ဩဂုတ်လ ၉ ရက်နေ့ရဲ့ နောက်ဆုံးရ လာလီဂါ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အရုပ်သစ် ရတဲ့ ကလေးငယ်လို ခံစားရတယ် ဆိုတဲ့ ရောဘတ် လီဝမ်ဒေါစကီး
စပိန် လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တိုက်စစ်မှူးသစ် ရောဘတ် လီဝမ်ဒေါစကီးက နူးကမ့်ပ်ကို ပြောင်းရွှေ့လာရတဲ့ အပေါ် သူ့ခံစားချက်ကို ဖွင့်ဟခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် ပိုလန်သားကြီးဟာ ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ရာသီကြို ဂျိုအမ်ဂမ်ပါဖလား ပွဲမှာ အသင်းအတွက် ပထမဆုံးဂိုးကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
“ ခံစားချက် အသစ်တွေကို ကျွန်တော် ရနေခဲ့ပါတယ်၊ အပြောင်းအလဲ လုပ်ဖို့ ကျွန်တော် လိုအပ်နေခဲ့ပြီး တခြား လိဂ်တစ်ခု၊ တခြား တိုင်းပြည်တခုကို ပြောင်းရွှေ့ဖို့ပါ၊ အရုပ် အသစ် ရတဲ့ ကလေး တစ်ယောက် လိုပဲ ကျနော် ခံစားနေရပါတယ်၊ ကျွန်တော့် မိတ်ဆက်ပွဲကို ပရိသတ် ငါးသောင်းကျော် တက်ရောက်ခဲ့ပြီး အဲလောက်အထိလည်း မမျှော်လင့်ထားခဲ့ပါဘူး” လို့ လီဝမ်ဒေါစကီးက ဆိုပါတယ်။
လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ်မှာ ကာလရှည်ကြာ ကစားခဲ့ပြီး အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာ ကတော့ လာမယ့် စနေနေ့မှာ လာလီဂါ အဖွင့်ပွဲ အဖြစ် ရေယို ဗယ်လက်ကာနိုနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
ဘာနေဗျူးမှာ နေရာရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးလိုက်တဲ့ အဆန်စီရို




အသက် ၂၆ နှစ် အရွယ် စပိန် တောင်ပံ ကစားသမား မာကို အဆန်စီရို ဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ စာချုပ်အသစ် အတွက် အသင်းဘက်က လိုလားဟန် မပြသသေးဘဲ ရှိနေပြီး ပုံမှန် ကစားခွင့် ရဖို့လည်း အခက်အခဲတွေ ရှိနေပေမယ့် အဆန်စီရို ကတော့ သူ့အတွက် ပုံမှန်နေရာ ရအောင် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းကလည်း လူစားဝင် ကစားသမား အဖြစ်နဲ့သာ အဆန်စီရိုက ပွဲအများစုကို ကစားပေးခဲ့ရပါတယ်။ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို တို့ကို ညာတောင်ပံမှာ နည်းပြ ကားလို အန်ဆယ်လော့တီက ပိုမို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကစားသမား နှစ်ဦး စလုံး ကလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အဆန်စီရို အတွက် နေရာ တစ်နေရာ ရဖို့က မလွယ်ကူ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဆန်စီရိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိနေပေမယ့် လက်ရှိ အချိန် ထိတော့ ဘာနေဗျူးမှာပဲ ဆက်ပြီး နေဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက အဆန်စီရိုဟာ ပြိုင်ပွဲစုံ ၃၁ ပွဲ သာ ကစားခဲ့ရပြီး အရန် ကစားသမား အဖြစ်နဲ့ ဝင်ကစားခဲ့ရတာက ပိုများခဲ့ပါတယ်။
လိုဆယ်ဆို အတွက် ဗီလာရီးရဲလ်နဲ့ စပါးတို့ ဆွေးနွေးနေ

လာလီဂါ ကလပ် ဗီလာရီးရဲလ်နဲ့ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တို့ဟာ အာဂျင်တီးနား ကွင်းလယ် တိုက်စစ် ကစားသမား ဂျီယိုဗန်နီ လိုဆယ်ဆို အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးရဲလ်ကို အငှားနဲ့ သွားကစားခဲ့ပြီး လိုဆယ်ဆိုက အားကိုးရနိုင်တဲ့ အနေအထားကို ပြသခဲ့တာကြောင့် စပိန် ကလပ်က အပြီးသတ် ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။
စပါး ကတော့ စျေးကြီးပေး ခေါ်ယူခဲ့ရတဲ့ အာဂျင်တီးနားသား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ အထိ အနည်းဆုံး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကွန်တီ လက်အောက်မှာ ပုံမှန်ကစားဖို့ အာမခံချက် မရှိတာကြောင့် ကစားသမား ကလည်း အသင်းပြောင်းရွှေ့ချင်နေပြီး ကလပ် အသင်း နှစ်ခု အကြား ဆွေးနွေးမှုတွေက တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွန်တီ အသုံးမလိုတော့တဲ့ ကွင်းလယ်လူ တန်ဂီ အန်မ်ဒွန်ဘီလီ ကိုလည်း ခေါ်ယူနိုင်ဖို့ အူနိုင်း အန်မေရီရဲ့ အသင်းက ကြိုးပမ်းနေပါသေးတယ်။
လိုဆယ်ဆိုဟာ စပါးမှာ ၃ ရာသီကြာ ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် စပါး ကလည်း အပြီးသတ် ရောင်းထုတ်ချင်နေပြီး အဓိကအားဖြင့် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေရတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.