နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၃/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်း အထိ ရရှိထားသမျှ လာလီဂါ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာလီဂါမှာ ပြန်ကစားဖို့ ရှိနေတဲ့ အန်ဒရီ ဂိုမက်စ်

ဘာစီလိုနာ ကွင်းလယ် လူဟောင်းနဲ့ လက်ရှိ အဲဗာတန် ကွင်းလယ်လူ အန်ဒရီ ဂိုမက်စ်ဟာ လာလီဂါ ကလပ် ဆီဗီလာကို ရောက်ရှိဖို့ အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ ဆီဗီလာ နည်းပြ လိုပက်တက်ဂွီက အန်ဒရီဂိုမက်စ်ကို သဘောကျပြီး အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် မှန်ကန်တဲ့ အင်အား ဖြည့်တင်းမှု တစ်ခု ဖြစ်လာလိမ့်မယ် လို့လည်း ယုံကြည်နေပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း အဲဗာတန် ကနေ ထွက်ခွာချင်တယ်လို့ အသင်းကို အသိပေးထားပြီး ဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ဘာစီလိုနာ ကနေ အဲဗာတန်ကို ပြောင်းရွှေ့ လာခဲ့ပြီးနောက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီး ပြန်လည် ကစားချိန်မှာတော့ ပုံမှန်ခြေစွမ်း ပြန်မရခဲ့တာကြောင့် ပွဲကစားခွင့်လည်း နည်းပါးခဲ့ရသူပါတယ်။

လက်ရှိ နည်းပြ လမ်းပတ် လက်ထက် မှာလည်း အဓိက ကစားသမား အဖြစ် အသုံးပြုမှု နည်းပါးနေခဲ့တာကြောင့် ပေါ်တူဂီ ကွင်းလယ်လူဟာ လာလီဂါမှာ ပြန်ကစားဖို့ စိတ်အား ထက်သန်နေပြီး ဆီဗီလာ ကလည်း ခေါ်ယူချင်နေတာကြောင့် မကြာခင် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။


ဘာစီလိုနာ ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးမယ့် လီဝမ်ဒေါစကီး

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တိုက်စစ်မှူးသစ် ရောဘတ် လီဝမ်ဒေါစကီးက အသင်း ပရိသတ်တွေကို အရင်ကလိုမျိုး ပြန်လည် ပျော်ရွှင်အောင်၊ အရင်ကထက် ပိုပြီးတော့ ပျော်ရွှင်အောင် လုပ်ပေးချင်တယ်လို့ ပြောဆို လိုက်ပါတယ်။
ဘာစီလိုနာ အသင်းကို ယူရို သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရောဘတ်လီဝမ်ဒေါစကီး

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ တိုက်စစ်မှူးသစ် ရောဘတ် လီဝမ်ဒေါစကီးက အသင်း ပရိသတ်တွေကို အရင်ကလိုမျိုး ပြန်လည် ပျော်ရွှင်အောင်၊ အရင်ကထက် ပိုပြီးတော့ ပျော်ရွှင်အောင် လုပ်ပေးချင်တယ်လို့ ပြောဆို လိုက်ပါတယ်။ လီဝမ်ဒေါစကီးဟာ ကတ်တာလန် ကလပ်ကို ရောက်ရှိလာတာ ရက်ပိုင်းသာ ရှိသေးပေမယ့် သူ့အနေနဲ့ အောင်မြင်မှုတွေ ရယူဖို့ ဘယ်လောက်အထိ စိတ်အားထက်သန်နေတယ် ဆိုတာ မကြာခဏ ထုတ်ဖော် ပြောဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာတို့ မနက်ဖြန်မှာ လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ အမေရိက အယ်ကလက်ဆီကို ခြေစမ်းပွဲ အဖြစ် ကစားဖို့ ရှိနေပြီး အဲ့ဒီပွဲ မတိုင်ခင်မှာ အင်တာဗျူးမှာ လီဝမ်ဒေါစကီးက အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ ဘာစီလိုနာက ပရိသတ်တွေကို ပျော်ရွှင်မှု အများကြီး ပေးချင်တယ်ဗျာ၊ သူတို့ကို အရင်ကထက် ပိုပြီးတော့ ပျော်စေချင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့က အသင်း ဘယ်လို အနေအထားမျိုး ဖြစ်နေနေ အားပေးနေကြလို့ပါ။ အသင်းကို အမြဲတမ်း အားပေးနေတဲ့ ပရိသတ်တွေ ရှိပါတယ်၊ ဒီရာသီမှာ ပရိသတ်တွေကို ပျော်နိုင်သမျှ ပျော်အောင် လုပ်ပေးဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဘွန်ဒက်လီဂါမှာ ဂိုးသွင်း ဘုရင် အဖြစ်နဲ့ ပြိုင်ဘက်ကင်း မင်းမူခဲ့တဲ့ လီဝမ်ဒေါစကီးဟာ လာလီဂါ မှာတော့ နာမည်ကျော် တိုက်စစ်မှူး တစ်ချို့နဲ့ အားပြိုင်ရတော့မှာလည်း ဖြစ်လို့ သူထင်ထားသလောက် လွယ်ကူနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်။


အက်ဇ်ပီလီကွယ်တာကို ဆက်သွယ်နေတဲ့ ဘာစီလိုနာကို ဒေါသထွက်နေတဲ့ တူချယ်

ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်းရဲ့ နည်းပြ တူချယ် ကတော့ သူ့အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွယ်တာကို ဘာစီလိုနာက ဆက်သွယ်မှုတွေ ပြုလုပ်နေလို့ ဒေါသထွက်နေပါတယ်။ အသင်းရဲ့ အဓိက ကစားသမား ဖြစ်ပြီး အားထားရတဲ့ နောက်ခံလူလည်း ဖြစ်တဲ့ စပိန်သား အက်ဇ်ပီလီကွယ်တာဟာ ချယ်လ်ဆီးနဲ့ ပြီးခဲ့တဲ့ လကမှ မူလက သဘောတူညီမှု အတိုင်း အလိုအလျောက် စာချုပ် သက်တမ်း တိုးထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စပိန် နောက်ခံလူက သူ့အနာဂတ်ကို ဆုံးဖြတ်ခွင့် ရရှိထားကာ တူချယ် ကတော့ အသင်းမှာ ဆက်ရှိနေစေချင်တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ် ကလည်း အသက် ၃၂ နှစ် အရွယ် နောက်ခံလူကို ခေါ်ယူနိုင်ဖို့ အားထည့် ကြိုးပမ်းနေပြီး လာမယ့် အပတ်ထဲမှာ အက်ဇ်ပီလီကွယ်တာကို ရောင်းမှာလား၊ မရောင်းဘူးလား ဆိုတဲ့ အဖြေကို လိုချင်နေတယ်လို့ သိရပါတယ်။

တူချယ်က “ ကျနော်တို့မှာ စပိန် လက်ရွေးစင် တစ်ယောက် ရှိတယ်၊ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်၊ သူ့ကို ကူလီဘာလီနဲ့ တူညီတဲ့ အဆင့်မှာ ကျနော် မြင်နေရပေမယ့် ဘာစီလိုနာ ကတော့ အဲဒီလို မဟုတ်ပါဘူး၊ အက်ဇ်ပီလီကွယ်တာက အရမ်းကောင်းတဲ့ ကစားသမားပါ” လို့ ပြောဆိုခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်ရှိနေစေချင်တဲ့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်