နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


ဘာဆာ ပြောင်းချင်တဲ့ ဆန္ဒ ပြည့်မြောက်သွားတဲ့ လီဝမ်ဒေါစကီး

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်တို့ ရောဘတ် လီဝမ်ဒေါစကီး အတွက် လာလီဂါ ထိပ်သီး ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး ဖြစ်ကြောင်း သိရပါတယ်။ ကစားသမားနဲ့ အစောပိုင်းမှာ ထဲက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့တာကြောင့် အပြောင်းအရွှေ့က ပြီးမြောက်သလောက် ရှိပြီး လီဝမ်ဒေါစကီး အနေနဲ့ ဆေးစစ်မှု ခံယူဖို့ ဒီကနေ့ စပိန်ကို ရောက်ရှိမယ်လို့ သိရပါတယ်။ 

ပြောင်းရွှေ့ကြေး အနေနဲ့တော့ ဘာစီလိုနာတို့ လီဝီ အတွက် ပေါင် ၄၂ သန်း (ယူရို သန်း ၅၀) ပေးချေရဖို့ ရှိနေပြီး ၃ နှစ်နဲ့ ၁၂ လ သက်တမ်း တိုးခွင့် ပါတဲ့ စာချုပ်ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။ ဘာဆာတို့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူပြီးနောက် တဆက်တည်းမှာပဲ လီဝမ်ဒေါစကီး ကိုပါ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစောပိုင်းမှာ ဘေယန်မြူးနစ် ဘက်က ငြင်းဆန်နေခဲ့ပေမယ့် ဘာစီလိုနာတို့ မနေ့က တိုက်ရိုက် ဆက်သွယ်ပြီး ယူရို သန်း ၅၀ အထိ တိုးမြှင့် ကမ်းလှမ်းခဲ့တာကြောင့် အခုလို အလျင်အမြန် လက်ခံခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘာစီလိုနာကို​ ပြောင်းရွှေ့ချင်တာကြောင့် ဘေယန်ရဲ့ လေ့ကျင့်ရေးကွင်းကို နေတိုင်း မိနစ် အနည်းငယ် နောက်ကျပြီးမှ ရောက်လာတတ်သလို ကွင်းထဲ မှာလည်း စိတ်မပါ လက်မပါဟန် ပြသပြီး ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်လို့ အသင်းဘက်ကို ပြန်ကမ်းလှမ်းလိုက်တဲ့ ဆာနေး

ဘေယန်မြူးနစ် တောင်ပံ ကစားသမား လီရွိုင်း ဆာနေး ကတော့ လာလီဂါ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခွင့် ရဖို့ အသင်းကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျာမန် လက်ရွေးစင် ကစားသမား အနေနဲ့ အေးဂျင့် ကနေ တဆင့် ရီးရဲလ်မက်ဒရစ် အသင်းကို ချဥ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က လက်တလော အသင်းမှာ ရှိတဲ့ ပိုလျှံ ကစားသမားတွေကိုသာ ရှင်းထုတ်ဖို့ အာရုံစိုက်ထားတာကြောင့် ဆာနေး အပါအဝင် ဘယ်ကစားသမားကိုမှ ထပ်ပြီး ခေါ်ယူသွားမှာ မဟုတ်ကြောင်း စပိန် နာမည်ကြီး သတင်းစာ မာကာက ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လူကာယိုဗစ်ကို ရှင်းထုတ်ခဲ့ပြီးနောက် တိုက်စစ်မှူး မာရီယာနိုနဲ့ ကွင်းလယ် တိုက်စစ် ကစားသမား အဆန်စီယို တို့ကိုပါ ရောင်းထုတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဆာနေးဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြထားနိုင်သလို ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးတဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ဘောလုံးရာသီ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ပိုင်းကို ဆာဒီယို မာနေး ရောက်ရှိလာတာကြောင့် ဆာနေး အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးမှာ စိုးရိမ်နေရပြီး အခုလိုပဲ အခွင့်အရေး ရှာဖွေလာခဲ့တာ ဖြစ်ပါတယ်။ 

 ဒီလိုမျိုး ချဥ်းကပ်တာ ကလည်း ဘောလုံးလောကရဲ့ သာမန် ဖြစ်ရိုး ဖြစ်စဥ် တစ်ခုသာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အနေနဲ့ ဆာနေးကို ခေါ်ယူဖို့ တစုံတရာ နီးစပ်တာမျိုး မရှိသေးဘူးလို့ မာကာက ဆက်လက် ဖော်ပြထားပါတယ်။

လာလီဂါ
ဗယ်လာဒိုလစ်
ဗီလာရီးယဲလ်
1X2 သရေ (Draw) @ 3.20
ဂိုးအောက် 2.25 @ 1.85
ဂိုးပေါင်း 0-1 @ 2.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာဆာ ကနေ မပြောင်းဘူးလို့ အသင်းဖော်တွေကို ပြောကြားထားတဲ့ ဒီယောင် 

နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ရဲ့ အပြောင်းအရွှေ့ ကတော့ တဖြည်းဖြည်းနဲ့ ဇာတ်မြောကြီး ဖြစ်လာခဲ့ပြီး အခြေအနေတွေလည်း ဆိုးရွားနေတာ တွေ့ရပါတယ်။ ဒီယောင်ကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်တို့ အသည်းအသန် အလိုရှိနေပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ၂ လတာ ကြာမြင့်နေပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ မအောင်မြင်သေးပါဘူး။ ဒါ့အပြင် အသင်း နှစ်သင်းနဲ့ ကစားသမား အကြား သုံးပွင့်ဆိုင် ညှိနှိုင်းရမယ့် ကိစ္စတွေ ကလည်း တစ်ခုပြီး တစ်ခု ပေါ်လာတာကြောင့် ဘာတွေ ဆက်ဖြစ်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဒီယောင် အနေနဲ့ ကတ်တာလန် ကလပ် မှာပဲ ဆက်ပြီး ကစားချင်ကြောင်း ဖွင့်ဟထားပေမယ့် ဘာစီလိုနာ ဘက်ကတော့ နယ်သာလန် ကွင်းလယ်လူ အတွက် လစာကြွေးကျန်တွေ ပေးချေရဖို့ ရှိနေတာကြောင့် အသင်းပြောင်းစေချင်နေတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ဒီယောင် အနေနဲ့ အသင်းမှာ ဆက်ပြီး ကစားမယ် ဆိုရင် လစာ လျှော့ယူဖို့ ပြောဆိုထားပြီး ကစားသမားဘက်က ဒီအခြေအနေကို လက်မခံနိုင် ဖြစ်နေတယ်လို့ သိရပါတယ်။ တဖက်မှာ ယူနိုက်တက် ကလည်း ဘာစီလိုနာ အလိုရှိတဲ့ ငွေကြေးပမာဏနဲ့ ဆက်တိုက် ဆိုသလို ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့တာပါ။ 

နောက်ဆုံး အခြေအနေအရ အသင်း နှစ်သင်း အကြား သဘောတူညီမှု ရရှိထားပေမယ့်လည်း ကစားသမား ကိုယ်တိုင်က ဘာဆာမှာ ဆက်နေဖို့သာ ပြောဆိုနေဆဲလို့ သိရပါတယ်။ ဘာဆာတို့ ဒီယောင်ကို အသင်း ကနေ မဖြစ်မနေ ထွက်ရမယ် ဆိုပြီး ရာဇသံပေးထားခဲ့ပေမယ့် နယ်သာလန် ကွင်းလယ် ကြယ်ပွင့် ကတော့ “ နူးကမ့်ပ် ကနေ သူ ထွက်ခွာဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဆိုပြီး အသင်းဖော်တွေကို အသိပေးထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်