အက်စတွန်ဗီလာ တိုက်စစ်မှူး ဂျွန်ဒူရန် ကိုတော့ ဥရောပထိပ်တန်း ကလပ်တွေနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အဲလ်နာဆာ တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့ ဒူရန် ကို လက်ရှိမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေကြောင်း Football Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူး ဒူရန် ကတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ကမှ မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား ကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုလံဘီယာသားက မကြာသေးခင် ကမှ အက်စတွန်ဗီလာနဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့်ထားပါသေးတယ်။ ဒူရန်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို အနီးစပ်ဆုံး အခြေအနေ အထိ ရောက်ရှိခဲ့သူပါ။ ဒါပေမယ့်လည်း ဒူရန်က အက်စတွန်ဗီလာ မှာပဲ ဆက်ရှိနေခဲ့ပြီး ဒီရာသီမှာတော့ မထင်ပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဒူရန်က အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံမှာ ၁၂ ဂိုး အထိ သွင်းယူကာ သူ့ကို ပီအက်စ်ဂျီနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တို့ကလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေပါသေးတယ်။
အက်စတွန်ဗီလာဟာ ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ဒူရန်ကို စာချုပ်သစ် ချုပ်ဆိုထားပေမယ့် မြင့်မာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင်တော့ ရောင်းထုတ်ဖို့တော့ ရှိနေကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ ဒူရန်က ဒီရာသီမှာ ဗီလာ အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ အထိ ပါဝင် ကစားခွင့် ရထားပြီး သူရခဲ့တဲ့ သွင်းဂိုး ၁၂ ဂိုး ကလည်း လူစားဝင်ပြီးမှ သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒူရန်ဟာ အက်စတွန်ဗီလာနဲ့ မကြာသေးခင် ကမှ စာချုပ်သစ် ချုပ်ဆိုထားတာ ဖြစ်ပေမယ့် အသင်းမှာ တိုက်စစ်မှူး အိုလီ ဝက်ကင်န်ကို ကျော်လွန်ကာ ပွဲထွက် ကစားခွင့် မရတာကြောင့် သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင်တော့ သေချာပေါက် စဉ်းစားလာနိုင်ပါတယ်။ ဗီလာ ကတော့ ဒူရန် အတွက် ပေါင်သန်း ၈၀ လောက် ရရှိဖို့ မျှော်လင့်ထားပြီး ဒီလို မြင့်မာတဲ့ ပြောင်းရွှေ့ကြေး ကိုတော့ အဲလ်နာဆာက ပေးချေနိုင်ဖို့ အသင့် ရှိနေပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ဒူရန် အတွက် ပြောင်းရွှေ့ကြေး အပြင် သူတို့ရဲ့ ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး အန်းဒရစ်ခ် ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အငှားပြန်ချပေးသွားမယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ကမ်းလှမ်းမှုက အခု ဆောင်းဈေးကွက်မှာ ဖြစ်နိုင်ဖို့ ခက်ခဲတဲ့ အတွက် လာမယ့် နွေရာသီ မှသာ ဖြစ်ပေါ်လာနိုင်ပြီး ပီအက်စ်ဂျီနဲ့ အဲလ်နာဆာ တို့ကတော့ ဒူရန် အတွက် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီး နေရာ အတွက် ရေရှည် အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာ ဖြစ်ပြီးတော့ ပီအက်စ်ဂျီ ကတော့ လစ်လပ်နေတဲ့ အမ်ဘာပေးရဲ့ နေရာ အတွက် အစားထိုးချင်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.