ဘာစီလိုနာတိုက်စစ်ကစားသမားရာဖင်ညာကပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာသူ့အနေနဲ့လာလီဂါကလပ်ကနေထွက်ခွာဖို့နီးစပ်ခဲ့ကြောင်းဝန်ခံလာခဲ့ပါတယ်။ဘရာဇီးလ်လက်ရွေးစင်အသက်၂၈နှစ်အရွယ်တောင်ပံကစားသမားဟာဒီရာသီမှာဘာစီလိုနာအတွက်အထူးခြေစွမ်းပြနေပြီးတော့၂၀၂၅ခုနှစ်ရဲ့ဘယ်လွန်ဒေါဆုအတွက်ရေပန်းအစားဆုံးလည်းဖြစ်နေပါတယ်။
ဒါပေမယ့်လည်းရာဖင်ညာကသူ့အနေနဲ့ပြီးခဲ့တဲ့နွေရာသီတုန်းကဘာစီလိုနာကနေထွက်ခွာဖို့တော်တော်လေးနီးစပ်ခဲ့ပြီးတော့နည်းပြဟန်ဆီဖလစ်ခ်နဲ့ဖုန်းပြောဖြစ်ခဲ့တာကြောင့်သာအသင်းမှာဆက်ရှိနေခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ရာဖင်ညာက “ကိုပါအမေရိကဖလားအပြီးမှာပြဿနာတွေတောက်လျောက်ဖြစ်ခဲ့ပါတယ်။မီဒီယာတွေကရာဖင်ညာဘာစီလိုနာကနေထွက်ခွာလိမ့်မယ်။ဘယ်အသင်းကိုပြောင်းလိမ့်မယ်ဆိုပြီးအမျိုးမျိုးဖော်ပြခဲ့ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအဲဒီအချိန်မှာဘာစီလိုနာကနေထွက်ခွာဖို့စဉ်းစားနေပါပြီ။တစ်နေ့တော့ဟန်ဆီဖလစ်ခ်ကကျွန်တော့်ဆီကိုဖုန်းဆက်ပြီးဆုံးဖြတ်ချက်မချခင်အသင်းနဲ့အတူလေ့ကျင့်ရေးလာလုပ်ပါဦးဆိုပြီးပြောဆိုခဲ့ပါတယ်။ပြီးတော့သူကကျွန်တော့်နဲ့စကားပြောချင်ကြောင်း၊ကျွန်တော့်ကိုလည်းအားကိုးကြောင်းပြောကြားခဲ့ပါတယ်။အဲဒါကြောင့်ဘာစီလိုနာမှာကျွန်တော်ဆက်နေခဲ့တာပါ။”လို့ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်းရာဖင်ညာကိုဘာစီလိုနာကယူရိုသန်း၁၀၀ရရှိရင်ရောင်းထုတ်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ဘာစီလိုနာကအသင်းအတွက်ခြေစွမ်းပြနေတဲ့ကစားသမားကိုထိန်းသိမ်းထားရမယ့်အစားထူးဆန်းစွာနဲ့ပဲသူတို့လိုချင်တဲ့တန်ကြေးရရင်ရောင်းထုတ်သွားဖို့ရှိနေကြောင်းစပိန်မီဒီယာတွေကဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကလာလီဂါကလပ်ကအခု၂၀၂၅နွေရာသီအပြောင်းအရွှေ့မှာမန်ချက်စတာစီးတီးတိုက်စစ်မှူးအာလင်းဟာလန်းကိုခေါ်ယူဖို့အတွက်အသင်းမှာရှိတဲ့ကစားသမားတွေကိုအရင်ဆုံးရောင်းထုတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဟာလန်းကိုခေါ်ယူဖို့အတွက်ဆိုရင်ပြောင်းရွှေ့ကြေးအမြောက်အမြားလိုအပ်မှာဖြစ်တာကြောင့်ဘာစီလိုနာကရာဖင်ညာအတွက်ယူရိုသန်း၁၀၀နဲ့ကမ်းလှမ်းလာရင်လက်ခံသွားဖွယ်ရှိကြောင်းသတင်းတွေကဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်းလက်ရှိမှာတော့ဟာလန်းကမန်စီးတီးနဲ့ကာလရှည်စာချုပ်ချုပ်ဆိုသွားခဲ့ပြီဖြစ်သလိုရာဖင်ညာကလည်းအသင်းအတွက်မရှိမဖြစ်အရေးပါတဲ့ကစားသမားဖြစ်နေတာကြောင့်ကောလာဟလတွေလည်းတိတ်ဆိတ်သွားခဲ့ပြီဖြစ်ပါတယ်။
ရာဖင်ဟာဒီရာသီမှာဘာစီလိုနာအတွက်အထူးခြေစွမ်းပြနေပြီးလာလီဂါအပါအဝင်ပြိုင်ပွဲစုံ၄၂ပွဲမှာ၂၇ဂိုးသွင်းကာဂိုးဖန်တီးမှုအကြိမ်၂၀ပြုလုပ်ထားပါတယ်။ဒါ့အပြင်ရာဖင်ညာရဲ့ဘာစီလိုနာဟာလာလီဂါ၊ချန်ပီယံလိဂ်နဲ့ကိုပါဒယ်ရေးဖလား၃လုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.