နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီကို လာမယ့် ဘောလုံးရာသီမှာ အရ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ် တစ်ခု ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီးရဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီကို လာမယ့် ဘောလုံးရာသီမှာ အရ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာခဲ့ပြီလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅-၂၆ ဘောလုံး ရာသီမှာ အသင်းထံ ရိုဒရီကို ပြောင်းရွှေ့လာစေဖို့ အတွက် ကြိုးပမ်းမှု အစီအစဉ်တွေ စတင် ပြုလုပ်လာခဲ့ပြီ ဖြစ်ကြောင်း စပိန် နာမည်ကြီး သတင်းစာ AS က ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အခုရာသီမှာ သူတို့ အသင်းရဲ့ ဂျာမနီ ဝါရင့်ကစားသမား တိုနီ ခရူးစ် အသင်းမှ ထွက်ခွာသွားခဲ့ပြီးသည့်နောက် ခရူးစ်ရဲ့ နေရာမှာ အစားထိုးဖို့ ရိုဒရီကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်ချက်စတာစီးတီးနဲ့ ရိုဒရီ တို့ရဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၇ အထိ ကျန်ရှိနေပြီး စာချုပ်သက်တမ်း ကတော့ တစ်နှစ်သာ ကျန်ရှိနေတာ ဖြစ်သည်။

မန်စီးတီးဟာ ရိုဒရီနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့်လည်း ရိုဒရီရဲ့ အေးဂျင့် ဖြစ်သူ ကတော့ အခြေအနေ စောင့်ကြည့်နေဆဲ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကသာ ခေါ်ယူလိုရင်တော့ ရာသီအကုန်မှာ ချိတ်ဆက် ဆွေးနွေးချင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီ ကတော့ ရီးရဲလ်မက်ဒရစ် ကသာ ခေါ်ယူခဲ့မယ် ဆိုရင် အခြားသော အောင်မြင်မှုတွေ အတွက် ပြောင်းရွှေ့ဖို့ စဉ်းစားသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက် အရ မန်စီးတီး ဘက်ကလည်း ရီးရဲလ်မက်ဒရစ် ဘက်ကသာ ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့မယ် ဆိုရင် ရောင်းထုတ်ဖို့ စဉ်းစားသွားဖွယ် ရှိနေပါတယ်။

ရိုဒရီ ကတော့ လာလီဂါ ကလပ် ဗီလာရီးရဲလ်မှာ ကစားသမား ဘဝကို စတင်ခဲ့ပြီး ၈၄ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
မန်စီးတီးနဲ့ အတူ အောင်မြင်မှုတွေ ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီကို လာလီဂါ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်မှာ ကစားစဉ် ကတည်းက စောင့်ကြည့်ခဲ့ဖူးပြီး အဲဒီအချိန်ကမှာ အသင်းမှာ ကက်စ်မဲရိုး ရှိနေတာကြောင့် လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ မက်ဒရစ်မြို့ဖွား ကစားသမားကို မက်ဒရစ်မြို့ဆီ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ ရိုဒရီကို ခေါ်ယူမယ့် အသက်အရွယ် ကတော့ ဇီဒန်းကို ဂျူဗင်တပ်စ် ကနေ ခေါ်ယူခဲ့စဉ်က အသက်အရွယ်လည်း ဖြစ်ပါတယ်။ ရိုဒရီရဲ့ အေးဂျင့် ဖြစ်သူ ပါဘလို ဘာကေးရိုး ကတော့ ရီးရဲလ်မက်ဒရစ် ဂန္ထဝင် ကစားသမား ရာအူးလ်ရဲ့ အေးဂျင့်လည်း ဖြစ်သလို ရီးရဲလ်ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်း ဆက်ဆံရေးကောင်းတွေ တည်ဆောက်ထားနိုင်သူလည်း ဖြစ်ပါတယ်။

ရိုဒရီ ကတော့ လာလီဂါ ကလပ် ဗီလာရီးရဲလ်မှာ ကစားသမား ဘဝကို စတင်ခဲ့ပြီး ၈၄ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ အဲ့နောက် အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၄၇ ပွဲ ကစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ခဲ့ပြီး အချိန်တိုတွင်း ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့သူပါ။ ရိုဒရီဟာ မန်ချက်စတာစီးတီး မှာတော့ တစ်ရာသီကို အနည်းဆုံး ပွဲပေါင်း ၅၀ ဝန်းကျင် ကစားခဲ့ပြီး အောင်မြင်မှု များစွာလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ ရိုဒရီဟာ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ခရာဘောင်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဒုတိယ ၁ ကြိမ်၊ စူပါဖလား ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်