နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ညာနောက်ခံလူ နေရာ အတွက် ရေရှည် အစားထိုးဖို့ အာနိုးလ်ကို အရှိန်အဟုန်မြှင့် ကြိုးပမ်းလာဖွယ် ရှိတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီလို့ သိရပါတယ်။

အလက်ဇ္တား-အာနိုးဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ဝင်ရောက်လာချိန်မှာ ကလပ်နဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ အဓိကတော့ လစ်ဗားပူးလ်ဟာ အခုနွေရာသီ အစောပိုင်းမှာ ကလော့ပ် ထွက်ခွာသွားတဲ့ နည်းပြ ရာထူး နေရာ အတွက် ဆလော့တ်ကို ခန့်အပ်ဖို့ စီစဉ်ခဲ့ရသလို အသင်းရဲ့ အပြောင်းအလဲ တချို့ အတွက် ပြင်ဆင်နေရလို့ ဖြစ်ကြောင်း သိရပါတယ်။

ညာနောက်ခံလူ အာနိုးလ် ကိုယ်တိုင် ကတော့ ဒီအခြေအနေတွေကို နားလည် သဘောပေါက်တာကြောင့် စိတ်အေးလက်အေး စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာပဲ အာနိုးလ်ကို လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားကြောင်း ပြသလာခဲ့တာ ဖြစ်ပါတယ်။ အာနိုးလ်ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိလာချိန်မှာ ဥရောပထ ထိပ်သီးကလပ် တော်တော်များများက စိတ်ဝင်စားကြောင်း ပြသလာခဲ့ပြီး အသက် ၂၅ နှစ် အရွယ် ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က အရှိန်အဟုန်မြှင့် ကြိုးပမ်းလာဖို့ ရှိနေတာပါ။

လာလီဂါ ထိပ်သီး ကလပ်ဟာ အာနိုးလ်ကို ပြီးခဲ့တဲ့လက ဆက်သွယ်ခဲ့ထားခဲ့ပြီး လစ်ဗာပူး ကြယ်ပွင့် ကလည် ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပြသထားခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်နဲ့ ယူရို ၂၀၂၄ ခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် အာနိုးလ် အနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ လစ်ဗာပူးလ်နဲ့ လွတ်လပ်စွာ ပြောဆိုဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ လစ်ဗာပူးလ် ကတော့ အာနိုးလ်ရဲ့ စာချုပ် နောက်ဆုံး ခြောက်လ အတွင်း မရောက်ခင်မှာ ခပ်မြန်မြန် ဆုံးဖြတ်ချက်ချဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အလက်ဇန္တား အာနိုးလ်ရဲ့ လစ်ဗာပူးလ်နဲ့ အနာဂတ်က လက်ရှိ အချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် မေလက ကလပ် မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ အာနိုးလ်က လစ်ဗာပူးလ်နဲ့ လာမယ့် ရာသီ အတွက် စဉ်းစားထားပြီးသား ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

အာနိုးလ်က “ပြီးခဲ့တဲ့ရာသီက ရာသီကောင်းတစ်ခု အဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။

အသင်းလိုက် ကစားပုံ ပိုကောင်းလာသလို ချန်ပီယံဆုကိုလည်း စိန်ခေါ်နိုင်ခဲ့တယ်၊ ကြာလေကြာလေ ကျွန်တော်တို့ ပိုပြီး တိုးတက် ကောင်းမွန်လာလေပါပဲ။ ကျွန်တော်တို့ တိုးတက်နေတဲ့ အချိန်တိုင်းက ရာသီကောင်း တစ်ခုလို့ ဆိုနိုင်ပါတယ်။ အကောင်းမြင်စိတ်တွေနဲ့ ရှေ့ဆက်ပြီး နောက်ရာသီမှာ ထပ်ပြီး မျှော်လင့်ချက်ထားရပါမယ်။” လို့ ပြောြကားသွားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ညာနောက်ခံလူကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒန်နီ ကာဗာဟယ် နေရာမှာ အစားထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်သားက လက်ရှိမှာ အကောင်းဆုံး ပုံစံ တစ်ခုကို ထိန်းထားနိုင်ဆဲ ဖြစ်သလို ယူရို ၂၀၂၄ မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကာဗာဟယ်က ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံဆုတွေ ရရှိထားသလို စပိန်နဲ့လည်း ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ထားလို့ ဘယ်လွန်ဒေါဆု အတွက်တောင် မျှော်မှန်းထားနိုင်ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်