် တို့ဟာ ယူနိုက်တက်ရဲ့ လူသိရှင်ကြား စိတ်ဝင်စားကြောင်း ပြသမှုတွေကြောင့် ကတ်တာလန် ကလပ်ကို အကြွေးတောင်းတဲ့ အချိန်မှာ အားနည်းချက် ဖြစ်သွားမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်