နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ သတင်းများ (၁၇/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၇ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လာလီဂါ မှာပဲ ကစားချင်တယ် ဆိုပြီး ပြောလာတဲ့ မိုရာတာ

ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ကလပ် ဂျူဗင်တပ်စ်မှာ အငှားနဲ့ သွားကစားခဲ့ရတဲ့ စပိန် တိုက်စစ်မှူး အဲလ်ဗာရိုး မိုရာတာ ကတော့ လာလီဂါ မှာပဲ ကစားချင်တယ် ဆိုပြီး ပြောကြားလာခဲ့ပါတယ်။ လက်ရှိမှာ မိုရာတာ အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ၂ ရာသီ အငှားစာချုပ် သက်တမ်း ပြည့်သွားတာကြောင့် ပင်မ ကလပ် အက်တလက်တီကို မက်ဒရစ်ဆီကို ပြန်လည် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီ ကိုယ်တိုင်က မိုရာတာကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုထားပေမယ့် ကစားသမား ကိုယ်တိုင်က အီတလီကို ထပ်သွားဖို့ လုံးဝ ဆန္ဒမရှိတော့ဘူးလို့ သိရပါတယ်။ နှစ်ကြိမ်တိုင်တိုင် အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ မိုရာတာကို ဂျူဗင်တပ်စ် ဘက်က ယူရို ၃၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိပေမယ့် အငှားနဲ့သာ ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဗယ်လက်ကာနို
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.75 @ 1.98
1X2 ဘာစီလိုနာ @ 1.24
ဂိုးပေါ် 2.75 @ 1.74
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့အပြင် တူရင် အခြေစိုက် ကလပ် ဘက်က ဘယ်လို ပုံစံမျိုးနဲ့ မဆို ကြိုးပမ်းလာပါစေ မိုရာတာ ကတော့ လာလီဂါ မှာ ဆက်ရှိနေဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်လို့ စပိန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အသက် ၂၉ နှစ်အရွယ် စပိန် လက်ရွေးစင် တိုက်စစ်မှူးဟာ သူ့ရဲ့ ကလေးတွေကို မက်ဒရစ်မြို့က ကျောင်းမှာ အပ်နှံထားပြီး ဖြစ်သလို သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း နည်းပြ ဆီမြွန်နီ အထင်ကြီးလာစေဖို့ ကြိုးစားချင်တာကြောင့် ဂျူဗင်တပ်စ်ကို ပြတ်ပြတ်သာ ငြင်းနေတာ ဖြစ်ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ ရာသီက အိုးလေဒီ တို့ အတွက် ၄၈ ပွဲ ကစားပေးခဲ့ပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။


ကစားသမား ၅ ဦးကို အမြန်ဆုံး ရောင်းထုတ်ရမယ့် ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေကို လက်သွက် ခြေသွက် ခေါ်ယူထားပြီးနောက် မလိုတဲ့သူတွေကို အမြန်ဆုံး ရှင်းထုတ်ဖို့လည်း အသည်းအသန် ကြိုးပမ်းရဖို့ ရှိနေပါတယ်။ ခရစ္စတန်ဆန်၊ ဖရန့်ခ် ကက်ဆေး၊ ရောဘတ် လီဝမ်ဒေါစကီးနဲ့ ရာဖင်ညာ တို့ကို ခေါ်ယူ အပြီးမှာ နည်းပြ ဇာဗီ အနေနဲ့ နီတို၊ မာတင် ဘရေ့သ်ဝိတ်၊ ရီကတ်ဒ် ပုဂျ်၊ ဆမ်မြူရယ် အမ်တီတီနဲ့ အော်စကာ မင်ဂွဲဇာ တို့ကို အမြန်ဆုံး အသင်းပြောင်းရွှေ့စေချင်နေတယ်လို့ သိရတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာတို့ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေကို လက်သွက် ခြေသွက် ခေါ်ယူထားပြီးနောက် မလိုတဲ့သူတွေကို အမြန်ဆုံး ရှင်းထုတ်ဖို့လည်း အသည်းအသန် ကြိုးပမ်းရဖို့ ရှိနေပါတယ်။
ကစားသမားသစ်တွေကို မှတ်ပုံတင်ရေး အတွက် အခက်အခဲ ရှိနေတဲ့ ဘာစီလိုနာ

ဇာဗီ အနေနဲ့ အဲ့ဒီ ကစားသမား ၅ ဦးကို ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် လူစာရင်း ကနေ ချန်လှပ်ထားခဲ့ပြီး စပိန် ကွင်းလယ် ကြယ်ပွင့် ရီကတ် ပုဂျ် ပါဝင်နေတာ ကတော့ အနည်းငယ်တော့ အံ့အားသင့်စရာ ကောင်းနေခဲ့ပါတယ်။ နာမည်ကျော် လာမာဆီယာ အကယ်ဒမီထွက် ပုဂျ်ကို ဘာစီလိုနာ အသင်းမှာ ရေရှည် မြင်တွေ့ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဇာဗီရဲ့ စိတ်ကြိုက် ကစားသမား မဟုတ်တာကြောင့် မကြာခင် အချိန် အတွင်း အသင်းပြောင်းရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ အခုနှစ် နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို မှတ်ပုံတင် စာရင်းသွင်းဖို့ လုပ်ငန်းစဉ် အဆင့်ဆင့် လုပ်ဆောင်ရန် ကျန်ရှိနေသေးသလို တစ်ဖက် မှာလည်း ပိုလျှံ ကစားသမားတွေကို မဖြစ်မနေ ရောင်းထုတ်ဖို့လည်း စီစဉ်ရဦးမှာ ဖြစ်ပါတယ်။ အဓိက, ကတော့ ဘဏ္ဍာရေး ပြဿနာ ဖြစ်ပြီး ဒီအချက်ကပဲ ဘာစီလိုနာကို ကြီးကြီးမားမား ထိုးနှက်နေခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အခုလောလောဆယ်တော့ လာပေါ်တာ ဦးဆောင်တဲ့ ဘာဆာ တာဝန်ရှိသူတွေ အနေနဲ ကစားသမားတွေ အများကြီးကို တပြိုင်နက်ထဲ ဘယ်လို ပုံစံနဲ့ ရှင်းထုတ်မလဲ ဆိုတာ ခေါင်းစားရဦးမှာ ဖြစ်ပါတယ်။


ကော်မရှင်ကြေး ယူရို သန်း ၂၀ ရမယ့် လီဝမ်ဒေါစကီးရဲ့ အေးဂျင့် ဇဟာဗီ

ပိုလန် တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို လာလီဂါ ထိပ်သီး ဘာစီလိုနာဆီ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အေးဂျင့် ဇဟာဗီ အနေနဲ့ ကော်မရှင်ကြေး ယူရို သန်း ၂၀ ရရှိမယ်လို့ သိရပါတယ်။ လီဝမ်ဒေါစကီးဟာ ဘာဆာနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး ကတ်တာလန် ကလပ်နဲ့ အမြန်ဆုံး သဘောတူညီမှု ရရှိအောင် ဇဟာဗီက အဓိက ကြိုးပမ်းပေးခဲ့တာ ဖြစ်ပါတယ်။

ဘွန်ဒက်လီဂါ ချန်ပီယံတို့ သူတို့ရဲ့ အဓိက ဂိုးသွင်းစက်ကို စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေသည့် တိုင်အောင် ရောင်းမထုတ်ချင်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ အားလုံး အဆင်ပြေဖို့ အတွက် လက်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အပြင် အေးဂျင့်ခပါ ထပ်ပေါင်းရင်တော့ ယူရို သန်း ၇၀ အထိ ပေးချေရဖို့ ရှိနေတာ ဖြစ်ပါတယ်။ တကယ်တော့ အေးဂျင့်ခ ချည်းပဲ ကစားသမား တန်ဖိုးရဲ့ ထက်ဝက် နီးပါး ပေးချေလိုက်ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘာဆာတို့ လိုချင်တဲ့ ကစားသမားနဲ့ ပုဂ္ဂိလ်ရေး သဘောတူညီမှုတွေကို ထွေထွေထူးထူး ပြောစရာ မလိုအောင် ဇဟာဗီက လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ လီဝမ်ဒေါစကီး အနေနဲ့ ဘာစီလိုနာနဲ့ ဆေးစစ်မှု ခံယူနေပြီး မကြာခင် အချိန် အတွင်းမှာပဲ တရားဝင် မိတ်ဆက်ပွဲပါ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။
တစ်ဖက် မှာတော့ ဘဏ္ဍာရေး ပြဿနာ ရှိနေတဲ့ကြားက ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ လာလီဂါ ထိပ်သီးတို့ ကစားသမားသစ်တွေ မှတ်ပုံတင် စာရင်းသွင်းဖို့ အပြင် ပိုလျှံ ကစားသမားတွေ အမြန်ဆုံး ရောင်းထုတ်နိုင်ဖို့ ခေါင်းခဲနေရပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်