နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်ဇီမာရဲ့ နောက်ကျဂိုးနဲ့ ဗလက်ကာနိုကို အနိုင်ယူခဲ့တဲ့ ရီးရဲယ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

countdown banner

ဗလက်ကာနို ၀-၁ ရီးရဲယ်မက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ လာလီဂါ ပွဲစဉ် ၂၆ မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ဗလက်ကာနိုကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး ကာရင် ဘန်ဇီမာရဲ့ နောက်ကျ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရီးရဲယ်တို့ လာလီဂါ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရမှတ် လိုအပ်နေချိန်မှာ အဝေးကွင်း ကနေ အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပြီး ခြေရည်တူ ကစားနိုင်ခဲ့ပြီးမှ အရှုံးပေးခဲ့ရတဲ့ ဗလက်ကာနို အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အိမ်ရှင် ဗလက်ကာနိုတို့ ဒီနေ့ပွဲ မှာတော့ အဓိက ကစားသမား အစုံအလင်နဲ့ အတူ ရီးရဲယ်မက်ဒရစ် ဆီက တတ်နိုင်သမျှ အမှတ်ရဖို့ အပြည့်အဝ အားစိုက်သွားခဲ့ပြီး အိုင်ရာအိုလာရဲ့ ၄-၂-၃-၁ ကစားကွက် ကလည်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်ခဲ့ပြီး ဘန်ဇီမာ၊ အဆန်စီရို၊ ဗင်နီးစီးယပ်စ် ဂျူနီယာ တိုက်စစ် အတွဲနဲ့ အတူ ကွင်းလယ် မှာတော့ ခရူးစ်၊ မိုဒရစ်၊ ကတ်စီမီယို တို့ပဲ ကစားခဲ့ပါတယ်။ ဒေးဗစ် အလာဘာ ဒဏ်ရာရနေလို့ ခံစစ်မှာ မီလီတောင်နဲ့ နာချို တွဲဖက်လာခဲ့ပြီး ကာဗာဟယ်နဲ့ အစွန် မှာတော့ မန်ဒီနဲ့ ကာဗာဟယ်တို့ ပွဲထွက်လာခဲ့ပါတယ်။

လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ဗလက်ကာနို ကတော့ ထူးထူးခြားခြား ဒီနေ့ပွဲမှာ ရီးရဲယ်ကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဗလက်ကာနို

ပွဲစကတည်း ရီးရဲယ်မက်ဒရစ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ အိမ်ရှင်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၁ မိနစ် မပြည့်ခင်မှာပဲ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အဆန်စီရိုရဲ့ ကန်ချက်ကို ဗလက်ကာနို ဂိုးသမား လူကာဇီဒန်း ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၃၉ မိနစ်မှာ ကတ်စီမီယို ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် VAR က လူကျွံဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ ရီးရဲယ်တို့ ဂိုးမရခဲ့ပါဘူး၊၊ ဒုတိယပိုင်း မှာတော့ ဗလက်ကာနိုရဲ့ မထင်မှတ်ထားတဲ့ ကစားပုံကြောင့် ရီးရဲယ်တို့ တိုက်စစ်ဆင်ဖို့ထက် ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပြီး ကော့တွိုက်စ်လည်း မရပ်မနား ကာကွယ်ခဲ့ရပါတယ်။ ပွဲပြီးခါနီး ၁၀ မိနစ်ထဲ ရောက်လာချိန် မှာတော့ ရီးရဲယ်တို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘင်ဇီမာ-ဗင်နီးစီးယပ်စ် တွဲလုံး ကနေ ဘင်ဇီမာ က အမှားအယွင်း မရှိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် အတွက် ခက်ခဲတဲ့ လာလီဂါ ပွဲစဉ် ဖြစ်ခဲ့ပြီး ဗလက်ကာနိုရဲ့ ဒုတိယပိုင်း ပုံစံကောင်း တစ်ခုကြောင့် အန်ဆယ်လော့တီရဲ့ အသင်း ရှုံးနိမ့်နိုင်တဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ထုံးစံအတိုင်း Final Third ကစားပုံ ကောင်းခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေကြောင့် ရီးရဲယ်တို့ ဂိုးရဖို့ ခက်ခဲခဲ့တာပါ။ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ဗလက်ကာနို ကတော့ ထူးထူးခြားခြား ဒီနေ့ပွဲမှာ ရီးရဲယ်ကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ရီးရဲယ်မက်ဒရစ်တို့ လာလီဂါ အမှတ်ပေးဇယားကို ၉ မှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ဗလက်ကာနို ကတော့ အဆင့် ၁၂ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် မတ်လ ၆ ရက်နေ့မှ ဆိုစီဒက်နဲ့ လာလီဂါ ပွဲစဉ် ဆက်ကစားရဖို့ ရှိပြီး ဗလက်ကာနို ကတော့ မတ်လ ၄ ရက်နေ့မှာ ရီးရဲယ်ဘက်တစ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်