နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၂၀/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ လာလီဂါ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ငွေမရှိဘဲ ကစားသမားတွေ ရအောင် ခေါ်နိုင်တဲ့ ဘာဆာရဲ့ အစွမ်းကို အံအားသင့်နေတဲ့ နေဂဲလ်စ်မန်း

ဂျာမနီ ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ကစားသမားသစ် ခေါ်ယူနိုင်မှုတွေ အပေါ်မှာ အံ့အားသင့် နေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေး ပြသနာတွေ ရှိနေတဲ့ ဘာစီလိုနာက လိဒ်စ်ယူနိုက်တက်က ဘရာဇီးလ် တောင်ပံ ကစားသမား ရာဖင်ဟာနဲ့ ဘိုင်ယန်မြူးနစ်က ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီး တို့ကို ပေါင်သန်း ၁၀၀ အထိ အသုံးပြုကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 5.40
ဘရိုက်တန် အာရှ အကျောပေး +0.75 @ 2.19
ဂိုး‌အောက် 2.25 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့အပြင် ချယ်လ်ဆီး နောက်ခံလူ ခရစ္စတီယန်ဆန်နဲ့ အေစီမီလန် ကွင်းလယ်လူ ဖရန့်ကက်ဆီ တို့ကိုလည်း အလွတ်ခေါ်ယူနိုင်ခဲ့ပြီး ရာသီသစ် အတွက် အင်အား ဖြည့်တင်းမှုတွေကို အကောင်းဆုံး လုပ်ပြထားတဲ့ ကလပ်လည်း ဖြစ်ပါတယ်။ နောက်ထပ် ခေါ်ယူမယ့် ကစားသမားသစ်တွေ ရှိနေပြီး လောလောဆယ်တော့ နည်းပြ ဇာဗီ ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

နေဂဲလ်စ်မန်းက “ရောဘတ် လီဝမ်ဒေါစကီး တဦးတည်းတင် မဟုတ်ဘဲ သူတို့က ကစားသမားသစ်တွေ အများကြီးပဲ ခေါ်ယူထားတယ်။ ဘယ်လိုတွေများ ခေါ်လိုက်သလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော် မသိဘူး၊ ပိုက်ဆံ မရှိဘဲ လိုချင်တဲ့ ကစားသမားတွေကို ခေါ်နိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ကလပ်ပဲဗျ၊ တကယ်ကို ထူးဆန်းပြီးတော့ ရူးချင်စရာပဲဗျာ။” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။


ဗီလာရီးရဲလ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ ကာဗာနီ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး အက်ဒီဆင် ကာဗာနီဟာ လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ဖို့ အတွက် အနီးစပ်ဆုံး ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အသက် ၃၅ နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ ၂ ရာသီကြာ ကစားခဲ့ပြီးနောက် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ကာ အလွတ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီကို ဗီလာရီးရဲလ်က ဆက်သွယ်မှုတွေ ပြုလုပ်နေပြီး ကစားသမား ဘက်ကလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ဗီလာရီးရဲလ်က ကစားသမားကောင်းတွေကို ခေါ်ယူဖို့ ကြိုးစားနေရာမှာ ကာဗာနီက အဓိက ပစ်မှတ် တစ်ဦး အဖြစ်နဲ့ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ လာလီဂါ ကလပ် ဗီလာရီးရဲလ်ကို ပြောင်းရွှေ့ဖို့ အတွက် အနီးစပ်ဆုံး ဖြစ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား မှာ ဥရုဂွေး အသင်း အတွက် ကစားပေးချင်နေတဲ့ ကာဗာနီ

ထိပ်တန်း အဆင့်မှာ ကစားနိုင်စွမ်း ရှိနေသေးတဲ့ ကာဗာနီက ဥရောပမှာပဲ သူ့ရဲ့ ကစားသမား ဘ၀ကို ဆက်လက် ရှင်သန်ချင်နေပြီး ဗီလာရီးရဲလ်နဲ့ ညှိနှိုင်းမှုတွေက တော်တော်လေး ခရီးပေါက်နေတယ်လို့ သိရပါတယ်။ တချို့သတင်းတွေမှာ ဆိုရင် သဘောတူညီမှု ရသွားခဲ့ပြီလို့တောင် ဖော်ပြနေကြပါပြီ။ အဓိကအားဖြင့် လစာကိစ္စကို ညှိနှိုင်းနေရတာ ဖြစ်ပြီး မကြာခင်မှာ ကာဗာနီကို အဝါရောင် ရေငုပ်သင်္ဘောအသင်းရဲ့ အသင်းသားတစ်ဦး အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။


ရာသီကြို ခြေစမ်းပွဲကို ဂိုးပြတ် အနိုင်နဲ့ ဖွင့်လှစ် လိုက်တဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ သူတို့ရဲ့ အမေရိက ခြေစမ်း ခရီးစဉ်မှာ အင်တာမိုင်ယာမီ အသင်းကို ၆ ဂိုး ပြတ်နဲ့ အနိုင်ယူပြီး အဖွင့်လှသွားခဲ့ပါတယ်။ ကစားသမားသစ်တွေ အားလုံး ပါဝင်သွားခဲ့တဲ့ ဘာကာက တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက် လာခဲ့ပြီး မေဂျာလိဂ် ကလပ်ကို အဘက်ဘက်က အသာ ရခဲ့ပြီး ပထမပိုင်း မှာတင်ပဲ ၃ ဂိုးပြတ် သွင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နောက်ထပ် ၃ ဂိုး ထပ်မံ သွင်းယူခဲ့ပြီး ဇာဗီ အတွက် ကျေနပ်စရာ ခြေစွမ်းရော၊ ရလဒ်ပါ ဖြစ်ခဲ့ပါတယ်။ ဘာကာ အတွက် ဂိုးတွေကို အော်ဘာမီယန်း၊ ရာဖင်ညာ၊ အန်ဆု ဖာတီ၊ ဂါဗီယာ၊ ဒီပိုင်းနဲ့ ဒမ်ဘီလီ တို့က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရာဖင်ညာ ကတော့ အထူး ခြေစွမ်းပြသွားခဲ့ပြီး ပထမပိုင်းမှာ ရရှိခဲ့တဲ့ ဦးဆောင်ဂိုး ၃ ဂိုး စလုံးမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးပေးခဲ့သလို ဂိုးအားလုံးမှာ ပါဝင် ပတ်သက်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူငယ် ကစားသမားတွေကို ထည့်သွင်း အသုံးပြုပေမယ့်လည်း ဘာစီလိုနာပဲ ပွဲကို ဆက်လက် လွှမ်းမိုး နိုင်ခဲ့ပြီး လူငယ်တွေ ကလည်း အားထားရမယ့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ဘာဆာတို့ လာမယ့် ဇူလိုင် ၂၄ ရက် နေ့မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲ ဆက်ပြီး ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်