နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ဖီဖာဆီ တိုင်ကြားဖို့ စဉ်းစားနေတဲ့ ပီအက်စ်ဂျီ (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၂ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ဖီဖာဆီ တိုင်ကြားဖို့ စဉ်းစားနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ကီလီယန် အမ်ဘာပေးတို့ ပါဝင်တဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ အခုဆိုရင် နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ် တိုက်စစ်မှူးက လာလီဂါ ထိပ်သီး ကလပ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့တော့မယ့် အခြေအနေထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေးဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ယခုနွေရာသီ မှာတော့ လီဂူးဝမ်း ချန်ပီယံတွေဟာ လာမယ့်နှစ်မှာ ပြင်သစ် တိုက်စစ်မှူးကို အလွတ်နဲ့ ထွက်ခွင့်မပေးနိုင်တာကြောင့် ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ အမ်ဘာပေး ကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်နေပြီး လာမယ့်နှစ် နွေရာသီကျရင် ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပုံပါတယ်။ The Telegraph ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေးနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ဖီဖာကို တရားဝင် တိုင်ကြားမှုတွေ ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီက အမ်ဘာပေးဟာ လာမယ့်နှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီးသား ဖြစ်လို့ အသင်းနဲ့ စာချုပ်သစ်လည်း မချုပ်၊ ယခု နွေရာသီမှာလည်း ထွက်ခွာဖို့ မစဉ်းစားဘဲ ပေကပ်နေတာလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
တောင်ကိုရီးယား
ဂျာမနီ
1X2 တောင်ကိုရီးယား (w) @ 8.00
ဂျာမနီ (w) အာရှ အကျောပေး -2.00 @ 2.00
ဂိုး‌ပေါ်် 3.00 @ 2.01
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာရဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပီအက်စ်ဂျီနဲ့ ဒမ်ဘီလီ

အူစမန်နီ ဒမ်ဘီလီဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်လာနေပုံပေါ်ပြီး အသက် ၂၆ နှစ် အရွယ် ကစားသမားရဲ့ စာချုပ် လျော်ကြေး ယူရိုသန်း ၅၀ ဟာ တနင်္လာနေ့ညမှာ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့်တက်သွားပြီ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ပြင်သစ် တောင်ပံကစားသမားက ဘာစီလိုနာ အနေနဲ့ အဲဒီ စာချုပ်လျော်ကြေး အတိုင်း လုပ်ဆောင်လာမှာကို စိုးရိမ်နေတယ်လို့ Le Parisien က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ တနင်္လာနေ့ ညသန်းခေါင် မတိုင်ခင် အထိ ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းသာ ကမ်းလှမ်းမှု ရရှိခဲ့တာ ဖြစ်ပြီး ပြင်သစ် တောင်ပံကစားသမားဟာ ပီအက်စ်ဂျီနဲ့ ဆုကြေးငွေ ပါဝင်တဲ့ တစ်နှစ် လုပ်ခလစာ ယူရိုသန်း ၂၀ နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေးဟာ ယူရိုသန်း ၁၀၀ အထိ မြင့်တက်သွားတာကြောင့် ဘာစီလိုနာက ဒေါ့မန် ကြယ်ပွင့်ဟောင်း အတွက် ပြောင်းရွှေ့ကြေးကို ပြန်လည် ညှိနှိုင်းသွားဖို့ စဉ်းစားနေတယ်လို့ ယူဆရပါတယ်။ ပြင်သစ် တောင်ပံကစားသမား အတွက် ပြောင်းရွှေ့ကြေး များများရမှ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာ ဖြစ်သလို ရော်နယ် အာရူဟို၊ ဆာဂျီ ရောဘတ်တို၊ မားကို့စ် အလွန်ဆို၊ အီနာကီ ပီနာနဲ့ အလက်ဟန်းဒရိုး ဘာလ်ဒီ တို့ကိုလည်း စာချုပ် သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။


ဒမ်ဘီလီရဲ့နေရာမှာ ကြယ်ပွင့်ဟောင်းနဲ့ အစားထိုးဖွယ် ရှိတဲ့ ဘာစီလိုနာ

ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟာ ပြင်သစ် တောင်ပံကစားသမားရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမားကို ရှာဖွေဖို့ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။
ဒမ်ဘီလီ နေရာမှာ ဆန်းချက်ဇ်နဲ့ အစားထိုးဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ အူ့စ်မန် ဒမ်ဘီလီက ပီအက်စ်ဂျီနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာကြောင့် ပြင်သစ် တောင်ပံကစားသမားရဲ့ နေရာမှာ အစားထိုးဖို့ ရွေးချယ်စရာတွေ ရှာဖွေနေပြီ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ သေချာပြီး ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့ဟာ စာချုပ် လျော်ကြေးအစား ပြောင်းရွှေ့ကြေး ပမာဏ တစ်ခုကို ညှိနှိုင်း ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ်ဟာ ပြင်သစ် တောင်ပံကစားသမားရဲ့ နေရာမှာ အစားထိုးမယ့် ကစားသမားကို ရှာဖွေဖို့ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဂျာနယ်လစ် ဂျိုးဆက် ကပ်ဒီဗီလာရဲ့ ပြောကြားချက်အရ ဘာစီလိုနာဟာ ကြယ်ပွင့် ကစားသမားဟောင်း အလက်ဆစ် ဆန်းချက်ဇ်ကို အစားထိုး ခေါ်ယူမှု အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ် အရွယ် ချီလီ လက်ရွေးစင် ကြယ်ပွင့်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ နူးကမ့်မှာ ကစားခဲ့သူဖြစ်ပြီး ၁၄၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၇ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်