နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်ဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကလပ် ဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ ရော်နယ်ဒို | လာလီဂါ

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကလပ် ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းက လက်ရှိ အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး အနေနဲ့ လာလီဂါ ကလပ်မှာ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အမြဲတမ်းလိုလို လူမှုကွန်ရက် စာမျက်နှာတွေမှာ ရီးရဲလ်မက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဆိုရင် ကံကြမ္မာကောင်းတွေ ရရှိလေ့ ရှိတယ်လို့ ပြောဆိုမှုတွေ ကိုလည်း ရော်နယ်ဒိုက လက်မခံပဲ အခုလိုမျိုး တုန့်ပြန် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုက “ရီးရဲလ်မက်ဒရစ်လား၊ ချန်ပီယံလိဂ်မှာ သူတို့ ကံကောင်းလေ့ ရှိတယ် ဆိုပြီး လူတွေ ပြောကြတယ်။ ဒါက မဟုတ်ပါဘူး။ သူတို့ ကံမကောင်းပါဘူး။ သူတို့ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကလပ် ဖြစ်နေလို့ပါပဲ။ အဲဒီမှာ ကစားခွင့်ရခဲ့လို ကျွန်တော် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ကလပ်ရဲ့ ဂိုးသွင်း အများဆုံးလည်း ဖြစ်လာခဲ့တယ်။ ချန်ပီယံလိဂ် ဖလား ၄ ကြိမ်လည်း ရခဲ့တယ်။ ဘာနေဗျူး မှာတော့ ဒါဟာ ကွဲပြားခြားနားတဲ့ ရောင်ဝါ လက္ခဏာ တစ်ခုပါပဲ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာလီဂါ ကလပ် ရီးရဲလ် အတွက် ပွဲပေါင်း ၄၃၈ ပွဲ ကစားပြီး ဂိုး ၄၅၀ သွင်းယူခဲ့သူ ဖြစ်ပါတယ်။
အမ်ဘာပေးကို ချီးကျူးစကား ပြောလိုက်တဲ့ ရော်နယ်ဒို

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ လာလီဂါ ကလပ် ရီးရဲလ် အတွက် ပွဲပေါင်း ၄၃၈ ပွဲ ကစားပြီး ဂိုး ၄၅၀ သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ဒါဟာ တိုက်စစ်မှူး စစ်စစ် အဖြစ် ကစားခဲ့တဲ့ အသင်းဖော်ဟောင်း ကီရင် ဘန်ဇီးမားထက် ၉၄ ဂိုး ပိုများခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လာလီဂါ ကလပ် အတွက် ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အင်တာဗျူးမှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူးသစ် ကီလီယန် အမ်ဘာပေးနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်း ပြောကြားသွားခဲ့ပါသေးတယ်။ ရော်နယ်ဒိုက “ကီလီယန် (အမ်ဘာပေး)ဟာ ရီးရဲလ်မက်ဒရစ်မှာ အရမ်း ကောင်းလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကလပ် အသင်း တည်ဆောက်ပုံက အရမ်း ကောင်းပြီး ခိုင်မာ တောင့်တင်းပါတယ်။ သူတို့မှာ ထူးချွန်တဲ့ နည်းပြနဲ့ ဥက္ကဋ္ဌလည်း ရှိနေပါတယ်။ အဲဒီမှာ သူ အရမ်းကောင်းလာမှာ အသေအချာပါပဲ။” လို့ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး Ballon d’Or ဆု ၅ ကြိမ် ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုက အနာဂတ် ဒီဆု အတွက် အလားအလာ ရှိသူ အများအပြား ရှိနေကြောင်း မှတ်ချက်ပြု ပြောကြားသွားခဲ့ပါသေးတယ်။ ရော်နယ်ဒိုက “ကီလီယန် အမ်ဘာပေး ကလည်း လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ဘယ်လွန်ဒေါဆု ရနိုင်ပါတယ်။ ဟာလန်းနဲ့ ဘယ်လင်ဟမ် တို့လည်း ဖြစ်နိုင်ပါတယ်။ ယာမယ်လည်း အတူတူပါပဲ။ ဒီမျိုးဆက်သစ်တွေက အလားအလာ အများကြီး ရှိနေတယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်