နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဟီလယ်ရဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ရာဖင်ညာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ တောင်ပံ တိုက်စစ် ကစားသမား ရာဖင်ညာ ကတော့ ဆော်ဒီပရိုလိဂ်ရဲ့ မက်မောလောက်တဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ရာဖင်ညာကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အပြင် တစ်နှစ် လုပ်ခ လစာ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ညာကို လာလီဂါ ကလပ် ဘာစီလိုနာက ယူရို သန်း ၁၀၀နဲ့ ရောင်းထုတ်ဖို့ သဘောတူညီခဲ့ပေမယ့်လည်း ကစားသမား ဘက်က ငြင်းဆန် ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

အဲလ်ဟီလာက ရာဖင်ညာကို ၄ နှစ် စာချုပ် အတွက် လစာငွေ ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် ရာဖင်ညာက ဘာစီလိုနာမှာ ဆက်ကစားလိုတဲ့ အတွက် အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ ရာဖင်ညာဟာ လက်ရှိ ဘောလုံးရာသီ လာလီဂါ ပွဲစဉ် ၄ ပွဲမှာ ၃ ဂိုး သွင်းကာ ဂိုးဖန်တီးမှုလည်း ၂ ကြိမ် ပြုလုပ်ထားပါတယ်။ ရာဖင်ညာဟာ လာလီဂါ ကလပ် ဘာစီလိုနာမှာ ၃ ရာသီမြောက် အဖြစ် ဖြတ်သန်းလျက် ရှိပြီး ၉၁ ပွဲ ကစားကာ ၂၃ ဂိုး သွင်းယူထားပါတယ်။

ဒါ့အပြင် အစောပိုင်းမှာ ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ရာဖင်ညာကို အဲလ်ဟီလယ်ရဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ဘက် ဖြစ်တဲ့ အဲလ်နာဆာ ကလည်း ခေါ်ယူချင်ခဲ့သေးပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာက ရာဖင်ညာကို ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲကာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာပါ။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဆော်ဒီမြေကို လာဖို့ ငြင်းဆန်ထားတာကြောင့် လက်ရှိမှာ ရာဖင်ညာ အစား နောက်ထပ် ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီကို ပြောင်းလဲ စဉ်းစားခဲ့ပါတယ်။

အဲလ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာ့ထိပ်တန်းအဆင့် ရှိတဲ့ ကစားသမားကို ခေါ်ယူပြီးနောက်မှာ နာမည်ကြီး ကစားသမားတွေကို ဆက်လက် ခေါ်ယူထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲလ်နာဆာက ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အော့တာဗီယို၊ အဲလက်စ် တဲလက်စ်နဲ့ အမ်းမရစ်ခ် လာပေါ့တ် တို့ကို ဆက်တိုက် ခေါ်ယူ အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ မှာတော့ အဲလ်နာဆာရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အဲလ်ဟီလယ်နဲ့ အဲလ်အစ်တီဟတ် တို့က ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလ်နာဆာ ကလည်း သူတို့ရဲ့ ပြိုင်ဘက်တွေကို အမှီလိုက်ဖို့ အတွက် ကစားသမားကောင်းတွေ ထပ်မံ ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပြီး အန်တိုနီလို ကစားသမားမျိုးကို တောင်ပံမှာ အသုံးချချင်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်