နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုရဲ့ စံချိန်ကောင်း တစ်ခုကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်လာတဲ့ အမ်ဘာပေး | လာလီဂါ

ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ အသင်းရဲ့ ဂန္ထဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဘောလုံးပြက္ခဒိန် ၁ နှစ်အတွင်း သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပီအက်စ်ဂျီနဲ့ လမ်းခွဲပြီးနောက် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာလည်း ဆက်လက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ 

အမ်ဘာပေးဟာ လာလီဂါ ထိပ်သီး ကလပ်ကို ရောက်ရှိပြီး ပွဲဦးထွက် ရာသီ ပြိုင်ပွဲစုံမှာ ၄၄ ဂိုး အထိ သွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေးက ဒီရာသီ မှာလည်း ပြိုင်ပွဲစုံ ပွဲ ၂၀ သာ ကစားပြီးတော့ ၂၅ ဂိုး သွင်းယူထားသလို ပေါ်တူဂီ GOAT ကြီး ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝက တစ်နှစ်တာ အတွင်း သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ဒီရာသီ လာလီဂါမှာ ၁၆ ပွဲ ကစားကာ ၁၆ ဂိုး သွင်းယူထားပြီး ချန်ပီယံလိဂ်မှာ ၅ ပွဲ ကစား ၉ ဂိုး သွင်းထားတာ ဖြစ်ပါတယ်။

ပြင်သစ် အသင်းခေါင်းဆောင် အမ်ဘာပေးဟာ ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း ၅၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၃ ခုနှစ်တုန်းက ရော်နယ်ဒိုရဲ့ စံချိန် ဖြစ်တဲ့ သွင်းဂိုး ၅၉ ဂိုး ကို ကျော်ဖြတ်နိုင်ဖို့ ၅ ဂိုးသာ လိုတော့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ် မကုန်ခင် ရှိ ဒီဇင်ဘာလ အတွင်း ၃ ပွဲ ကစားဖို့ ကျန်ရှိနေပြီး အဲဒီ ၃ ပွဲမှာ အမ်ဘာပေးက ၅ ဂိုး သွင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ အမ်ဘာပေး အနေနဲ့ လက်တလော ဒဏ်ရာပြဿနာ မရှိပဲ ပုံမှန် ပွဲထွက်ခွင့်လည်း ရမယ် ဆိုရင်တော့ ရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ ဖြစ်နိုင်ခြေ များနေပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂူတီ ကတော့ အမ်ဘာပေး အနေနဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို ဘာပေ ချိုးဖျက်နိုင်မယ်လို့ အခိုင်အမာ ယုံကြည်နေတာ ဖြစ်ပါတယ်။ 

အမ်ဘာပေးဟာ လာလီဂါ ထိပ်သီး ကလပ်ကို ရောက်ရှိပြီး ပွဲဦးထွက် ရာသီ ပြိုင်ပွဲစုံမှာ ၄၄ ဂိုး အထိ သွင်းကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဂန္တဝင်ကစားသမားဟောင်း ရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေတဲ့ အမ်ဘာပေး

စပိန် နာမည်ကျော် သတင်းစာ AS နဲ့ အင်တာဗျူးမှာ ဂူတီက “ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စံချိန်ကို အမ်ဘာပေး သေချာပေါက် ချိုးဖျက်နိုင်မှာပါ။ အခု အမ်ဘာပေးရဲ့ အကောင်းဆုံး ဗားရှင်းကို ကျွန်တော်တို့ မြင်တွေ့နေရတာပါ။ သူ့ရဲ့ ခြေစွမ်းကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က နိုင်ပွဲတွေ ရနေတာ ဖြစ်ပြီး အဲဒီအချက်က အမ်ဘာပေးက အသင်းမှာ ခေါင်းဆောင်နိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်လို့နေပါပြီ။” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ် သမိုင်းတလျှောက် သွင်းဂိုး အများဆုံး စံချိန်ကို အမ်ဘာပေး အနေနဲ့ ချိုးဖျက်နိုင်မလား ဆိုတာ ကိုတော့ ငြင်းဆန်သွားခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဂူတီက “ခရစ္စတီယာနို ရော်နယ်ဒိုကို ဘယ်သူကမှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သူက ရီးရဲလ်မက်ဒရစ်နဲ့ ဘောလုံးလောကမှာ ခေတ် တခေတ်ကို တည်ငြိမ်မှု ရှိတဲ့ စွမ်းဆောင်ရည်နဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီ တို့ကို ကျော်ဖြတ်ချင်တဲ့ ကစားသမားတွေ အတွက် ဆိုရင်တော့ အဲဒီ အချက်က အလွန် အရေးကြီးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒီကနေ့ည ချန်ပီယံလိဂ်မှာ မန်ချက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်ပြီး အမ်ဘာပေး အနေနဲ့ ဂိုးသွင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နှစ်ကုန်အထိ ကစားရမယ့် ပွဲတွေ ကတော့ အလာဗက်စ် (လာလီဂါ)၊ တာလာဗီရာ ဒီလာ ရိန်နာ (ကိုပါဒယ်ရေး)၊ ဆီဗီလာ (လာလီဂါ) တို့နဲ့ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်