ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် အတွက် ပရီးမီးယားလိဂ် ကလပ် တစ်ခုရဲ့ ယူရို ၄၀ သန်း (ပေါင် ၃၄.၈ သန်း၊ ဒေါ်လာ ၄၆.၉ သန်း) တန် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ အဆိုပြုထားတဲ့ သဘောတူညီချက်ဟာ စဉ်းစားသင့်တယ်လို့ ယုံကြည်ပါတယ်။
ဇန်နဝါရီလ အပြောင်းအရွှေ့ အတွက် လာလီဂါ ကလပ် ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ကတော့ မတည်ငြိမ်ဖြစ်နေတဲ့ မန်ချက်စတာစီးတီး နောက်ခံလူ နေသန် အေခီ ဖြစ်ကြောင်း သိရပါတယ်။
အဲလ် ဟီလယ်လ် ညာနောက်ခံလူ ယာအို ကန်ဆယ်လို၊ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်နဲ့ ဒေါ့မန် နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်တို့ အားလုံးဟာ နောက်ရာသီ မစတင်ခင် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့လိုနေကြကြောင်း Mundo Deportivo က ဖော်ပြပါတယ်။ လာလီဂါ ကလပ် ဘက်ကတော့ ဘဏ္ဍာရေး အခြေအနေအရ ဒီကစားသမားး ၃ ဦးစလုံးကို ခေါ်ယူဖို့ ခက်ခဲဖွယ် ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် ကြယ်ပွင့် ကစားသမား အဒမ် ဝှာတန်ကို ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ကစားသမား အတွက် ပဲလေ့စ် ဘက်က လိုချင်တဲ့ နှုန်းထား ကိုတော့ ပေးချေလိုခြင်း မရှိကြောင်း သိရပါတယ်။
ဘရာဇီးလ် ဝါရင့် တိုက်စစ် ကစားသမား နေမာဟာ ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီနဲ့ ပြန်လည် လက်တွဲဖို့ အင်တာမိုင်ယာမီကို ပြောင်းရွှေ့မှာ မဟုတ်သလို ဥရောပ ကိုလည်း ပြန်လာမှာ မဟုတ်ဘဲ ဆန်းတို့စ်နဲ့သာ စာချုပ်သက်တမ်းတိုးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလက သူ့ရဲ့ ငယ်ဘဝ ကလပ် ဆန်းတို့စ်ဆီ တစ်ကျော့ပြန် ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဆန်းတို့စ်ကို တန်းမဆင်းရအောင် ကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း တံကောက်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီးတဲ့နောက် နေမာက အသင်း အတွက် ၇ ပွဲ ကစား၊ ၅ ဂိုး အထိ သွင်းယူခဲ့ပြီး ဒူးဒဏ်ရာ ထပ်ရခဲ့ပေမယ့် ဆန်းတို့စ် တန်းမဆင်းရအောင် ပါဝင်ကစားပေးခဲ့ပါတယ်။ အခုအချိန် မှာတော့ နေမာဟာ ဒူးဒဏ်ရာ အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် ကြံ့ခိုင်မှု ပြည့်ဝလာအောင် အနားယူနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့ အတူ ပါဝင်ဆင်နွှဲခွင့်ရအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်း ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့ သိရပါတယ်။ အခုလောလောဆယ် မန်စီးတီး နောက်ခံလူတွေ ဖြစ်ကြတဲ့ ဂဗာဒီယိုလ်၊ ရူဘင် ဒီးရာ့စ် တို့ဟာ တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မန်စီးတီးက ဝက်ဖို့ဒ်ဆီ အငှားချခဲ့တဲ့ လူငယ်နောက်ခံလူ မက်စ် အယ်လေနီကို ပြန်လည် ခေါ်ယူထားပါတယ်။
ဒါပေမယ့်လည်း မန်စီးတီးရဲ့ ဇန်နဝါရီ ပစ်မှတ်တွေထဲမှာ ဂူဟီ ပါဝင်နေပြီး တရားဝင် ခေါ်ယူနိုင်မယ့် လမ်းကြောင်းတွေကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။ ဂူဟီကို ခေါ်ယူဖို့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် ကလည်း အခုအချိန်အထိ စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် ဂူဟီ စာချုပ်သက်တမ်းကုန်မယ့် လာမယ့် နွေရာသီ အထိ စောင့်ရဖို့တော့ ရှိနေပါတယ်။
စကော့တလန် ထိပ်သီး ကလပ် ဆဲလ်တစ်ဟာ ၈ ပွဲသာ ကိုင်တွယ်ရသေးတဲ့ နည်းပြ ဝီလ်ဖရက် နန်စီကို ရာထူး ကနေ ထုတ်ပယ်ခဲ့ပြီး ဝါရင့် နည်းပြ မာတင် အိုနီးလ်နဲ့ အစားထိုးခဲ့ပါတယ်။ ဒီဇင်ဘာလ အစပိုင်းကမှ ဆဲလ်တစ် နည်းပြ ဖြစ်လာတဲ့ နန်စီဟာ ၃၃ ရက်သာ ကိုင်တွယ်ခဲ့ရပြီး သူ့လက်ထက် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ်။ အသက် ၇၃ နှစ် အရွယ် အိုနီးလ် အနေနဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ဘရန်ဒန် ရော်ဂျားစ် နုတ်ထွက်သွားခဲ့လို့ ဆဲလ်တစ်ကို ယာယီ တာဝန်ယူခဲ့ပြီး သူ့လက်ထက် ၈ ပွဲမှာ ၇ ပွဲ အထိ အနိုင်ရခဲ့ပါတယ်။
အိုနီးလ်ဟာ ဆဲလ်တစ်ကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ် အထိ ၅ နှစ်ကြာ ကိုင်တွယ်ခဲ့ဖူးပါတယ်။ အိုနီးလ်ဟာ ဆဲလ်တစ်ကို ယခင်ကိုင်တွယ်ခဲ့တဲ့ ၅ နှစ်တာ အတွင်း ဆုဖလား ၇ လုံး ရယူပေးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


