စပိန် တောင်ပံ ကြယ်ပွင့်လေး လမိုင်း ယာမယ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဘောလုံး အသိုင်းအဝိုင်း မကြာခင်မှာ အခုထက် ပိုမို တောက်ပလာတော့မယ့် ကစားသမား အဖြစ် သတ်မှတ်ထားကြသလို GOAT ကြီး တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့လည်း ခိုင်းနှိုင်းခံထားရသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာ ဂန္ထဝင် ပူယိုးလ် ကတော့ လမိုင်း ယာမယ်ကို ကမ္ဘာကျော် ဘောလုံးသမား လီယွန်မက်ဆီနဲ့ နှိုင်းယဉ်နေတာကို သဘောမကျပဲ ယာမယ် အတွက် ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေလိမ့်မယ်လို့ သတိပေး စကား ပြောကြားခဲ့ပါတယ်။
ပူယိုးလ်က “ယာမယ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းနေတာက သူ့ အတွက် ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေပါတယ်။ မက်ဆီ လုပ်ခဲ့တာတွေနဲ့ အခု လုပ်နေပြတာတွေက အရမ်းကို အံ့အားသင့်စရာ ကောင်းပြီးတော့ မယုံကြည်နိုင်စရာပါ။ ကျွန်တော်တို့ အနေနဲ့ မက်ဆီလို ကစားသမားမျိုး နောက်ထပ် တစ်ကြိမ် တွေ့ရဖို့ ဆိုတာ တကယ်ကို့ မလွယ်ကူပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် လူငယ်ကစားသမားလေး ယာမယ်ဟာ မက်ဆီ လိုပဲ နာမည်ကျော် ဘာစီလိုနာ ဘောလုံး အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ ကနေ ထွက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ယာမယ်ဟာ မက်ဆီ လိုပဲ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် အသက်ငယ်ငယ်နဲ့ ပွဲထွက်ခွင့်ရခဲ့ပြီးတော့ အမှန်တကယ်လည်း ခြေစွမ်းပြနေနိုင်သူ ဖြစ်ပါတယ်။ လမိုင်း ယာမယ်ဟာ အသက် ၁၆ နှစ် အရွယ်မှာ ကတည်းက ဘာစီလိုနာနဲ့ စပိန် လက်ရွေးစင် အသင်းတွေရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။ ယာမယ်ဟာ လက်ရှိမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြ ကစားနေခဲ့သလို၊ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာလည်း စပိန် အသင်းနဲ့ အတူ ချန်ပီယံဆု ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်က ယူရို ၂၀၂၄ မှာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့သလို၊ Golden Boy ဆုလည်း ရရှိထားပါသေးတယ်။
လမိုင်း ယာမယ် အနေနဲ့ လက်ရှိ ရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါမှာ ၁၅ ပွဲ ပါဝင် ကစားပြီး ၅ ဂိုး သွင်းကာ ဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒါကြောင့် ယာမယ်ကို မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်လာကြပြီး ဒီလို ပြုလုပ်ခြင်းဟာ လူငယ်ကစားသမား တစ်ဦး အတွက် ဖိအားတွေ ဖြစ်စေလိမ့်မယ်လို့ ပူယိုးလ်က မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကားလ်စ် ပူယိုးလ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ တလျှောက်လုံး လာလီဂါ ကလပ် ဘာစီလိုနာ တစ်သင်းတည်းမှာသာ ကစားခဲ့သူ ဖြစ်ပါတယ်။ စပိန် နောက်ခံလူဟောင်းဟာ ဘာစီလိုနာ အတွက် ၁၉၉၉ ကနေ ၂၀၁၄ ခုနှစ် အထိ ကစားသမားဘဝ ပွဲပေါင်း ၃၉၂ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.