နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၃/၈/၂၀၂၂)

ဩဂုတ်လ ၃ ရက်နေ့ရဲ့ နောက်ဆုံးရ လာလီဂါ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မြူးနစ်ကို ပြန်လာပြီး အသင်းဟောင်းက ဝန်ထမ်းတွေကို နှုတ်ဆက်ခဲ့တဲ့ လီဝမ်ဒေါစကီး

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ မြူးနစ်ကို ပြန်လည် ရောက်ရှိချိန်မှာ အသင်းဟောင်းက ဝန်ထမ်းတွေကို နောက်ဆုံး တစ်ကြိမ် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

လီဝမ်ဒေါစကီးဟာ အခုနှစ် နွေရာသီမှာ ဘာစီလိုနာ အသင်းထံ ယူရို သန်း ၅၀နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်းက အားကစား ဒါရိုက်တာ ဆာလီဟာမစ်ဇစ်နဲ့ တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဝီက အသင်းနဲ့ ပတ်သတ်လို့ မကောင်းတဲ့ ခံစားချက် မရှိသလို ဒီလို ဆုံးဖြတ်ချက်ဖို့လည်း ဝမ်းနည်းပြီး ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်မှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေ အတွက်လည်း အမြဲတမ်း ကျေးဇူးတင်တယ် ဆိုတာလည်း ထည့်သွင်း ပြောကြားခဲ့သေးပါတယ်။

ဘေယန်မြူးနစ် အသင်းရဲ့ ဝန်ထမ်းတွေ ကတော့ လီဝမ်ဒေါစကီး အတွက် ကြိုတင် ပြင်ဆင်ထားတဲ့ နှုတ်ဆက် လက်ဆောင်တွေကို ပေးခဲ့ပါတယ်။ နောက်ဆုံး မှာတော့ လီဝမ်ဒေါစကီးက ပရိသတ်တွေ ကိုလည်း ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘဲ အားပေးခဲ့သမျှ အတွက် ကျေးဇူးတင်ကြောင်း ထပ်မံ ပြောကြားသွားခဲ့ပါတယ်။


လိုက်ပ်ဇစ် နောက်ခံလူကို စိတ်ဝင်စားနေပြန်တဲ့ ဘာစီလိုနာ

လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူမှု အတောမသတ်နိုင် ဖြစ်နေတဲ့ ဘာစီလိုနာတို့ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အသင်းရဲ့ ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 6.00
ဂိုးပေါ် 3.75 @ 2.16
ဂိုးပေါင်း 0-1 @ 7.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာလီဂါ ထိပ်သီး တို့ဟာ အသက်အရွယ် ရလာတဲ့ ဂျော်ဒီအယ်လ်ဘာရဲ့ နေရာမှာ အစားထိုးဖို့ ရှာဖွေနေခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ အိန်ဂျယ်လီနိုကို ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ချဲလ်ဆီးက အလွန်ဆို၊ အက်ဇ်ပီလီကွယ်တာ တို့ကို ဦးစားပေး ပစ်မှတ်ထားနေပြီး အိန်ဂျယ်လီနို ကိုတော့ နောက်ထပ် ရွေးချယ်စရာ တစ်ခု အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် ကလည်း ဟော့ဖန်ဟိမ်းက ဒေးဗစ် ရာယမ်ကို ခေါ်ယူထားတာကြောင့် အိန်ဂျယ်လီနိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးသာ ဖြစ်ပါတယ်။ မန်စီးတီး နောက်ခံလူဟောင်းကို ခေါ်ယူဖို့ လက်တလော ဘာစီလိုနာ အပြင် အခြား ဥရောပ ထိပ်တန်း ကလပ် တော်တော်များများက စောင့်ကြည့်နေပြီး လိုက်ပ်ဇစ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို အငှားနဲ့ အရင် စေလွှတ်ပြီး သဘောကျရင် အပြီးသတ် ဝယ်ယူနိုင်မယ့် သဘောတူညီချက်မျိုးနဲ့ လက်လွှတ်ရရင်တောင် အဆင်ပြေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။


ဗလင်စီယာကို ပြောင်းရွှေ့ဖို့ အခက်တွေ့နေတဲ့ အာသာ

ဂျူဗင်တပ်စ် အသင်းရဲ့ ကွင်းလယ်လူ အာသာ မယ်လို ကတော့ အစောပိုင်းက ဘာစီလိုနာကို ပြန်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်တလော မှာတော့ ဗလင်စီယာ ကိုပဲ အငှားနဲ့ ပြောင်းရွှေ့ ကစားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဗလင်စီယာ ဘက်က အာသာရဲ့ တစ်နှစ် လုပ်ခ ယူရို ၂.၂ သန်းကို ပေးချေဖို့ အခက်အခဲ ရှိနေပြီး လောလောဆယ် ရနေတဲ့ လုပ်ခ လစာရဲ့ ၃ ပုံ ၁ ပုံ လောက် ကိုပဲ ပေးချေနိုင်ဖို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အာသာကို ခေါ်ယူချင်နေတဲ့ လာလီဂါ ကလပ်ရဲ့ အခက်အခဲက တကယ်တော့ ဒီတစ်ချက်တည်း မဟုတ်ပါဘူး။ ဂတ်တူဆိုရဲ့ အသင်းက မယ်လိုကို ခေါ်ယူဖို့ အတွက် ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင်ဆုံး ရောင်းထုတ်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

အကယ်၍ မယ်လိုသာ ဗလင်စီယာကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ ဂတ်တူဆိုရဲ့ အဓိက အဓိက, ကစားသမား ဖြစ်လာလိမ့်မယ် ဆိုပြီးလည်း သုံးသပ်နေကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်