နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုဒရစ် နေရာမှာ ဝစ်ဇ်နဲ့ အစားထိုးချင်နေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ လူကာ မိုဒရစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် လေဗာကူဆင် ကွင်းလယ် တိုက်စစ်ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၉ နှစ် ရှိနေပြီ ဖြစ်တဲ့ ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ် ကတော့ အခုရာသီ အကုန်မှာ လာလီဂါ ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကစားသမားသစ် ရှာဖွေလျက်ရှိပြီး ဖလော်ရီယန် ဝစ်ဇ် ကတော့ ထိပ်တန်း ပစ်မှတ် ဖြစ်လာခဲ့တာပါ။ လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖလော်ရီယန် ဝစ်ဇ်ဟာ ဥရောပနဲ့ ကမ္ဘာ့ဘောလုံး ရပ်ဝန်းရဲ့ အနာဂတ်မှာ ထွန်းတောက်လာမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဝစ်ဇ်ရဲ့ အသက်အရွယ် ကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပေါ်လစီနဲ့ ကိုက်ညီနေတာကြောင့် လာလီဂါ ဘီလူး တို့ အနေနဲ့ အရ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ မိုဒရစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဖလော်ရီယန် ဝစ်ဇ်ကို လာမယ့် ဇန်နဝါရီလမှ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ လက်ရှိမှာ လေဗာကူဆင်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်နဲ့ မန်စီးတီး တို့ကလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ် မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝထဲ စတင် ဝင်ရောက်လာတဲ့ ဖလော်ရီယန် ဝစ်ဇ် အနေနဲ့ လေဗာကူဆင် မှာပဲ ၅ ရာသီ ဆက်တိုက် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဝစ်ဇ်ဟာ လေဗာကူဆင်နဲ့ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာ ၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၈ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၁-၂၂ ဘောလုံးရာသီ မှာတော့ ၃၁ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၂-၂၃ ဘောလုံး ရာသီမှာတော့ ဝစ်ဇ်က ၂၅ ပွဲ ကစားကာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ ၄၉ ပွဲ ကစားကာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဝစ်ဇ်ဟာ ဒီရာသီမှာလည်း ၁၀ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

အခုလို ကောင်းမွန်တဲ့ ခြေစွမ်းတွေအရ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ဖလော်ရီယန် ဝစ်ဇ်ကို ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုပြီး ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ပိုင်းကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့တဲ့ တိုနီ ခရူးစ် ကလည်း ဘောလုံးသမား ဘဝ ကနေ အနားယူသွားပြီး ဖြစ်သလို မိုဒရစ် ကလည်း မကြာခင်မှာ အနားယူရဖို့ ရှိနေလို့ အရည်အသွေးမြင့် ကွင်းလယ် ကစားသမား တစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်