နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းအထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒင်ဟို ကြောင့် ဘာဆာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရာဖင်ညာ

၂၀၀၀ ပြည့်နှစ် အကျော်လောက်က ရော်နယ်ဒင်ဟိုရဲ့ ကစားပုံကို ကြည့်ပြီး လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းမှာ ကစားချင်ခဲ့တာ ဖြစ်ကြောင်း ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ညာက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ရာဖင်ညာက “ရော်နယ်ဒင်ဟို ရောက်ရှိချိန်ကစပြီး ဘာစီလိုနာ ကန်တဲ့ ပွဲတွေကို ကြည့်ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို အောင်မြင်ခဲ့သမျှဟာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် အပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း ဒီကို လာချင်ခဲ့တာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဘာစီလိုနာ အသင်းမှာ ပါဝင်ချင်ခဲ့ပါတယ်။ တစ်နေ့မှာ ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့လည်း အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် ဂန္တဝင် ရော်နယ်ဒင်ဟိုဟာ ၂၀၀၃ ခုနှစ်မှာ ပီအက်စ်ဂျီ ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါ ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ ၂၀၀၅ ခုနှစ်မှာ ဘယ်လွန်ဒေါဆု ရရှိခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ရာဖင်ညာဟာ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ ကမ်းလှမ်းမှုတွေ အရင်ဆုံး လက်ခံရရှိခဲ့ပေမယ့် ကတ်တာလန် ကလပ် ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီး ဆိုရင် ပေါင် သန်း ၆၀ နဲ့ ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်ပြီးမှ ရာဖင်ညာရဲ့ ဆုံးဖြတ်ချက်ကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။


ဆီဗီလာ ခံစစ် ကြယ်ပွင့်ကို ပစ်မှတ်ထားနေပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးတို့ နေသန် အေခီကို ခေါ်ယူဖို့ သဘောတူညီမှု ပျက်ပြယ်ခဲ့ပြီးနောက် လာလီဂါ ကလပ် ဆီဗီလာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို အဓိကထား ကြိုးပမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

နယ်သာလန် လက်ရွေးစင် နေသန် အေခီ အနေနဲ့ သူ့ရဲ့ ဘောလုံးသမားဘဝ စတင်ရာ ချဲလ်ဆီး အသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ အစောပိုင်းမှာ သဘောတူညီထားခဲ့ပေမယ့် မန်စီးတီး ဘက်က ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့ အသက် ၂၃ နှစ် အရွယ် ပြင်သစ် ခံစစ် ကြယ်ပွင့် ဂျူးလ်စ် ကွန်ဒေးကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးတို့ ဒီကနေ့ မနက်ပိုင်းက နာပိုလီ ခံစစ်မှူး ကာလီဒူ ကူလီဘာလီကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ က်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခရစ္စတန်ဆန်နဲ့ ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးခဲ့ရပြီးနောက် တူချယ် အနေနဲ့ ခံစစ်ပိုင်းကို ပြင်ဆင် ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ကူလီဘာလီနဲ့ တွဲဖက် ကစားဖို့ နောက်ထပ် အရည်အသွေးမြင့် နောက်ခံလူ တစ်ဦး ထပ်မံ ရှာဖွေနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတို့ ပီအက်စ်ဂျီ နောက်ခံလူ ပရက်စ်နဲလ် ကင်မ်ပမ်ဘီနဲ့လည်း သတင်းတွေ ထွက်နေပြီး ကွန်ဒေး ကတော့ နည်းပြ သောမက်စ် တူချယ် ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ ကစားသမား ဖြစ်လို့ ဦးစားပေး ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။


ရက်ပိုင်း အတွင်း ဘာစီလိုနာကို ရောက်ရှိတော့မယ် လီဝမ်ဒေါစကီး

ရောဘတ် လီဝမ်ဒေါစကီး အတွက် ဘာစီလိုနာရဲ့ နောက်ဆုံး အကြိမ် ကမ်းလှမ်းမှုကို ဘေယန်မြူးနစ် ဘက်က လက်ခံလိုက်ပြီးနောက် ပိုလန် တိုက်စစ်မှူး အနေနဲ့ အခု တစ်ပတ် အကုန်မှာ လာလီဂါ ကလပ်ဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။

လီဝီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘေယန်မြူးနစ် ဥက္ကဌ ဟားဘတ် ဟိုင်နာက “ကျွန်တော်တို့ ဘာစီလိုနာနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပါပြီ။ အခုလို ရှင်းလင်းသွားတာဟာ အားလုံး အတွက် ကောင်းပါတယ်။ ရောဘတ်ဟာ အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမား ဖြစ်ပြီး သူ့ကို ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ပါတယ်” လို့ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ တိုက်စစ်ပိုင်း အတွက် ဆာဒီယို မာနေးကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အသက် ၃၃ နှစ် အရွယ် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဝမ်ဒေါစကီးရဲ့ အသင်း ပြောင်းရွှေ့ခွင့်ရရေး ကြိုးပမ်းမှု ပုံစံ မျိုးစုံကို စိတ်ပျက်လာတာကြောင့် နောက်ဆုံး မှာတော့ လက်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ လီဝမ်ဒေါစကီးကို ပေါင် ၄၂ သန်းနဲ့ ခေါ်ယူခဲ့ရပြီး ၃ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာချုပ် သက်တမ်းကုန်ချိန်မှာ တစ်နှစ် သက်တမ်း တိုးခွင့် သဘောတူညီချက်လည်း ပါရှိတယ်လို့ သိရပါတယ်။

ဘာစီလိုနာ အသင်း အနေနဲ့ လက်တလော ဘဏ္ဍာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် ထိပ်တန်း ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနေခဲ့ပြီး ထပ်မံ ခေါ်ယူဖို့လည်း သတင်းတွေ ထွက်နေဆဲ ဖြစ်တယ်။ ဇာဗီရဲ့ အသင်းဟာ လက်ရှိ အပြောင်းအရွှေ့မှာ ဖရန့်ခ် ကတ်ဆေးနဲ့ ခရစ္စတန်ဆန်ကို အလွတ်နဲ့ ရထားပေမယ့် ရာဖင်ညာနဲ့ လီဝမ်ဒေါစကီး နှစ်ယောက်ပေါင်း အတွက် ကိုတော့ ပေါင် သန်း ၉၀ နီးပါး အသုံးပြုထားခဲ့ရပါတယ်။

ဘေယန်မြူးနစ် ကတော့ လီဝမ်ဒေါစကီး အတွက် ရရှိတဲ့ ပြောင်းရွှေ့ကြေးကို ဂျူဗင်တပ်စ် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်