နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ လမ်းခွဲမှု အပေါ် သုံးသပ်ကြည့်ခြင်း | လာလီဂါ

ရီးရဲလ်မက်ဒရစ် ရီးရဲလ်မက်ဒရစ်နဲ့ နည်းပြ ဇာဘီ အလွန်ဆို တို့ကတော့ မနေ့ကပဲ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ လာလီဂါ ကလပ်က အလွန်ဆိုရဲ့ နေရာမှာ အဲလ်ဗာရို အာဘီလိုအာနဲ့ အစားထိုး ခန့်အပ်လိုက်ကြောင်းလည်း ကြေညာသွားခဲ့ပါတယ်။

ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ အပြီးမှာ အသင်းကို တာဝန်ယူတာ ၈ လ (ပွဲပေါင်း ၄၀) တောင် မပြည့်သေးတဲ့ အလွန်ဆိုနဲ့ လမ်းခွဲဖို့ ကလပ် ဘက်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စပိန်လူမျိုး နည်းပြ ဇာဘီ အလွန်ဆိုဟာ ပြီးခဲ့တဲ့ ဇွန်လကမှ ဝါရင့် နည်းပြကြီး ကာလို အန်ဆယ်လော့တီရဲ့ နေရာကို ဆက်ခံ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူ စတင်ကိုင်တွယ်ခဲ့တဲ့ အစောပိုင်း ကာလတွေမှာ ရီးရဲလ်က ရလဒ်တွေ ကောင်းခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ရလဒ်တွေ မတည်မငြိမ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အခု နောက်ဆုံး အဲလ်ကလက်ဆီကို ပြိုင်ဘက် ဘာစီလိုနာကို စပိန်စူပါဖလားမှာ ရှုံးနိမ့်ပြီး ဖလား တစ်လုံး လက်လွှတ်ခဲ့ရချိန်မှာတော့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကို ပြိုင်ပွဲစုံ ၃၄ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ၂၄ ပွဲနိုင်၊ ၄ ပွဲနိုင်၊ ၆ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၇၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

 

လော့စ်ဘလန်ကို တို့ရဲ့ တရားဝင် ထုတ်ပြန်ချက်

လာလီဂါ ထိပ်သီး တို့ရဲ့ ထုတ်ပြန်ချက် မှာတော့ “ကလပ် အသင်းနဲ့ ဇာဘီ အလွန်ဆိုတို့ အကြား နှစ်ဘက် သဘောတူညီမှုအရ ပထမ အသင်းရဲ့ နည်းပြ သက်တမ်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ဖော်ပြထားပါတယ်။ နောက်ထပ် ထုတ်ပြန်ချက် မှာတော့ အဲလ်ဗာရို အာဘီလိုအာက အလွန်ဆိုရဲ့ နေရာမှာ အစားဝင်မယ်လို့ ဖော်ပြထားပြီး အသက် ၄၂ နှစ်အရွယ် နည်းပြသစ်ရဲ့ စာချုပ်သက်တမ်း ကိုတော့ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။ 

 

အာဘီလိုအာ ဆိုတာ ဘယ်သူလဲ

လာလီဂါ ထိပ်သီး တို့ရဲ့ ထုတ်ပြန်ချက် မှာတော့ “ကလပ် အသင်းနဲ့ ဇာဘီ အလွန်ဆိုတို့ အကြား နှစ်ဘက် သဘောတူညီမှုအရ ပထမအသင်းရဲ့ နည်းပြ သက်တမ်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” လို့ ဖော်ပြထားပါတယ်။
စပိန်စူပါဖလား ရှုံးပွဲ အပြီးမှာ အလွန်ဆိုကို ထုတ်ပယ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

အာဘီလိုအာ ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန်လကတည်းက ရီးရဲလ်မက်ဒရစ် လူငယ်အသင်းကို ကိုင်တွယ်နေသလို ၂၀၂၀ ကတည်းက ရီးရဲလ်မက်ဒရစ်ရဲ့ အကယ်ဒမီမှာ နည်းပြဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ စပိန်သားဟာ ၂၀၀၉ ကနေ ၂၀၁၆ အထိ ရီးရဲလ်မက်ဒရစ် အတွက် ၂၃၈ ပွဲ ကစားပေးခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ လာလီဂါ ၁ ကြိမ် ရရှိခဲ့ဖူးပါတယ်။ အာဘီလိုအာဟာ ဇာဘီ အလွန်ဆိုနဲ့ အတူ ကလပ် အသင်းမှာရော နိုင်ငံအသင်း မှာပါ တွဲဖက် ကစားရင်း စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား အပြင် ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတွေ ကိုလည်း ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။

အာဘီလိုအာဟာ သူ့ရဲ့ ရီးရဲလ်မက်ဒရစ် စီနီယာ အသင်းကြီးနဲ့ ပွဲဦးထွက် အဖြစ် ဒုတိယတန်း ကလပ် အဲလ်ဘာစီတေးနဲ့ စပိန်ဘုရင့်ဖလား ၁၆ သင်း အဆင့် ပွဲစဉ်ကို စတင် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ 

 

အလွန်ဆို အတွက် ဆုတောင်းပေးခဲ့ကြသူများ

ပြင်သစ် စူပါစတား ကီလီယန် အမ်ဘာပေး ကတော့ “ဖြတ်သန်းခဲ့ရတဲ့ အချိန်က ခဏတာပဲ ဆိုပေမယ့်၊ ခင်ဗျား လက်အောက်မှာ ကစားခွင့်ရခဲ့တာ၊ ခင်ဗျားဆီ ကနေ သင်ယူခွင့်ရခဲ့တာတွေဟာ ကျွန်တော့် အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဘောလုံးနဲ့ ပတ်သက်ရင် အများကြီး သိကျွမ်းပြီး တိကျ ပြတ်သားတဲ့ အတွေးအခေါ် ရှိတဲ့ နည်းပြ တစ်ယောက် အဖြစ် ကျွန်တော် မှတ်မိနေမှာပါ။ ရှေ့ဆက်မယ့် ခရီးလမ်းမှာ ကံကောင်းပါစေ။”လို့ သူ့ရဲ့ Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အမ်ဘာပေး အပြင် ဒေးဗစ် အလာဘာနဲ့ တခြားသော ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ကလည်း အလွန်ဆိုကို နှုတ်ဆက်ကာ အနာဂတ်မှာ ကံကောင်းပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။

 

ရီးရဲလ်နဲ့ အလွန်ဆို လမ်းခွဲရခြင်းရဲ့ ဖြစ်နိုင်ဖွယ် အကြောင်းရင်းများ

အလွန်ဆိုက ရီးရဲလ်မက်ဒရစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ “ခေတ်သစ် တစ်ခု စတင်ပြီ။” လို့ ပြောခဲ့တာကို အားလုံးလည်း မှတ်မိကြမယ် ထင်ပါတယ်။ ဒါ့အပြင် စပိန်သားက အသင်းကို လျင်မြန်ပြီး ပြိုင်ဘက်ကို တရစပ် ဖိအားပေးတဲ့ High Pressing ကစားဟန်နဲ့ တည်ဆောက်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်း မှာတော့ အလုပ်မဖြစ်ခဲ့ပဲ အမ်ဘာပေးရဲ့ သွင်းဂိုးတွေ အပေါ်မှာပဲ အဓိက မှီခိုခဲ့ရပါတယ်။ အမ်ဘာပေး ဂိုးသွင်းနေသည့်တိုင်အောင် ဖျော်ဖြေမှု မပေးနိုင်တဲ့ တိုက်စစ်ကြောင့် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

အဲဒီနောက် ဗင်နီးစီးယပ်စ် အပါအဝင် စူပါစတား ကစားသမား တချို့နဲ့ သူ့ရဲ့ အကြားမှာ အဖုအထစ်တွေ ရှိလာခဲ့ပြီး ကိုင်တွယ်ရခက်တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပါတယ်။ အလွန်ဆိုဟာ ၂၀၂၅ ခုနှစ်ကုန်ပိုင်း မှာတင် ရာထူးကနေ ထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့ပေမယ့် ၅ ပွဲဆက် အနိုင်ရခဲ့တာကြောင့် သူ့ရဲ့ ရာထူးကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး မှာတော့ စပိန်စူပါဖလား ရှုံးနိမ့်မှုက သူ့နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လက်တွဲမှုကို အဆုံးသတ်သွားစေခဲ့တာ ဖြစ်ပါတယ်။ 

တကယ်တော့ ဇာဘီ အလွန်ဆိုဟာ ပေါပေါပဲပဲ နည်းပြ တစ်ဦး မဟုတ်ပါဘူး။ သူဟာ ဂျာမန် ကလပ် လေဗာကူဆင်နဲ့ အတူ ရှုံးပွဲ မရှိစံချိန်နဲ့ ၂၀၂၄ ဘွန်ဒက်စ်လီဂါဖလား ရယူနိုင်ခဲ့သလို ပိုကယ်ဖလား မှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ဖို့တောင် အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့သူပါ။ ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ် ကိုင်တွယ်ပြီး ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အန်ဆယ်လော့တီက ကစားသမားတွေကို စီမံခန့်ခွဲရာမှာ နာမည်ကြီးပေမယ့် အလွန်ဆို ကတော့ သူ့ရဲ့ နည်းဗျူဟာပိုင်း ကျွမ်းကျင် ပိုင်နိုင်မှုတွေကြောင့် နာမည်ကြီးသူပါ။ 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်လို ကြယ်စင်စု အသင်းကို ကိုင်တွယ်ရာမှာ နည်းဗျူဟာ ကျွမ်းကျင် ပိုင်နိုင်ဖို့ အရေးကြီးသလို ငါသာလျှင် အကောင်းဆုံး ဆိုတဲ့ တစ်ဦးချင်း အတ္တတွေကို ကိုင်စွဲထားတဲ့ ကစားသမားတွေကိုလည်း ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ဒီအချက်မှာတော့ အလွန်ဆိုက ကျရှုံးခဲ့ပါတယ်။ နောက်ပြီး အပေါ်က နှစ်ချက် အပြင် ရီးရဲလ်မက်ဒရစ်လို ကမ္ဘာ့ထိပ်တန်း အသင်းကြီး တစ်သင်း အတွက် နံပါတ် ၁ လိုအပ်ချက်က “နိုင်ပွဲ”ဖြစ်ပါတယ်။ ဒါကို ရအောင် မယူပေးနိုင်ရင်တော့ ဘယ်နည်းပြလာလာ၊ ပါးပါး ပီရက်ဇ်က ဂျောင်းခိုင်းပါလိမ့်မယ်။

နောက်ထပ် ဖြစ်နိုင်ချေ ရှိတဲ့ အကြောင်းအရင်း တစ်ခုက ရီးရဲလ်မက်ဒရစ်ဟာ အရင် ကတည်းက ကွင်းလယ်မှာ စိတ်ချရဲတဲ့ ကွင်းလယ်လူ နှစ်ဦးကို အထိုင်ချမယ်။ ပြီးရင် လျင်မြန်တဲ့ Transition တွေ၊ တောင်ပံတွေကို အားပြု ကစားတာတွေနဲ့ အသားကျနေပြီးသား အသင်းပါ။ ဒါကို အလွန်ဆိုက ခေတ်ပေါ် နည်းဗျူဟာတွေနဲ့ ပြောင်းလဲချင်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပဲ ဒါကလည်း သူနဲ့ အသင်းကြား ခွာပြဲရခြင်း နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကတော့ ထင်မြင်သာတဲ့ အချက်တွေ ဖြစ်ပြီး ကျွန်တော်တို့ မမြင်နိုင်တဲ့ အသင်းတွင်း အခြေအနေအရပ်ရပ်လည်း ရှိနေဦးမှာ သေချာပါတယ်။ သေချာတာ ကတော့ အလွန်ဆို အနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်မှာ ရှေ့ဆက်ရမှာ ဖြစ်လို ရီးရဲလ်မက်ဒရစ် ကလည်း သူတို့ လုပ်စရာ ရှိတာ သူတို့ ဆက်လုပ်ပြီး အကောင်းဆုံး ရှေ့ဆက်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်