နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါပါပီရက်ဇ် သို့မဟုတ် အပြောင်းအရွှေ့ ဂုရုကြီး ဖလော်ရန်တီနို ပီရက်ဇ် | လာလီဂါ

လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ဥက္ကဌကြီး ဖလော်ရန်တီနို ပီရက်ဇ် ကတော့ ပုံစံနှစ်မျိုးနဲ့ အောင်မြင်ကျော်ကြားသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေး အကွက်မြင်မှုတွေကြောင့် တစ်ဖက်မှ သူ့ကို လောဘကြီးသူ တစ်ယောက် အဖြစ် ဝေဖန်ကြပေမယ့် တစ်ဖက်မှာတော့ ရီးရဲလ်မက်ဒရစ်ကို အောင်မြင်မှု လမ်းကြောင်းမှန်ပေါ်မှာ ရှိနေအောင် အစဉ်အမြဲ တည့်မတ်ပေးတတ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခေါင်းကိုင်ဖခင် ပါပါပီရက်ဇ်လိုတောင် တင်စားခံရသူ တစ်ယောက် ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို အကြိမ်ကြိမ် ကြယ်စင်စု အသင်းတွေ အဖြစ် တည်ဆောက်ရာမှာ အဓိက အခန်းကဏ္ဉ ကနေ ပါဝင်ခဲ့တဲ့ ပီရက်ဇ်ဟာ ကစားသမား ခေါ်ယူတဲ့ နေရာမှာလည်း ဆရာတစ်ပါး ဖြစ်ပါတယ်။ အရင်တစ်ချိန်က ရီးရဲလ်မက်ဒရစ်ဟာ ကစားသမားတွေ သက်ဆိုင်ရာ ကလပ်တွေနဲ့ အောင်မြင် ကျော်ကြားလာပြီ ဆိုရင် ကြိုက်ကြေးပေး ခေါ်ယူလေ့ ရှိပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ မက်ဒရစ် ကလပ်ရဲ့ Strategy က ပြောင်းလဲလာပါတယ်။ ပထမ တစ်နည်းက အရင်ဆုံး အသက်ငယ်ငယ် ကြယ်ပွင့် ကစားသမားတွေကို သေချာ ကင်းထောက်ပါတယ်။ ပြီးရင် ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ ခေါ်ယူပြီး အသင်းရဲ့ အကယ်ဒမီမှာ သေချာ ပြုစုပျိုးထောင်ပါတယ်။ တဖြည်းဖြည်း ခြေစွမ်း တက်လာပြီ ဆိုရင် အသင်းကြီးဆီ ဆွဲခေါ်ပြီး ပွဲထုတ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ ဗယ်လ်ဗာဒီ၊ အခု နောက်ဆုံး အာဒါဂူလာ တို့လို ကစားသမားတွေ ဖြစ်ပါတယ်။ ဒါက တနည်းပါ။ 

နောက်တနည်းကတော့ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေကို အချိန် တစ်ခု အထိ ပေးပြီး အငှားချပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ အချိန်ကို ရောက်ပြီဆိုရင် ပြန်ဆွဲသုံးပါတယ်။ အနီးစပ်ဆုံး ဆိုရင်တော့ ဘရာဟင်မ် ဒီးယက်ဇ်ပါ။ ဒီလိုပြောလို့ ရီးရဲလ်မက်ဒရစ် တို့ ငွေလုံးဝ မသုံးဘူးလား ဆိုတော့လည်း မဟုတ်ပါဘူး။ သုံးသင့် သုံးထိုက်တဲ့ ကစားသမား အတွက်တော့ သုံးပါတယ်။ ဥပမာ ဂျူ့ဒ် ဘယ်လင်ဟမ်၊ ချူအာမန်နီ၊ ကာမာဗင်ဂါ တို့ ဖြစ်ပါတယ်။ 

အဲ့ဒီတော့ ဆိုလိုချင်တာက ရီးရဲလ်မက်ဒရစ်ကို အောင်မြင်တဲ့ အသင်း တစ်သင်း အဖြစ် ရေရှည်ရပ်တည်နိုင်အောင် ပါပါပီရက်ဇ် ခင်းပေးနေတဲ့ လမ်းကြောင်းတွေက မျိုးစုံ ရှိပါတယ်။ (ဒီထဲမှာ ထည့်မရေး ဖြစ်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာ တစ်ဘီလီယံတန် ဘာနေဗျူးကွင်းကြီး အဖြစ် အဆင့်မြှင့်တင်ခဲ့တာ၊ ကြော်ငြာ စပွန်ဆာ အပိုင်းတွေ အများကြီး ကျန်ပါသေးတယ်။) ဒါကြောင့်လည်း လာလီဂါ ထိပ်သီး ကလပ်က လက်ရှိမှာ မန်ချက်စတာယူနိုက်တက် ပြီးရင် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကလပ် အဖြစ် ရပ်တည်နိုင်တာ မဆန်းပါဘူး။ 

ဒီနေရာမှာ ကျနော် သဘောကျတဲ့ လုပ်ကွက် တစ်ခုကို ပြောရရင် ဒီရာသီ တိုက်စစ်ပိုင်း အတွက် ပါပါပီရက်ဇ်ရဲ့ အင်အားဖြည့်တင်းမှု ပုံစံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေဈေးကွက်တုန်းက ပါပါပီရက်ဇ် ဟာ အသင်းရဲ့ တိုက်စစ်ကို အားဖြည့်ဖိုအတွက် နည်းပြ အန်ဆယ်လော့တီနဲ့ တိုင်ပင်ပြီး တိုက်စစ်မှူး တစ်ယောက် ရှာဖွေခဲ့ပါတယ်။ ပထမဦးစားပေး ပစ်မှတ် ကတော့ ကီလီယန် အမ်ဘာပေး ဖြစ်ပါတယ်။ ဒါပေမယ့် အမ်ဘာပေးကို ခေါ်ယူဖို အဆင်မပြေဖြစ်ခဲ့တာကြောင့် အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် ပါပါပီရက်ဇ်က စပါး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ စပါး ဘက်က ဟယ်ရီကိန်းကို ယူရိုသန်း ၁၀၀ ဆိုတဲ့ ဈေးကနေ လုံးဝ လျှော့မပေးခဲ့ပါဘူး။ ပီရက်ဇ် ကလည်း ဟယ်ရီကိန်းရဲ့ အသက်အရွယ်နဲ့ ဒီပြောင်းရွှေ့ကြေးဟာ မတန်ဘူး ဆိုပြီး ခပ်မြန်မြန်ပဲ နောက်ဆုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တိုက်စစ် အတွက် ဆီဂန်ဒါ ကလပ် အက်စ်ပန်ညို တိုက်စစ်မှူး ဟိုဆေးလူကို ယူရို ၅ သိန်းတန် အငှားစာချုပ်နဲ့ ခေါ်ခဲ့ပါတယ်။ စာချုပ်ထဲမှာတော့ ခြေစွမ်းကို သဘောကျရင် ယူရို ၁ ဒသမ ၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ 

အခုတော့ ယူရို ၅ သိန်းတန် အငှားကစားသမားက ရီးရဲလ်မက်ဒရစ်တို့ သူ့ကို ခေါ်ယူခဲ့တာက မမှားကြောင်း သက်သေပြနေပါပြီ။ ဟိုဆေးလူက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ၄၇ ပွဲ ပါဝင်ကစားပြီး ၁၇ ဂိုး သွင်းယူပေးထားပါပြီ။ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ လာလီဂါ ကလပ် အတွက် ဗိုလ်လုပွဲ ရောက်စေမယ့် အရေးပါတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့သူဟာ ဟိုဆေးလူ ပါပဲ။ ပြောရမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဂိုးနဲ့တင် သူ့ အတွက် ပေးရတဲ့ ယူရို ၅ သိန်းက တန်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြောရရင် ရီးရဲလ်မက်ဒရစ်က သန်း ၁၀၀ အစား ၅ သိန်း သုံးပြီး ရာသီကုန်ရင် ဖလား ၃ လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေခဲ့ပါပြီ။ အခုလည်း ရာသီအကုန်မှာ အမ်ဘာပေးကို ပြောင်းရွှေ့ကြေး မပေးရပဲ အများကြီး သက်သာတဲ့နှုန်းထားနဲ့ ခေါ်ယူနိုင်တော့မှာပါ။ ဒါကြောင့်လည်း ပီရက်ဇ်ကို အပြောင်းအရွှေ့တွေရဲ့ ဂုရုလို့ တင်စားကြတာ မဆန်းပါဘူး။ ပါပါပီရက်ဇ် ကတော့ ပါပါပီရက်ဇ်ပါပဲ။ ဘယ်တော့မှ လျှော့တွက်လို့ မရတဲ့ Master Mind တစ်ယောက် လို့ပဲ ချီးကျူးရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်