နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘာပေးဟာ ဘယ်လွန်ဒေါကို တစ်ကြိမ်ထက်မက ရနိုင်တယ်လို့ ချီးကျူးလိုက်တဲ့ မိုဒရစ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်မက်ဒရစ် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ် ကတော့ ကီလီယန် အမ်ဘာပေးဟာ သူ မြင်ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ကြောင်း ချီးကျူး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မိုဒရစ်က အမ်ဘာပေးဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ)ကို တစ်ကြိမ်ထက်မက ဆွတ်ခူးနိုင်သူ ဖြစ်လာနိုင်ကြောင်း ခန့်မှန်း သုံးသပ်သွားခဲ့ပါတယ်။

အမ်ဘာပေးနဲ့ ပတ်သက်ပြီး မိုဒရစ်က “သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့မှာ အရင်က မမြင်ဖူးတဲ့ အရာတွေကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ရှိပါတယ်။ အမ်ဘာပေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ကို အထင်ရှားဆုံး ချီးကျူးစရာက သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ နေထိုင်မှု ပုံစံပါပဲ။ သူဟာ အံ့အားသင့်စရာ ကောင်းတဲ့ လူငယ် တစ်ယောက် ဖြစ်ပြီး အလွန်မှ စိတ်ထားနှိမ့်ချကာ အမြဲတမ်း ဟာသဉာဏ် ရှိပြီးတော့ အသင်းဖော်တွေကို ကူညီဖို့ အဆင်သင့် ရှိနေတတ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမ်ဘာပေးက ရီးရဲလ်မက်ဒရစ် အသင်း သမိုင်း တစ်လျှောက်မှာ တစ်ကြိမ် တစ်ခါမှ မရရှိဖူးသေးတဲ့ လာလီဂါ အပါအဝင် ဆုဖလား ၃ လုံး အောင်မြင်မှု ရယူနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။
အမ်ဘာပေးနဲ့ ပတ်သတ်ပြီး ချီးကျူးခဲ့တဲ့ လူကာ မိုဒရစ်

ဆက်လက်ပြီး “သူဟာ အလွန် တည်ငြိမ်တဲ့သူ တစ်ယောက်ပါ။ အပြင်က ကြည့်ရင် သူ့ရာသီဟာ အကောင်းဆုံး မဟုတ်ဘူးလို့ ပြောကောင်း ပြောနိုင်ပေမယ့် သူဟာ ဂိုး ၃၀ ကျော် သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ အကောင်းဆုံး ရာသီ ဆိုရင် ဘယ်လိုဖြစ်မလဲလို့ တွေးကြည့်ပါဦး။ သူက ကျွန်တော် မြင်ဖူးသမျှ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက်ပါ။ ကျွန်တော်က သူ့ကို အသင်း အနိုင်ရအောင် ဆက်ပြီး ကူညီပေးဖို့ ပြောထားပါတယ်။ သေချာတာက သူဟာ ဘယ်လွန်ဒေါဆုကို တစ်ကြိမ်တည်း မဟုတ်ဘဲ အကြိမ်ပေါင်း များစွာ ရရှိနိုင်ပါလိမ့်မယ်။” လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေးဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီ ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေး အတွက် အိမ်မက် ကလပ် ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကစားသမား ဘဝ ပွဲဦးထွက် ရာသီမှာတင်ပဲ ဂိုးတွေ တော်လျောက် သွင်းယူကာ ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် တိုက်စစ်မှူးက ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ပါဝင် ကစားရာမှာ သွင်းဂိုး ၃၀ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် အမ်ဘာပေးဟာ အသင်းနဲ့ အတူ ဥရောပ စူပါဖလားနဲ့ ဖီဖာ ကွန်တီနန်တယ်ဖလား ရရှိထားပြီး ဖလား ၃ လုံး အောင်မြင်မှု လမ်းကြောင်း အပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ၁၉၉၂-၁၉၉၃ ဘောလုံး ရာသီက ရီးရဲလ်အတွက် ပွဲဦးထွက် ရာသီမှာပဲ ၃၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီဗန် ဇာမိုရာနိုရဲ့ စံချိန်ကောင်း တစ်ခုကို ကျော်ဖြတ်နိုင်မယ့် အလားအလာ ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် အမ်ဘာပေးက ရီးရဲလ်မက်ဒရစ် အသင်း သမိုင်း တစ်လျှောက်မှာ တစ်ကြိမ် တစ်ခါမှ မရရှိဖူးသေးတဲ့ လာလီဂါ အပါအဝင် ဆုဖလား ၃ လုံး အောင်မြင်မှု ရယူနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်