ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး ကတော့ ဒီနွေရာသီမှ ပီအက်စ်ဂျီ ကနေ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးက ကြေးနဲ့ လာလီဂါ ကလပ်မှာ မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်သေးပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ရီးရဲလ်မှာ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။
အမ်ဘာပေးက ဂီရိုနာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေးက “ကျွန်တော်က ရီးရဲလ်မက်ဒရစ်လို အသင်းကြီး တစ်သင်းမှာ ပါဝင်ကစားခွင့် ရဖို့ အတွက် အမြဲတမ်း အိမ်မက်မက်ခဲ့ရသူပါ။ အမြဲတမ်း အမြဲတမ်း အမြဲတမ်းကို အိမ်မက်မက်ခဲ့တာပါ။ ဒီအသင်းကြီးကို ရောက်လာတော့လည်း အသင်း အတွက် ဘာမှတောင် မလုပ်ပေးရသေးခင်မှတောင် သူတို့က ကျွန်တော့်ကို ဘုရင် တစ်ပါးလိုမျိုး ကြိုဆိုခဲ့ကြပါတယ်။ ဒါက တကယ့်ကို မယုံနိုင်စရာ ကောင်းလှပါတယ်။ ကျွန်တော့် ဘဝရဲ့ စာမျက်နှာသစ်နဲ့ အတူ အရမ်းကို ပျော်ရွှင်နေရပါတယ်။ ဒီအသင်းမှာ အောင်မြင်မှုတွေ ရယူချင်သလို ဒီအသင်းဆီ ရောက်လာတာ ကလည်း အချိန်ကိုက်ပဲလို့ ထင်ပါတယ်။ ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ သေချာပေါက် အောင်မြင်ပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အမ်ဘာပေး ရီးရဲလ်မက်ဒရစ်မှာ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားပြီး ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ပွဲအများစု မှာတော့ ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ရွေးချယ်မခံရတဲ့ အထိ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးဟာ ထိပ်တန်းအဆင့် ခြေစွမ်း ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်သလို ပုံရိပ်မြင့်မားသူ ဖြစ်တာကြောင့် အများစုက အမ်ဘာပေး မကြာခင် ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ လက်ရှိမှာ နည်းပြ ကာလို အန်ဆယ်လော့တီ အပါအဝင် ရီးရဲလ်မက်ဒရစ် တစ်သင်းလုံးက အမ်ဘာပေး ခြေစွမ်း ပြန်လည် ပြသနိုင်ဖို့ အတွက် အပြည့်အဝ အားပေး ထောက်ခံ ကူညီပေးနေကြပါတယ်။
ဆက်လက်ပြီး အမ်ဘာပေးက ပြင်သစ် လက်ရွေးစင် အသင်း အတွက် ရွေးချယ်မခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ အမ်ဘာပေးက “နိုဝင်ဘာတုန်းက ကျွန်တော် လက်ရွေးစင် အသင်း အတွက် ကစားပေးချင်ခဲ့ပေမယ့် နည်းပြက ကျွန်တော့်ကို မရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် မပြောနိုင်ပါဘူး။ နည်းပြ ဘက်က ပြောမယ် ဆိုရင်တော့လည်း ပြောနိုင်ပါတယ်။” ဆိုပြီး ထုတ်ဖော် ပြောသွားခဲ့ပါတယ်။
အမ်ဘာပေးရဲ့ ရီးရဲလ်မက်ဒရစ် ကတော့ လက်တလော လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က ဘာစီလိုနာကို တစ်ပွဲလျော့ ၂ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဒီဇင်ဘာ ၁၁ ရက်မှာတော့ အတ္တလန္တာနဲ့ အရေးပါတဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.