နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ် ကစားသမားတွေ ခေါ်ယူဖို့ အပြောင်းအရွှေ့ နောက်ဆုံးရက် အထိ စောင့်ဆိုင်းသွားမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်း ကတော့ ခံစစ် ကစားသမားတွေ ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ နောက်ဆုံးရက်အထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခံစစ်ပိုင်း အတွက် ပြင်သစ် ခံစစ် ကြယ်ပွင့် လီနီ ယိုရိုကို လိုင်လီ ကနေ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ် ကလပ်ရဲ့ တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ရီးရဲလ်မက်ဒရစ်က ပေးချေလိုခြင်း မရှိတာကြောင့် ကစားသမားလေးက ယူနိုက်တက်ဆီ ပါသွားခဲ့ပါတယ်။

ဒါ့အပြင် လာလီဂါ ကလပ်ဟာ ပြီးခဲ့တဲ့ လပိုင်းကပဲ သူတို့ရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ နာချို ဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ် ကလပ် ဆီ လက်လွှတ်ထားခဲ့ရပါသေးတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ ဗဟိုခံစစ်မှာ အန်တိုနီ ရူဒီဂါ၊ အီဒါ မီလီတာအို၊ ဒေးဗစ် အလာဘာတို့ ရှိနေပေမယ့် အလာဘာက တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရဦးမှာ ဖြစ်ပါတယ်။ တကယ်တမ်း ရီးရဲလ်မက်ဒရစ် ခံစစ်မှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲထွက်နိုင်မယ့် ကစားသမားက ရူဒီဂါနဲ့ မီလီတာအို တို့ နှစ်ဦးသာ ရှိနေတာပါ။ ဒီအခြေအနေမှာ ရီးရဲလ်မက်ဒရစ်က စိတ်ချရမယ့် ခံစစ် ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူရမှာလည်း ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ် မန်စီးတီး ကစားသမားဟောင်းနဲ့ စပိန် ဗဟိုခံစစ်မှူး အမ်းမရစ် လာပေါ့တ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်ထိ ခံစစ် ကစားသမား ရှာသွားမယ့် ရီးရဲလ်မက်ဒရစ်

သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ် မန်စီးတီး ကစားသမားဟောင်းနဲ့ စပိန် ဗဟိုခံစစ်မှူး အမ်းမရစ် လာပေါ့တ်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ အမ်းမရစ်ခ် လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ်မှာ ကစားနေပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာတော့ စပိန်ရဲ့ ခံစစ်မှာ ပွဲတိုင်းလိုလို ပွဲထွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် လာပေါ့တ်က စပိန်ရဲ့ ခံစစ်ကြောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ ချန်ပီယံဆု ရရှိရေး အတွက်လည်း အဓိကကျခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ရှိနေတဲ့ လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း သတင်းတွေ မှာတော့ လာပေါ့တ်က ဥရောပ ဘောလုံးရပ်ဝန်းဆီ ပြန်သွားချင်နေတယ်လို့ ဖော်ပြလျက်ရှိပါတယ်။ ဒါကြောင့် အဲလ်နာဆာမှာ တစ်နှစ် လုပ်ခ ယူရို သန်း ၂၀ လောက် ရနေတဲ့ လာပေါ့တ်ကို ရီးရဲလ်မက်ဒရစ်တို့ ခေါ်ယူသွားမလား။ နောက်ထပ် ခံစစ်မှူး တစ်ဦး ထပ်မံ ရှာဖွေမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တချို့သတင်းတွေမှာတော့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ အနေနဲ့ လာမယ့် သုံးပတ် အတွင်း ရာအူးလ် အဆန်စီယို၊ ဂျကော့ပ် ရာမွန်နဲ့ ယိုအန် မာတီနက်ဇ် တို့လို အကယ်ဒမီထွက် အလားအလာရှိတဲ့ ကစားသမားတွေကိုလည်း စောင့်ကြည့်သွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်က ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် ကီလီယန် အမ်ဘာပေးလို ထိပ်တန်း ကစားသမား တစ်ဦးနဲ့ အတူ အသက် ၁၆ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်လေး အန်းဒရစ်ခ် ကိုသာ ခေါ်ယူထားရပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်