နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂို အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ရီးရဲလ်၊ လစာလျှော့ယူပြီး ရီးရဲလ်ဆီကိုသာ ပြောင်းရွှေ့ချင်နေတဲ့ ရူဘင် နီးဗက်စ် | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၉ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂို အတွက် မန်ချက်စတာစီးတီးရဲ့ ကနဦး ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ဘရာဇီးလ်သားကို ကနဦး ယူရို ၆၀ သန်း (ပေါင် ၅၂.၃ သန်း) + နောက်ထပ် အပိုဆုကြေး ယူရို ၂၀ သန်း ပေးချေဖို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ဘရာဇီးလ် တိုက်စစ်မှူး အတွက် အနည်းဆုံး ယူရို သန်း ၈၀ တောင်းဆိုထားပါတယ်။

ဘာစီလိုနာ ကတော့ မန်ချက်စတာစီးတီး ဗဟိုခံစစ်မှူး နေသန် အေခီကို ဝက်စ်ဟမ်း ဆီကနေ ကြားဖြတ်လုယူ ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အေခီကို ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ် တို့က ယူရို ၃၅ သန်း (ပေါင် ၃၀.၅ သန်း၊ ဒေါ်လာ ၄၁.၂ သန်း) ကုန်ကျနိုင်တဲ့ နယ်သာလန်သားကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ လူကြိုက်များတဲ့ ကစားသမားဟောင်း ဂျက်စီ လင်ဂတ် ကတော့ တောင်ကိုရီးယားမှာ ကစားသမား ဘဝ အနားယူတော့မယ်လို့ ကြေညာပြီးနောက် လာလီဂါကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ဆဲလ်တာဗီဂို၊ ဆီဗီလာနဲ့ တန်းဆင်းဇုန်နဲ့ ရုန်းကန်နေရတဲ့ ရီးရဲလ် အိုဗီဒို အသင်းတွေက အင်္ဂလန် လက်ရွေးစင်ဟောင်း အတွက် အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ နေရာတွေ အဖြစ် ရေပန်းစားနေပါတယ်။

ပေါ်တူဂီသားက လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ဖို့ အဲလ်ဟီလာမှာ သူအခု ရရှိနေတဲ့ လစာကို သုံးပုံ နှစ်ပုံ အထိ လျှော့ချဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်က စိတ်ဝင်စားနေပေမယ့် ရီးရဲလ်ကိုပဲ ပြောင်းချင်နေတဲ့ ရူဘင် နီးဗက်စ်

မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် ရူဘင် နီးဗက်စ် ကတော့ လာမယ့် ဆောင်းရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ပေါ်တူဂီသားက လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ဖို့ အဲလ်ဟီလာမှာ သူအခု ရရှိနေတဲ့ လစာကို သုံးပုံ နှစ်ပုံ အထိ လျှော့ချဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

နီကို ဝီလီယမ်စ် ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာကို လူသိရှင်ကြား ငြင်းပယ်ပြီးနောက် လက်ရှိမှာတော့ ကတ်တာလန် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကတော့ ဘီလ်ဘာအို တောင်ပံ ကစားသမားကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လာမယ့်နှစ်တွေမှာ ဂိုးသမား သီဘောက် ကော့တွာစ် နေရာမှာ အစားထိုးဖို့ အက်ဖ်ဘော့ဂ်ရဲ့ အသက် ၁၉ နှစ် အရွယ် ဆွီဒင် ကြယ်ပွင့် ဆိုင်မွန် အဲရစ်ခ်ဆင်ကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

နာမည်ကျော် ဥရုဂွေး တိုက်စစ်မှူး ကာဗာနီ ကတော့ အသက် ၃၈ နှစ် အရွယ်မှာ ကစားသမား ဘဝ ကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကာဗာနီဟာ နာပိုလီ၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်နဲ့ ဗလင်စီယာ အစ ရှိတဲ့ ဥရောပ ထိပ်တန်း ကလပ်တွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ပီအက်စ်ဂျီ မှာတော့ အချိန်အကြာဆုံး ကစားခဲ့ပြီး အောင်မြင်မှု အများဆုံး ရရှိခဲ့ပါတယ်။ ဥရုဂွေး မှာတော့ လူးဝစ် ဆွာရက်ဇ်ရဲ့ နောက် ဒုတိယဂိုးသွင်း အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ လက်ရွေးစင် ကစားသမား ဘဝ ကနေ အနားယူခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၃၉ နှစ် ပြည့်မယ့် ကာဗာနီက အာဂျင်တီးနား ကလပ် ဘိုကာဂျူနီယာနဲ့ ၂၀၂၆ ဒီဇင်ဘာ အထိ စာချုပ်သက်တမ်းတိုးထားပေမယ့် တစ်နှစ် အလိုမှာပဲ အနားယူကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက အသင်းသားတွေ အနေနဲ့ ပွဲကို အပြီးသတ်ဖို့ တည်ငြိမ် အေးဆေးမှု ရှိရမယ်လို့ ဘရိုက်တန်နဲ့ ပွဲအပြီးမှာ သတိပေးခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ အိုဒီဂတ်ရဲ့ အခုရာသီ ပထမဆုံးဂိုး၊ ဘရိုက်တန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ နှစ်ဂိုးပြတ် ဦးဆောင်ထားပြီးမှ တစ်ဂိုး ပြန်ပေးခဲ့ရတာပါ။ ဂိုးပေးလိုက်ရပြီးနောက် အာဆင်နယ်က ဒုတိယ ချေပဂိုး ထပ်ပေးရမယ့် အခြေအနေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အာတေတာက သူ့ရဲ့ အသင်းဟာ တစ်ဂိုး ပြန်မပေးရခင် တတိယဂိုး ထပ်သွင်းခဲ့သင့်တယ် လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်