ဥရောပရဲ့အစဉ်အလာအရှိဆုံးထိပ်တန်းကလပ်တစ်ခုဖြစ်တဲ့ရီးရဲလ်မက်ဒရစ်ကတော့လာလီဂါပြိုင်ပွဲကနေထွက်ခွာပြီးတခြားလိဂ်တစ်ခုကိုပြောင်းရွှေ့ကစားဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာလီဂါဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်လို့ပြိုင်ပွဲတာဝန်ရှိသူတွေနဲ့တင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။စပိန်မီဒီယာ Sport ရဲ့ဖော်ပြချက်အရရီးရဲလ်မက်ဒရစ်ကသူတို့အလိုရှိတဲ့အတိုင်းအပြောင်းအလဲတွေပြုလုပ်ပေးနိုင်ခြင်းမရှိပါကလာလီဂါပြိုင်ပွဲကိုစွန့်ခွာဖို့စဉ်းစားနေတာဖြစ်ကြောင်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာနောက်ပိုင်းလာလီဂါပွဲစဉ်တွေမှာဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာတောက်လျောက်ကိုဝေဖန်ပြစ်တင်မှုတွေပြုလုပ်နေတာကြောင့်ပြိုင်ဘက်အသင်းတွေရဲ့လှောင်ပြောင်မှုတွေနဲ့လည်းရင်ဆိုင်နေခဲ့ရပါတယ်။
တစ်ဖက်မှာလည်းရီးရဲလ်မက်ဒရစ်အနေနဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကြောင့်ထိခိုက်မှုတွေရှိနေကြောင်းထောက်ခံသူများလည်းရှိနေပါတယ်။ရီးရဲလ်မက်ဒရစ်ဟာအနီးစပ်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့အိုဆာဆူနာနဲ့လာလီဂါပွဲစဉ်မှာလည်းကွင်းလယ်လူဂျူ့ဒ်ဘယ်လင်ဟမ်မဆီမဆိုင်ထုတ်ပယ်ခံရတဲ့အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက်အခုလိုမျိုးသတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဘယ်လင်ဟမ်အနေနဲ့ကွင်းလယ်ဒိုင်ဖြစ်သူကိုဆဲရေးတိုင်းထွားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီးလက်ရှိမှာတော့အဲဒီကိစ္စနဲ့ပတ်သတ်ပြီးစုံစမ်းစစ်ဆေးမှုတွေထပ်မံပြုလုပ်လျက်ရှိပါတယ်။အကယ်၍ဘယ်လင်ဟမ်အနေနဲ့ကွင်းလယ်ဒိုင်ကိုအမှန်တကယ်ဆဲရေးတိုင်းထွာခဲ့ကြောင်းတွေ့ရှိခဲ့ရင်တော့၁၂ပွဲအထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရနိုင်ဖွယ်လည်းရှိနေပါတယ်။

တစ်ချက်ရှိတာကရီးရဲလ်မက်ဒရစ်လိုအစဉ်အလာကြီးမားပြီးပြယုဂ်တစ်ခုလိုဖြစ်နေတဲ့အသင်းတစ်သင်းကိုလာလီဂါဘက်ကဘယ်လိုနည်းနဲ့မှထွက်ခွာခွင့်ပေးသွားဖွယ်တော့မရှိပါဘူး။လာလီဂါဟာရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်၃သုံးရှိနေတာကြောင့်သာပရိသတ်စိတ်ဝင်စားမှုများနေတာဖြစ်ပြီးအကယ်၍ရီးရဲလ်မက်ဒရစ်သာထွက်ခွာသွားခဲ့ရင်တော့ကျိန်းသေပေါက်လိဂ်အတွက်ထိခိုက်မှုတွေရှိလာမှာဖြစ်ပါတယ်။ဒီအချက်ကိုကောင်းကောင်းသိနေတဲ့ရီးရဲလ်မက်ဒရစ်ကလာလီဂါအဖွဲ့ချုပ်ဘက်ကစိုးရိမ်မှုတွေရှိလာအောင်တစ်ဖက်လှည့်နဲ့ဖိအားပေးတဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ့အပြင်ရီးရဲလ်မက်ဒရစ်ဘက်ကသာအတင်းအကြပ်အပြောင်းအလဲတွေပြုလုပ်ခိုင်းမယ်ဆိုရင်လိဂ်အဖွဲ့ချုပ်နဲ့ကလပ်အသင်းတွေအကြားမကြာခင်မှာဆွေးနွေးမှုတွေပြုလုပ်ဖွယ်လည်းရှိနေပါတယ်။
Daily Mail ကတော့ရီးရဲလ်မက်ဒရစ်သာလာလီဂါကနေတခြားလိဂ်ကိုပြောင်းရွှေ့ကစားမယ်ဆိုရင်လက်ခံချင်တဲ့လိဂ်တွေအဆင်သင့်ရှိနေကြောင်းဖော်ပြထားပါတယ်။ရီးရဲလ်မက်ဒရစ်အနေနဲ့လာလီဂါကိုစွန့်ခွာဖြစ်ခဲ့ရင်တော့စီးရီးအေ၊ပြင်သစ်လီဂူးဝမ်းနဲ့ဘွန်ဒက်စ်လီဂါတို့ကလက်ခံဖွယ်ရှိကြောင်းနဲ့ဖီဖာနဲ့ယူအီးအက်ဖ်အေတို့ရဲ့ခွင့်ပြုချက်လည်းလိုအပ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလာလီဂါပြိုင်ပွဲမှာ၃၆ကြိမ်အထိဗိုလ်စွဲထားခဲ့သလိုချန်ပီယံဆုကိုဒုတိယအများဆုံးရရှိထားတဲ့ဘာစီလိုနာထက်လည်း၉ကြိမ်ပိုများပါတယ်။ဒါ့အပြင်မက်ဒရစ်ကချန်ပီယံလိဂ်မှာလည်းချန်ပီယံ၁၅ကြိမ်ဖြစ်ထားပြီးအအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေသလိုကိုပါဒယ်ရေးအကြိမ်၂၀၊စပိန်စူပါဖလား၁၄ကြိမ်၊ယူအီးအက်ဖ်အေစူပါဖလား၆ကြိမ်၊ဖီဖာကလပ်ကမ္ဘာ့ဖလား၆ကြိမ်ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.