နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုရက်ဇ်ကာကို ပစ်မှတ် စာရင်းထဲ ထည့်သွင်းလိုက်တဲ့ ရီးရဲလ်၊ မက်စတန်တူအိုနိုကို ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းမယ့် နာပိုလီ | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ ဘေယန်မြူးနစ်ရဲ့ ကွင်းလယ် ကစားသမား လီယွန် ဂိုရက်ဇ်ကာကို သူတို့ရဲ့ နွေရာသီ ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ ဒီနွေရာသီမှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။‌

မာ့ခ်-အန်ဒရီ တာ စတီဂျန် ကတော့ ဥရောပရဲ့ ထိပ်တန်း ကလပ် အသင်း တစ်သင်း ကသာ ချဉ်းကပ်လာရင် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ စဉ်းစားမှာ ဖြစ်ကြောင်း ဘာစီလိုနာထံ အသိပေးထားကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ တာ စတီဂျန် အတွက် စာချုပ်ဖျက်သိမ်းမယ့် ကိစ္စကို ငြင်းဆိုထားပါတယ်။ ကတ်တာလိုးနီးယား ကလပ်က အသင်းရဲ့ ရေရှည်သစ္စာရှိ ဂိုးသမားကို အတင်းအကြပ် ထွက်ခွာစေဖို့‌ မလိုလားကြောင်း SPORT က ဖော်ပြါတယ်။

ရီးရဲလ်မက်ဒရစ်က ဗင်နီးစီးယပ်စ် ဂျူနီယာ အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရင် အနည်းဆုံး ယူရို ၁၀၀ သန်း (ပေါင် ၈၇.၃ သန်း၊ ဒေါ်လာ ၁၁၇.၇ သန်း) နဲ့ ရောင်းချဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘရာဇီးလ် တောင်ပံ ကစားသမားကို ရောင်းချလို့ ရတဲ့ ရန်ပုံငွေတွေနဲ့ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဗစ်တင်ညာကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ကမ်းလှမ်းမှုကို လာလီဂါ ကလပ် ဘက်က ချက်ချင်း ငြင်းပယ်ဖို့ ရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။
ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ စီစဉ်နေ်တဲ့ နာပိုလီ

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေဟာ ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီ အပေါ် စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က အင်္ဂလန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း ESPN က ဖော်ပြပါတယ်။

နာပိုလီဟာ ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဖရန်ကို မာစတန်တူအိုနိုကို ခေါ်ယူဖို့ ယူရို ၅၀ သန်း (ပေါင် ၄၃.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကမ်းလှမ်းမှုကို လာလီဂါ ကလပ် ဘက်က ချက်ချင်း ငြင်းပယ်ဖို့ ရှိနေကြောင်း Defensa Central က ဖော်ပြပါတယ်။

ဘာစီလိုနာဟာ ဗဟိုနောက်ခံလူသစ် တစ်ဦး ရှာဖွေနေပြီး တော့တင်ဟမ်ဟော့စပါး ကနေ ဟမ်းဘတ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ လူကာ ဗူစကိုဗစ်၊ ဝုဖ်ဘတ်မှာ ခြေစွမ်းပြနေတဲ့ ကွန်စတန်တီနိုစ် ကူလီယာကစ် တို့ကို စိတ်ဝင်စားနေကြောင်း SPORT က ဖော်ပြပါတယ်။

ဘာစီလိုနာ ပရိသတ်တွေ ကတော့ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်နဲ့ နောက်ခံလူ ရော်နယ် အာရူဟိုတို့ ၂ ဦးကို ရှင်းထုတ်ပစ်ဖို့ ဆန္ဒရှိနေကြပြီး အငှား ခေါ်ယူထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကိုတော့ အပြီးသတ် ခေါ်ယူပေးစေလိုနေကြပါတယ်။ ဒီတစ်ခေါက် ကောက်ခံခဲ့တဲ့ စစ်တမ်းတွေ အရ ဒီယောင်၊ အာရူဟို တို့နဲ့ အတူ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး တို့ကို အသင်း ကနေ ရောင်းချပေးဖို့ ပရိသတ်တွေက မဲပေးခဲ့ကြပြီး ၅၄.၆၆ ရာခိုင်နှုန်းသော မဲတွေ ကတော့ ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်