နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာဂျီယို ရာမို့စ် ပြန်လာမယ့် ကိစ္စ အပေါ်မှာ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရီးရဲလ်မက်ဒရစ် (လာလီဂါ သတင်းများ)

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၅ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆာဂျီယို ရာမို့စ် ပြန်လာမယ့် ကိစ္စ အပေါ်မှာ ဆုံးဖြတ်ချက်ချခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဆာဂျီယို ရာမို့စ်ဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် သမိုင်းမှာ အောင်မြင်မှု အရခဲ့ဆုံးနဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ မကြာသေးမီက အီဒါ မီလီတာအို ပြင်းထန်တဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာရရှိသွားတာကြောင့် တစ်ရာသီလုံးကို လွဲချော်ဖွယ်ရှိတဲ့ အတွက် ပရိသတ်တွေက ရာမို့စ်ကို ပြန်ခေါ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စပိန် ဝါရင့် နောက်ခံ ကစားသမားဟာ ပီအက်စ်ဂျီနဲ့ ယခုနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူပါ။ ရာမို့စ်ဟာ အသက် ၃၇ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီမှာ ပီအက်စ်ဂျီ အတွက် ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမား ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ မီလီတာအို အတွက် ရေတို အစားထိုးခေါ်ယူမှု အဖြစ်ရော ရူဒီဂါ၊ ဒေးဗစ် အလာဘာ တို့လို ကစားသမားတွေ အတွက် အရံ အနေနဲ့ပါ ခေါ်ယူမယ် ဆိုရင် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။

El Debate ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့ အတွက် စဉ်းစားထားခြင်း မရှိဘဲ ဗဟိုခံစစ် ၂ နေရာ အတွက် အလာဘာ၊ ရူဒီဂါ၊ နာချို တို့အပြင် အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ ကာရီလို၊ အော့ဘရာဒေါ်တို့ ရှိနေပြီး ဖာလန်း မန်ဒီကိုပါ ဗဟိုခံစစ် အဖြစ် ပြောင်းလဲ ကစားခိုင်းနိုင်ချေ ရှိနေတယ်လို့ သိရပါတယ်။


ဇာဗီကြောင့် ဘာစီလိုနာကို ပြန်ဖို့ ငြင်းပယ်ခဲ့တဲ့ နေမာ

ဘာစီလိုနာဟာ ယခုနွေရာသီမှာ အဓိကပစ်မှတ်တွေ ထဲက တစ်ခုအဖြစ် ပီအက်စ်ဂျီ ကြယ်ပွင့် နေမာကို ပြန်လည် ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း အမှန်တကယ် ဖြစ်မြောက်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ စပိန် နည်းပြ နူးကမ့်ပ်မှာ ရှိနေသမျှ ကာလပတ်လုံး လာလီဂါ ကလပ် ဟောင်းကို ပြန်လည် ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆော်ဒီကလပ် အယ်လ်ဟီလယ်နဲ့ သဘောတူညီမှု ရခဲ့တဲ့ နေမာ

နေမာရဲ့ အပြောင်းအရွှေ့ကို ပြုလုပ်ဖို့ အတွက် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခက်အခဲရှိမှု အပြင် နည်းပြ ဇာဗီက အသင်း အတွက် အကျိုးအမြတ် ရှိမယ်လို့ မယုံကြည်ခဲ့မှုကြောင့် မအောင်မြင်ခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ဘရာဇီးလ် ကြယ်ပွင့်ဟာ အယ်လ်ဟီလာလ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဘရာဇီးလ် ကြယ်ပွင့်ဟာ ဘာစီလိုနာ နည်းပြ ဇာဗီနဲ့ ပြဿနာတွေ ရှိတာကြောင့် ယခုနွေရာသီမှာ ဘာစီလိုနာကို ပြန်လည် ပြောင်းရွှေ့လိုခြင်း မရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နေမာဟာ စပိန် နည်းပြ နူးကမ့်ပ်မှာ ရှိနေသမျှ ကာလပတ်လုံး လာလီဂါ ကလပ် ဟောင်းကို ပြန်လည် ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။


ဆော်ဒီကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ နောက်ခံလူ

ဘာစီလိုနာနောက်ခံလူ ကလီးမန့် လန်ဂ်လက်ဟာ နူးကမ့်ကနေ နောက်ဆုံးမှာတော့ ထွက်ခွာနိုင်တော့မယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ပြင်သစ် နောက်ခံကစားသမားဟာ ဇာဗီရဲ့အသင်းမှာ လူပိုလို ဖြစ်နေခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ ကြီးမားတဲ့ လစာပမာဏ ကလည်း ဘာစီလိုနာ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
သြစတြေးလျ
အင်္ဂလန်
1X2 အင်္ဂလန် @ 2.89
ဂိုးပေါ် 2.00 @ 2.04
ဂိုးပေါင်း 0-1 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ရာသီမှာ စပါးစ်ကို အငှားထွက် ကစားခဲ့တဲ့ လန်းဂ်လတ် အနေနဲ့ ဒီနွေရာသီမှာ မြောက်လန်ဒန်ကို အပြီးသတ် ပြောင်းရွှေ့နိုင်တယ်လို့ ထင်ခဲ့ပေမယ့်လည်း စပါးရော ဘာစီလိုနာ ကပါ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု မရခဲ့လို့ ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း လန်းဂ်လတ်ကို ခေါ်ယူချင်ပေမယ့် ဘာစီလိုနာ သတ်မှတ်ထားတဲ့စျေးကို မပေးနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ် နောက်ခံလူဟာ ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်