နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၈/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်


ဘာစီလိုနာရဲ့ ပစ်မှတ် ခံစစ် ကြယ်ပွင့်ကို လက်ဦးမှု ရယူပြီး ခေါ်မယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးတို့ လာလီဂါ ကလပ် ဆီဗီလာ‌ရဲ့ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးကို လက်ဦးမှု ရယူပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြင်သစ် ခံစစ် ကြယ်ပွင့်ကို ချဲလ်ဆီး လိုပဲ ဘာစီလိုနာ ကလည်း စိတ်ဝင်စားနေခဲ့ပြီး ဒီတစ်ကြိမ် မှာလည်း ကွန်ဒေးကို အပြိုင်လုပြီး ခေါ်ရဦးမယ့် သဘော ရှိနေတာပါ။

ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ရာဖင်ညာ၊ ရောဘတ် လီဝမ်ဒေါစကီးနဲ့ ကူလီဘာလီ တို့ကို ခေါ်ယူရေး အတွက် ထိပ်တိုက်တွေ့ခဲ့ကြပြီး ချဲလ်ဆီးတို့ နာပိုလီ ခံစစ်မှူးကို ကူလီဘာလီကို ခေါ်ယူနိုင်ခဲ့သလို ဘာဆာ ကတော့ လိဒ်စ်က ရာဖင်ညာနဲ့ ဘေယန်မြူးနစ်က လီဝမ်ဒေါစကီးကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာတို့ ချဲလ်ဆီးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တဲ့ ခရစ္စတန်ဆန် ကို ခေါ်ယူထားခဲ့ပြီး အက်ဇ်ပီလီကွယ်တာနဲ့ မားကို့စ် အလွန်ဆို ကိုလည်း ထပ်မံ ချိန်ရွယ်နေသေးတာ ဖြစ်ပါတယ်။

ကွန်ဒေးကို ဘာစီလိုနာ နည်းပြ ဇာဗီ ကိုယ်တိုင် စည်းရုံးနေပေမယ့် ကစားသမား ကတော့ ချဲလ်ဆီး ကိုသာ ပြောင်းရွှေ့ဖို့ အလေးသာနေတယ်လို့ သိရပါတယ်။ နာမည်ကြီး AS သတင်းစာရဲ့ ဖော်ပြချက်အရ မြောက်လန်ဒန် ကလပ်ဟာ အဓိက ခံစစ်မှူးတွေ ဖြစ်တဲ့ ရူဒီဂါရော ခရစ္စတန်ဆန် ကိုပါ လက်လွှတ်ထားရလို့ ကူလီဘာလီ အပြင် နောက်ထပ် နောက်ခံလူ တစ်ဦး ထပ်ခေါ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးတို့ မန်စီးတီးက နေသန် အေခီကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသလို ပီအက်စ်ဂျီက ပရက်စ်နဲလ် ကင်မ်ပမ်ဘီ ကိုလည်း ရောင်းထုတ်လိုခြင်း မရှိတာကြောင့် ကွန်ဒေးကို ဦးစားပေး ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။


ဘာဆာ တိုက်စစ်ကို ဦးဆောင်ဖို့ အသင့်ပဲလို့ ကြုံးဝါးလိုက်တဲ့ လီဝမ်ဒေါစကီး

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းထံ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့တဲ့ ရောဘတ် လီဝမ်ဒေါစကီး ကတော့ ကတ်တာလန် ကလပ်ရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အတွက် အသင့် ရှိနေပြီလို့ ကြုံးဝါးလိုက်ပါတယ်။ ဘာဆာကို ပြောင်းရွှေ့ချင်လွန်းတာကြောင့် ဘေယန်မြူးနစ်ကို အသည်းအသန် အတိုက်အခံတွေ လုပ်ခဲ့ရတဲ့ ပိုလန်သား တိုက်စစ်မှူးဟာ အသင်းသစ်၊ နယ်မြေသစ်မှာ အောင်မြင်မှု အသစ်တွေ ရယူဖို့ ဆန္ဒပြင်းပြနေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျေလိဂ်
ကွန်စာဒိုးလ် စပ်ပိုရို
နဂိုရာ ဂရန်ပက်စ်
1X2 သရေ @ 3.05
ပထမပိုင်း ဂိုးအောက် 0.75 @ 2.07
ဂိုးပေါင်း 0-1 @ 2.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ ကျနော် မကြာခင် ၃၄ နှစ် ပြည့်တော့မယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ မှာပါ သန်မာနေတုန်းပဲလို့ ခံစားမိပါတယ်၊ ဘာဆာ ကလည်း ဒီလိုပဲ ကျွန်တော့် အပေါ် ရှုမြင်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒီအသင်းမှာ ပြသနာတွေ ရှိနေခဲ့တာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ဒီအသင်းဟာ ထူးခြားတဲ့ အလားအလာတွေ ရှိနေပါတယ်၊ ထိပ်တန်း အဆင့်ကို ပြန်ရောက်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ အသင်းနဲ့ အတူ ဆုဖလားတွေ ရယူဖို့ ကတော့ ကျွန်တော့် ရည်မှန်းချက်ပါ” လို့ လီဝမ်ဒေါစကီးက ဆိုပါတယ်။

လီဝမ်ဒေါစကီးဟာ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန် မှာတုန်းက တွဲဖက်ကစားဖူးတဲ့ အော်ဘာမီယန်းနဲ့ ဘာစီလိုနာမှာ ပြန်လည် ပေါင်းစည်းပြီး တိုက်စစ်ကို ဦးဆောင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ဘေယန် အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၃၇၅ ပွဲ ကစားပြီး ၃၄၄ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။


ဆိုစီဒက်ကို ယူရို ၆ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဂျပန် မက်ဆီ

ရီးရဲလ်မက်ဒရစ် လူငယ်ကစားသမား တာကာဖူဆာ ကူဘိုဟာ လာလီဂါ ပြိုင်ဘက် ရီးရဲလ်ဆိုဆီဒက် အသင်းကို ယူရို ၆ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ စပိန် ဂျာနယ်လစ် ဟိုဆေး လူးဝစ် ဆန်းချက်ဇ်က ဖော်ပြလာပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂျပန်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နှစ်တွေက အငှားထွက် ကစားခဲ့ရသူ ဖြစ်ပြီး ပုံမှန် ပွဲထွက်ခွင့် အတွက် ဘာနေဗျူးကို အပြီးတိုင် စွန့်ခွာချင်နေသူ ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်တို့ ကစားသမားကို တစ်ဝက် ပိုင်ဆိုင်နေဦးမယ့် သဘောတူညီမှုနဲ့သာ လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျပန် လက်ရွေးစင်ဟာ ၂၀၁၉ ခုနှစ်က ဂျေလိဂ် ကလပ် အက်ဖ်စီ တိုကျို ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပြီး မာယော့ကာ၊ ဂီတာဖေးနဲ့ ဗီလာရီးရဲလ် အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမား ဖြစ်ပါတယ်။

ဂျပန် မက်ဆီလို့ တင်စားခံရတဲ့ အထိ တောက်ပခဲ့တဲ့ ကူဘိုဟာ အသက်အရွယ် ငယ်သေးသလို အရည်အသွေး ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် အာရှသား ကူဘို အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ နေရာရဖို့ မလွယ်ကူတာကြောင့် အသင်းပြောင်းတာက အနာဂတ် အတွက် ပိုပြီး အာမခံချက် ရှိနိုင်လို့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ပဲ ဆိုရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်