နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မသေချာကြောင်း ပြောလာတဲ့ ရိုဒရီဂို | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် ကြယ်ပွင့် ရိုဒရီဂို ကတော့ အသင်းပြောင်းရွှေ့ဖို့ ရှိနေတယ် ဆိုတဲ့‌ ကောလာဟလတွေ ကို ငြင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူဖြေကြားခဲ့တဲ့ ပုံစံအရ လာလီဂါ ကလပ်မှာ အနာဂတ် ဆက်ရှိဖို့ မသေချာတာကြောင့် ပရိသတ်တွေက စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဆန်တီယာဂို ဘာနေဗျူးကို ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရောက်ရှိလာခြင်းနဲ့ အတူ ရိုဒီရီဂိုဟာ အန်ဆယ်လော့တီရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ မသေချာတော့သူလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ရိုဒရီဂိုကို ခေါ်ယူဖို့ လစ်ဗာပူးလ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ချိတ်ဆင်မှုတွေလည်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ ဒေါ့မန် အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် DAZN နဲ့ အင်တာဗျူးမှာ ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်မှာ ဆက်နေဖို့ ဆန္ဒ ရှိကြောင်း အလေးပေး ပြောကြားခဲ့ပေမယ့် ဆက်ရှိနေဖို့ မသေချာသေးကြောင်းလည်း အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂို ဟာ မက်ဒရစ် ကလပ် ကနေ ထွက်ခွာမလား ဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရှိ မှာတော့ ၄ နှစ် သက်တမ်း ကျန်ရှိနေပါသေးတယ်။
အနာဂတ် မသေချာပေမယ့် ဘာနေဗျူးမှာ ဆက်ရှိနေဖို့ ဆန္ဒရှိတဲ့ ရိုဒရီဂို

မက်ဒရစ်မှာ ထာဝရနေချင်သလားလို့ မေးမြန်းရာမှာတော့ ရိုဒရီဂိုက “ဟုတ်ပါတယ်။ နေချင်ပါတယ်။ ဒါပေမယ့် ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော့်မှာ စာချုပ် ရှိနေပေမယ့် ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် ဒီမှာ ရှိခဲ့တဲ့ နှစ်တွေက ကျွန်တော့် အတွက် ပျော်ရွှင်စရာပါပဲ။” လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

သူရဲ့ မှတ်ချက်ပေး ပြောစကားဟာ မက်ဒရစ် အတွက် စိုးရိမ်ရနိုင်လားလို့ ထောက်ပြခဲ့တဲ့ အခါမှာလည်း ရိုဒရီဂိုက ပြန်လည် ဖြေကြားဖို့ ထပ်မံ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ရိုဒရီဂိုက “ကျွန်တော် ဒီကလပ်မှာ နေချင်ပါတယ်လို့ ကျွန်တော် အမြဲ ပြောဖူးပါတယ်၊ ဒါပေမယ့် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ကြည့်ရအောင်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင် ရိုဒရီဂိုရဲ့ အသင်းဖော်တွေ ကတော့ ဘရာဇီးလ်သားကို ရီးရဲလ်မက်ဒရစ် ကနေ မထွက်ခွာဖို့ အတွက် တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမ်ဘာပေး ရောက်ရှိလာသည့် တိုင်အောင် ရိုဒရီဂိုကို ဆက်လက် ထိန်းသိမ်းထားဖို့ ကလပ် အသင်း တာဝန်ရှိတွေက စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ရိုဒရီဂိုဟာ ၂၀၁၉ ခုနှစ်မှာ ဆန်းတို့စ် ကနေ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကို ရောက်ရှိလာခဲ့ပြီး အချိန်တိုတွင်းမှာပဲ စီနီယာ အသင်းကြီး အတွက် ပွဲထွက်ကစားခွင့် ရခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကြောင့် နည်းပြ စိတ်ကြိုက် ကစားသမား ဖြစ်လာခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုဖလား အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ် အတွက် ၂၁၅ ပွဲ ကစားပြီး ၅၄ ဂိုး သွင်းထားပါတယ်။ ရိုဒရီဂိုဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရှိ မှာတော့ ၄ နှစ် သက်တမ်း ကျန်ရှိနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်