နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၉/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


သတင်းထွက်လိုက်တာနဲ့ကို အငြင်းခံနေရတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အငြင်းပယ်ခံရဆုံး ကစားသမားလို့ပဲ ဆိုရတော့မှာပါ။ ဒီတစ်ခါ သူ့ကို ငြင်းခဲ့သူတွေ ကတော့ သူနဲ့ ကျောင်းတော်က ရန်စ ရှိဖူးတဲ့ အက်တလက်တီကို မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေပဲ ဖြစ်ပါတယ်။

အဓိက, ကတော့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အက်တလက်တီကိုတို့ နာကျည်း ခါးသီးစွာ မုန်းတဲ့ လာလီဂါ မြို့ခံ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့သလို ဒါဘီ တွေ့ဆုံချိန်တိုင်း မှာလည်း ဂိုးတွေ အမုန်းသွင်းခဲ့သူ ဖြစ်နေလို့ပါပဲ။ အက်တလက်တီကို မက်ဒရစ်(၂၅ ဂိုး)ဟာ ဆီဗီလာ (၂၇ ဂိုး) ပြီးရင် ရော်နယ်ဒိုရဲ့ ဂိုးအများဆုံး သွင်းတာ ခံထားရတဲ့ လာလီဂါ ကလပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဂိုးသွင်းပြီးချိန်တိုင်း အက်တလက်တီကို ပရိသတ်တွေ မခံမရပ်နိုင် ဖြစ်အောင် ပုံစံမျိုးစုံနဲ့ အောင်ပွဲခံခဲ့တတ်သလို မကြာခဏ ဆိုသလို အပြန်အလှန် အချင်းများမှုတွေလည်း ရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

လာလီဂါ
ဂီတာဖေး
အက်တလက်တီကို
1X2 ဂီတာဖေး @ 3.55
အက်တလက်တီကို အာရှ အကျောပေး -0.75 @ 2.28
ဂိုး‌ပေါ်် 2.25 @ 2.26
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါကြောင့် အက်တလက်တီကိုတို့ ရော်နယ်ဒိုကို ခေါ်ယူမယ်လို့ သတင်းသဲ့သဲ့ ကြားရုံနဲ့ ပရိသတ်တွေက သူတို့ အသင်းရဲ့ ဂျာစီကို ရော်နယ်ဒို လုံး၀ ဝတ်ဆင်ခွင့် မရစေရဘူး လို့တောင် အသည်းအသန် ဆန့်ကျင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကို အသင်း ပရိသတ်တွေနဲ့ အဆင်မပြေတဲ့သလို အသင်းကို လေးစားမှု ကင်းမဲ့ခဲ့တဲ့ ကစားသမား တစ်ဦးကို သူတို့ရဲ့ ဂျာစီ ပေးမဝတ်နိုင်ဘူးလို့ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။


လီဝမ်ဒေါစကီး မိတ်ဆက်ပွဲကို ဘာစီလိုနာ ရွှေ့ဆိုင်းထား

ဘာစီလိုနာ အသင်းဟာ သူတို့ရဲ့ အသစ်စက်စက် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဆေးစစ်မှုတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ မိုင်ယာမီကို ရောက်ရှိနေတဲ့ လာလီဂါ ကလပ်နဲ့ သွားရောက် ပူးပေါင်းနေပြီ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပေးဖို့ အသင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး နောက်မှာ စပိန် စံတော်ချိန် ည ၇ နာရီ၊ နူးကမ့်ပ် ကွင်းမှာ လီဝမ်ဒေါစကီးကို ကစားသမားသစ် အဖြစ် ကြေညာဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိတ်ဆက်ပွဲက နှောင့်နှေးနေတယ်လို့ ဘာစီလိုနာ ဘက်က အတည်ပြုထားပြီး အကြောင်းရင်း တိတိကျကျ မသိရသေးဘဲ ပြန်လည် ပြုလုပ်မယ့် အချိန်ကို ကြေညာပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပိုလန် တိုက်စစ်မှူးဟာ မိုင်ယာမီကို ရောက်ရှိနေတဲ့ လာလီဂါ ကလပ်နဲ့ သွားရောက် ပူးပေါင်းနေပြီ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ကစားပေးဖို့ အသင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိ လီဝမ်ဒေါစကီးကို မိတ်မဆက်ရသေးတဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ

လီဝမ်ဒေါစကီးဟာ ဘာစီလိုနာနဲ့ အပေါ့စား လေ့ကျင့်ခန်းတွေကို ပြုလုပ် နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ကစားရမယ့် ခြေစမ်းပွဲ လူစာရင်းမှာတော့ သူ ပါဝင်ဖွယ် မရှိပါဘူး။ အသက် ၃၃ နှစ် အရွယ် ကစားသမားဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကနေ ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ကစားသမား ဘ၀ စွန့်စားခန်း အသစ် တစ်ခုကို စတင်ဖို့ စိတ်အား ထက်သန်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ဂတ်တူဆိုနဲ့မှ ခြေစွမ်းတွေ တက်လာတဲ့ ဗလင်စီယာ

ရာသီကြို ခြေစမ်းပွဲ အဖြစ် ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဒေါ့မွန်နဲ့ စပိန် လာလီဂါ ကလပ် ဗလင်စီယာတို့ ကစားခဲ့ရာ မှာတော့ ဗလင်စီယာက ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင် ရရှိသွားခဲ့ပါတယ်။ ဗလင်စီယာ အတွက် ခြေစွမ်းပြခဲ့တဲ့ သူကတော့ အားထားရတဲ့ ကစားသမား ဂီဒက်စ် ဖြစ်ပြီး အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကို ဂီဒက်စ်က သွင်းယူ ပေးခဲ့ပြီးနောက် ဒေါ့မွန် အတွက် မာကို ရိုက်စ်က ပင်နယ်တီ ကတဆင့် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နောက်ထပ် အနိုင်ဂိုးတွေကို ဗလင်စီယာတို့ သွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ ဂတ်တူဆို ကိုင်တွယ်နေတဲ့ ဗလင်စီယာဟာ ခြေစွမ်းပိုင်း တိုးတက်မှုတွေ ရှိလာခဲ့ပြီး လာမယ့် ရာသီ အတွက် အသင့် အနေအထား ဖြစ်နေပြီလို့တောင် ပြောလို့ ရပါတယ်။

ဒီပွဲဟာ ဗလင်စီယာ အတွက် ရာသီသစ် မတိုင်ခင် ပထမဦးဆုံး စတင် ကစားတဲ့ ခြေစမ်းပွဲ ဖြစ်ပေမယ့် ကျေနပ်ဖွယ် ရလဒ် တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဂတ်တူဆိုရဲ့ အသင်းဟာ နောက်ထပ် ခြေစမ်းပွဲ အဖြစ် စိန့်ဂယ်လန်၊ စတုဂတ်၊ နော့တင်ဟမ် ဖောရက်စ်၊ အတ္တလန္တာတို့နဲ့ ကစားသွားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်